spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်အတွင်း မဲစာရင်းအမည်စာရင်းမပါဝင်သဖြင့် ပြန်လည်လျှောက်ထားသူ နှစ်သောင်းခွဲကျော်ရှိ

    မွန်ပြည်နယ်အတွင်း မဲစာရင်းအမည်စာရင်းမပါဝင်သဖြင့် ပြန်လည်လျှောက်ထားသူ နှစ်သောင်းခွဲကျော်ရှိ

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ သြဂုတ် ၁၉)

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်းတွင် နာမည်မပါရှိသဖြင့် ပုံစံ (၃) ဖြင့် ပြန်လည်လျှောက်ထားသူ နှစ်သောင်းခွဲကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

    အဆိုပါ မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအသီးသီးတွင် ကြေညာသင်ပုန်းကပ်ထားရာ မဲစာရင်းလာရောက်ကြည့်ရှုသူ ၂၇၂,၇၀၀ ဦးခန့်ရှိသဖြင့် ကိုယ်စားပြုမှုအနေဖြင့် ၈၀ ရာခိုင်နှုန်းအထိ ကြည့်ပြီးဖြစ်ကြောင်း မွန်ပြည်နယ်ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြောကြားသော်လည်း မည်ကဲ့သို့မှတ်တမ်းတင်ခဲ့သည်ကိုမူ မသိရပေ။

    မွန်ပြည်နယ်ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က “သြဂုတ် ၁၄ ရက်နေ့အထိကပ်ထားကြေညာတယ် ၈ ရက်နေ့ကနေစပြီး ပုံစံ(၃)တွေ(၄)တွေ ၄(ဂ)နဲ့ လျှောက်ထားသူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းတွေကို စိစစ်ပြီးတော့ ကွန်ပျူတာစာရင်းသွင်းခြင်းလုပ်ငန်းတွေကို ယနေ့ထိဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဆိုသည်။

    ထို့အပြင် ဖြည့်စွက်ဆောက်ရွက်ခြင်းလုပ်ငန်းများကို သြဂုတ်လ အကုန်တွင် အပြီးသက်ဆောင်ရွက်သွားမှဖြစ်ပြီး   ပြင်ဆင်ပြီးသည့်မဲစာရင်းတွေကို အောက်တိုဘာလတွင် ပြန်ကပ်ထား၍ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    သို့ရာတွင် မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်းတွင် လူဦးရေ (၆)သောင်းနီးပါးခန့် ဖယ်ရှားရန် လိုအပ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။

    “အဆိုပါ မဲပိုတွေနဲ့ မသမာမှု ပြုလုပ်လာပါက ရွေးကောက်ပွဲအတွက် ဒီမိုကရေစီစနစ်အတွက် ပျက်ယွင်းခြင်း ဖြစ်မည့်အပြင် တိုင်းပြည်နှင့်အနာဂါတ်လူထုအတွက် အလွန်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည်”ဟု ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုသည်။

    မွန်ပြည်နယ်မဲစာရင်းတွင် မှတ်ပုံတင်ကွက်လပ်ဖြစ်နေသူ (၃) သိန်းကျော်ကို လဝကမှ စစ်ဆေးကြည့်ရာတွင် အသက်မပြည့်သူ၊ သေဆုံးသူ၊ အခြားဒေသကို ပြောင်းရွှေ့သွားသူ၊ ရဟန်းဝတ်သူနှင့် ထောင်ကျသူတွေအပါအဝင် လူဦးရေ (၆) သောင်းနီးပါးခန့် တွေ့ရှိခဲ့ခြင်းကြောင့် မဲပေးရာတွင် ပါဝင်ခွင့်မရှိသူများကို ဖယ်ရှားရန်လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။

    ထို့ပြင် ကိုယ်ရေးအချက်အလက်မှားယွင်းနေသဖြင့် ပုံစံ ၄(ဂ) ဖြင့်လျှောက်ထားသူ ၁၁၆၂၀ ဦး၊ပုံစံ (၄)ဖြင့် ကန့်ကွက်သူ ၇၅၈၀ ကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

    ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲဆန္ဒရှင် ဦးရေ ၁၇ သိန်း ၆ သောင်းကျော်ရှိသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး စတင်မဲပေးမည့် လူငယ် ၁ သိန်းခွဲကျော်ပါဝင်လာပြီး မသန်စွမ်း မဲဆန္ဒရှင် ၄ ထောင်ခန်ရှိကြောင်း သိရသည်။

    သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့်မဲစာရင်းများ အမှားအယွင်း အလွန်များနေသည့်အတွက် ပြည်သူလူထုအတွင်း ဝေဖန်မှုများနှင့် သံသယများ ဖြစ်ပေါ်နေသည့်အတွက် မဲစာရင်းများ အချိန်မီပြင်ဆင်ရေးအတွက် သက်ဆိုရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို အစိုးရအဖွဲ့ ညွှန်ကြားထားသည်ဟု သိရသည်။

    Photo- မဲစာရင်း လာရောက်ကြည့်ရှုစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks