Thursday, March 19, 2026
More
    spot_img
    HomeCovid 19မှတ်ပုံတင်မရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း “ငွေဗိုက်” အစီအစဉ်ဖြင့်ထောက်ပံ့မည်

    မှတ်ပုံတင်မရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း “ငွေဗိုက်” အစီအစဉ်ဖြင့်ထောက်ပံ့မည်

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊သြဂုတ် ၁၉)

    ကိုဗစ် ၁၉ ရောဂါကာလတွင် မွန်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အစိုးရမှ ငွေဗိုက် Application အသုံးပြုပြီး  ငွေကျပ် ၃ သောင်းနှုန်းထောက်ပံ့သွားမည်ဖြစ်သည့်အတွက် မှတ်ပုံတင်မရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း လျှောက်ထားနိုင်ကြောင်း မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

    မွန်ပြည်နယ်လူမှုဝန်ဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်သန်းက “မွန်ပြည်နယ်က ကိုယ်ဝန်ဆောင်မိခင်တွေ အားလုံးရသင့်တဲ့သူတွေပေါ့။ မှတ်ပုံတင်မရှိလဲပေးပါတယ် တော်တော်များများက မှတ်ပုံတင်မပါတဲ့သူတွေ မှတ်ပုံတင်မရှိတဲ့သူတွေရှိတယ် ဒါကိုလည့်ဖြည့်ပေးပါတယ် မှတ်ပုံတင်မရလို့ ဖြည့်လို့ မရဘူးဆိုတာတွေမရှိစေရဘူး။ တစ်ချို့ကမှတ်ပုံတင်မရှိလို့ ရပါ့မလားနိုင်ငံသားမဟုတ်တဲ့အတွက် ရပါ့မလား ဒီလိုစိုးရိမ်စိတ်တွေတော့ မရှိကြပါနဲ့”ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင်မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးသို ထောက်ပံ့ကြေးရယူရန်အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀၀ ကျော်သာ လျှောက်ထားသေးကြောင်း ၎င်းထံမှသိရသည်။

     “ဆေးရုံမှာ ဗိုက်လာအပ်တဲ့အခါကျတော့ ဆရာမကပြောတယ် နိုင်ငံတော်ကနေထောက်ပံ့ကူညီပေးတယ်လို့ ကြားတယ် အဲ့တော့ဒီကိုလာရောက်ပြီးစာရင်းပေးရတာဖြစ်တယ် ကိုယ်ဝန်ဆောင်ကာလမှာ တစ်စိတ်တစ်ဒေသ ကူညီပေးတဲ့အတွက် အများကြီးဝမ်းသာပါတယ်”ဟု ကိုယ်ဝန်ဆောင်မိခင် ဒေါ်စန်းစန်းရီ မှဆိုသည်။

    ငွေဗိုက် ထောက်ပံ့ကြေးအစီစဉ်ကို သြဂုတ်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိလျှောက်ထား နိုင်ပြီး စက်တင်ဘာလကုန်တွင် ထောက်ပံ့ငွေ ၃ သောင်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

    ကိုယ်ဝန်ဆောင်မိခင်တွေအနေဖြင့် ဆေးရုံဆေးခန်းပြသသည့် အထောက်အထားနှင့်အချက်အလက်မှန်ကန်စွာ  ဖြည့်သွင်းရမှာဖြစ်ပြီး ထောက်ပံ့ငွေကို KBZ ဘဏ်၊ဧရာဝတီဘဏ်၊မြန်မာ့စီပွားရေးဘဏ်အကောင့်များရှိပါက   ဖြည့်သွင်းပေရမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်တိုင်ထောက်ပံ့ကြေးငွေ ၃ သောင်းကို ကိုယ်တိုင်လာရောက်ထုတ်ယူစရာ မလိုဘဲ ဘဏ်အကောင့်များမရှိပါက ဖုန်းနံပါတ်မှတစ်ဆင့် Wave Money ဖြင့် ငွေလွှဲပေးဖြစ်ကြောင်းသိရသည်။

     “ငွေဗိုက်” Application အသုံးပြု၍ နိုင်ငံတစ်ဝှမ်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်ဆောင် ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့်ဖြစ်စေ စက်တင်ဘာလ (၁၅)ရက်နေ့အထိ စာရင်းသွင်းနိုင်ပြီး ထောက်ပံ့ကြေးငွေ(၃၀,၀၀၀)ကျပ် တစ်ကြိမ် ထောက်ပံ့ခြင်းကို ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ Wave Money၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်တင်ဘာလ(၂၀) ရက်နေ့ နောက်ပိုင်းတွင် ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    Photo- ငွေဗိုက် Application လျှောက်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးစဉ် (DVB)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks