Homeသတင်းသထုံမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားထံမှ စိတ်ကြွဆေးပြား ၂၀၀ ပြား ဖမ်းဆီးရမိ

သထုံမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားထံမှ စိတ်ကြွဆေးပြား ၂၀၀ ပြား ဖမ်းဆီးရမိ

-

ချမ်းမွန် (မော်လမြိုင်၊ ဩဂုတ် ၂၉)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ တိုးဂိတ်အနီးတွင် ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၂၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံခရိုင်မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် သုဓမ္မဝတီ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်များက မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းစဉ် ဘားအံ-သထုံဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ ဆန်းကိုကို(ခ) ကျောကော်လာ အား ရပ်တန့်စစ်ဆေးရာ ၎င်း၏ ဂျင်းအကျီ် အိပ်ကပ်အတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈) ပြားနှင့် အစိမ်းရောင် (၂) ပြား စုစုပေါင်း (၂၀၀) ပြား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား ၎င်းနှင့် ဆိုင်ကယ် အတူစီးနှင်းလာသည့် မော်ကို ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ကိုမှ သထုံလမ်းခုလတ်တွင် ဆင်းကျန်ခဲ့ပြီး အခင်းဖြစ်စဉ် ဖမ်းဆီးရမိခြင်း မရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချရန် လက်ဝယ်ထားရှိသည့် ဆန်းကိုကို(ခ) ကျောကော်လာနှင့် မော်ကို တို့ နှစ်ဦးအား သုဓမ္မဝတီ နယ်မြေရဲစခန်းမှ (ပ) ၁၁/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ဩဂုတ်လ(၂၈)ရက် ညပိုင်းက ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာရှိ မောင်းချမ်း၏ ရာဘာခြံစောင့်တဲတွင် လမိုင်းရဲစခန်းတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်ရှာဖွေရာ တဲအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေသူ လူငယ် ၈ ဦးနှင့်အတူ ဆေးပြား(၂၈၇) ပြား တွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ 

Photo-သထုံမြို့အဝင် ဆိုင်းဘုတ် (Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts