spot_img
Wednesday, February 11, 2026
More
    spot_img
    HomeCovid 19ဖမ်းဆီးမိသည့် တရားမဝင်ငါးဖမ်းသမားများအား မွန်ပြည်နယ်အစိုးရညွှန်ကြားချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟုဆို

    ဖမ်းဆီးမိသည့် တရားမဝင်ငါးဖမ်းသမားများအား မွန်ပြည်နယ်အစိုးရညွှန်ကြားချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟုဆို

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၃၁)

    မွန်ပြည်နယ် စစ်တောင်းမြစ်အတွင်း ပြီးခဲ့သည့်ငါးဖမ်းပိတ်သိမ်းချိန်ရာသီ၌ တရားမဝင်ငါးဖမ်းသမားများအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ယနေ့ ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ဖြေကြားခဲ့သည်။

    “ငါးလုပ်ငန်း ဥပဒေ စည်းကမ်းသတ်မှတ်ချက်နဲ့ ဆန့်ကျင်လျက် ငါးသယံဇာတ ဖြုန်းတီးမှုကိုပါ ဖြစ်စေသည့် ငါးဖမ်းလှေ နှစ်စီးနဲ့ ပတ်သက်ပြီး ပြန်လည် လွှတ်ပေးရခြင်း ကိစ္စနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းကော်မတီ၏ သက်သေ အထောက်အထားနဲ့ အတူ ဖမ်းဆီးရမိတဲ့ အတွက် ကျိုက်ထိုမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူရန် ဆုံးဖြတ်ချက် ခဲ့သော်လည်း ဆုံးဖြတ်ချက်ကို မွန်ပြည်နယ် အစိုးရကို တင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့က  တရားစွဲဆိုခြင်းကို ရပ်ဆိုင်းရန် ယခုကာလကို ပညာပေး ကာလ အဖြစ် သတ်မှတ်ရန် ညွှတ်ကြားခဲ့သည်” ဟု ဦးထွန်းဌေးက ပြောသည်။

    Covid 19 ကာလတွင် အခြေခံ လူတန်းစားများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ယင်းသို့ အရေးမယူဘဲ မွန်ပြည်နယ် အစိုးရ အဖွဲ့ဆုံးဖြတ်ချက်ဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ယနေ့ (သြဂုတ် ၃၁ ရက်) ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တရားမဝင် ငါးဖမ်းဆီးမှုကို ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ကျူးလွန်သူများကို အရေးမယူခြင်းနှင့် ဖမ်းဆီးရမိသည့် ငါးဖမ်းလှေကို ပြည်သူပိုင်အဖြစ် မသိမ်းဘဲ လွှတ်ပေးလိုက်ခြင်းအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်မှ ငါးဖမ်းလှေ ၂ စီး၊ လှေလုပ်သား ၈ ဦး၊ တရားမဝင် ငါးဖမ်းပိုက်နှင့် ငါးပိသာချိန် ၅၀၀ ကျော်ကို သိမ်းဆည်းရမိပြီး ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ လွဲပြောင်းခဲ့သည်။

    အဆိုပါ တရားမဝင် ငါးဖမ်းသမားများကို မွန်ပြည်နယ် ငါးလုပ်ငန်း ကော်မတီက အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး မွန်ပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြခဲ့ရာတွင် အစိုးရအဖွဲ့က လွှတ်ပေးရန် လမ်းညွှန်ခဲ့သည်။

    ဖမ်းဆီးရမိသည့် ၁ လက်မအောက် ငါးဖမ်းပိုက်များကို မီးရှို့ ဖျက်ဆီး၍ ငါးများကို လေလံတင်ရောင်းချကာ လူနှင့် လှေကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေ အရ ခွင့်ပြုချက်မဲ့ ငါးဖမ်းခြင်း ပုဒ်မ (၄၁)၊(၄၂)၊(၄၃)၊(၄၄) တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် (၆)လ နှင့် ငွေဒဏ် ငါးသောင်း ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည် ဖြစ်သည်။

    -ဝန်ကြီး ဦးထွန်းဌေး လွှတ်တော်တွင် မေးခွန်းဖြေကြားစဉ်(Photo-Mon State Parliament)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks