spot_img
Monday, February 2, 2026
More
    spot_img
    HomeCovid 19COVID-19 အထောက်အကူပြုပစွည်းများ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးမြှင့်တင်ရောင်းချပါက အရေးယူမည်

    COVID-19 အထောက်အကူပြုပစွည်းများ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးမြှင့်တင်ရောင်းချပါက အရေးယူမည်

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ဩဂုတ် ၂၅)

    မွန်ပြည်နယ်အတွင်း COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာအထောက်အကူပြုပစွည်းများ၊ဆေးဝါးများ နှင့် စားသုံးကုန်ပစ္စည်းများကို လက်လီလက်ကားဈေးအရောင်းဆိုင်များတွင် ဈေးနှုန်းမြင့်တင်ရောင်းချမှုများရှိလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန ထံမှသိရသည်။

    မော်လမြိုင်မြို့တွင်းရှိ ဆေးဝါးအရောင်းဆိုင် (၁၃) ဆိုင်ကို စားသုံးသူရေးရာဌာနမှ ဩဂုတ်လ ၂၃ ရက်က စစ်ဆေးခဲ့ပြီး ယခုရောင်းချနေသည့်ဈေးနှုန်းစာရင်းများ ကောက်ခံခဲ့ကြောင်း မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ဆိုသည်။

    ဦးခင်အောင်သွင်က “စားသုံးသူကမှန်မှန်ကန်ကန်တိုင်တာလား ဒါမှမဟုတ်လဲ စီးပွားရေးလုပ်ငန်းရှင်တွေကို နစ်နာစေလိုတဲ့ရည်ရွယ်ချက်ရှိလား အဲ့တာတွေကိုခွဲခြားနိုင်ဖို့အရေးကိုတော့ တိုင်တဲ့သူက သက်သေအထောက်အထား တိတိကျကျလေး ပူးတွဲပြီးတော့တိုင်ပေးရမှာ။ ဥပမာ ဝယ်ခဲ့တဲ့ဘောက်ချာ တောင်းရမယ် စားသုံးသူကတောင်းခွင့်ရှိတယ် မပေးဘူးဆိုရင်ဆိုင်ကိုတိတိကျကျ ကျနော်တို့ကိုပြောလို့ရပါတယ်” ဟု ပြောသည်။

    အကယ်၍ အထောက်အထားများဖြင့် တိုင်ကြားလာပါက ဈေးနှုန်းကစားခြင်း သို့မဟုတ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းတွေ့ရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိနှင့် ငွေဒဏ်လည်း ချမှတ်အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    COVID- 19 ကပ်ရောဂါ ကာလအစပိုင်းက မွန်ပြည်နယ်ဈေးကွက်ထဲတွင် Mask များပစ္စည်ပြတ်လပ်မှုရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ဈေးနှုန်းအဆမတန်မြှင့်တက်မှုများ ၊တိုင်ကြားမှုများကို မတွေ့ရှိရသေးကြောင်း ၎င်းထံမှသိရသည်။

    သို့ရာတွင် ဆိုင်အများစုတွင် Mask များကိုအနည်းငယ်ဈေးတင်ရောင်းချမှုသာရှိပြီး တစ်ခုကို ၅၀ ကျပ်မှ ၁၀၀ ကျပ်အကြားရောင်းချနေကြာင်း၊ COVID -19 ရောဂါနှင့်ပတ်သက်ပြီး ရောဂါကာကွယ်ရေး အထောက်အကူပြုပစွည်းများ၊ Mask များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ တဆင့် မွန်ပြည်နယ်က ပြန်လည်မှာယူရောင်းချနေကြောင်းတွေ့ရသည်။

    ပြီးခဲတဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့တွင် COVID- 19 ရောဂါပိုးပြည်တွင်းကူးစက်ခံရမှုရှိခဲ့သည့်အတွက် မြို့ကြီးအချို့မှာ Mask ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်း သိရသည်။

    ကျန်းမာရေဝန်ကြီးဌာနမှ ယနေ့ည ၈ နာရီခွဲ သတင်းထုတ်ပြန်ချက်အရ ယနေ့တွင် Covid-19 ဓါတ်ခွဲအတည်ပြုလူနာ အသစ် ၃၀ ဦး ရှိသဖြင့် မြန်မာနိုင်ငံတွင် ယခုအထိပိုးတွေ့လူနာစုစုပေါင်း ၅၀၄ ဦး၊ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၃၄၁ ဦး၊ သေဆုံးလူနာ ၆ ဦးသာရှိသေးကြောင်း သိရသည်။

    Photo- စားသုံးသူရေးရာဦးစီးဌာနက ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks