spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ် ကိုယ်စားလှယ်လောင်း ၃၀၃ ဦး ကန့်ကွက်မှုမရှိ၊ UEC သို့ အတည်ပြုချက် ဆက်လက်ရယူထား

    မွန်ပြည်နယ် ကိုယ်စားလှယ်လောင်း ၃၀၃ ဦး ကန့်ကွက်မှုမရှိ၊ UEC သို့ အတည်ပြုချက် ဆက်လက်ရယူထား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဩဂုတ် ၁၈)

    မွန်ပြည်နယ် မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၃၀၃ ဦးတို့ကို စိစစ်ရာမှာ ကန့်ကွက်မှုမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ UEC သို့ အတည်ပြုချက် ဆက်လက်ရယူထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

    “စုစုပေါင်း ၃၀၃ ဦး စိစစ်ဆောင်ရွက်တဲ့ ကာလတွေမှာ ကျွန်တော်တို့က ကန့်ကွက်မှုတွေ မရှိပါဘူး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတည်ပြုချက်နဲ့ ရယူပြီးတော့ အတည်ပြုချက်ရပြီဆိုရင်တော့ ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်ပါမယ်” ဟု ၎င်းကဆိုသည်။

    ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို ဇူလိုင်လ ၂၀ ရက်ကနေ ဩဂုတ်လ ၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး စိစစ်မှုကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။

    “စိစစ်တာကို ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ပြည်နယ်မှာ က တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းစာရင်းကို စိစစ်တာ ဖြစ်ပါတယ် ခရိုင်နှစ်ခုမှာ ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော် ပြည်နယ် လွှတ်တော် စိစစ်တာ ဖြစ်ပါတယ် တင်သွင်းသူ အားလုံးက ၃၀၆ ဦး ဖြစ်ပါတယ် ရုတ်သိမ်းတာက ၃ ဦး ၃၀၃ ဦးကို စိစစ်တာ ဖြစ်ပါတယ်” ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

    မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၅ ဦး၊ အမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ၇၈ ဦး ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၇ ဦးနှင့် ကရင်၊ဗမာ၊ပအိုဝ့် တိုင်ရင်းသားလူမျိုး မဲဆန္ဒနယ် တွင် ၂၃ ဦး က  အမည်စာရင်းတင်သွင်းထားခြင်း ဖြစ်သည်။

    ထို့အတူ မွန်ညီညွတ်ရေးပါတီမှ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၉ ဦးလည်း တိုင်းနှင့်ပြည်နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၌ ကန့်ကွက်မှုမရှိဘဲ အောင်မြင်ခဲ့ကြောင်း တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သင်။

    “ ကျနော်တို့ ကိုယ်စားလှယ်လောင်း ၆၇ ဦးစလုံး Pass ဖြစ်တယ်၊ ပြည်ထောင်စုကော်မရှင် ကြေညာချက်ကို စောင့်နေတယ်” ဟု နိုင်လယိတမက ဆိုသည်။

    မွန်ပြည်နယ် မဲဆန္ဒနယ်မြေ ၄၅ နေရာ၌ မွန်ညီညွတ်ရေးပါတီ (MUP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီ (တစည)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ပြည်သူ့ပါတီ(PP) ၊  ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ (UNDP)၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ၊ ပြည်သူ့ အကျိုးပြုကျောင်းသားများ ပါတီ၊ ဗမာပြည်သူ့ပါတီ (BPP) ၊ အမျိုးသားတိုးတက်ရေးပါတီ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်းကျော်ရှိပြီး မဲစာရင်း ကပ်ထားကြေငြာရာတွင် မဲစာရင်း လျှောက်ထားသူ ၂ သောင်းကျော် ၊ ကန့်ကွက်သူ ၇ ထောင် ၅ ရာကျော်နှင့် ပြင်ဆင်ဖြည့်စွက်မှု ၁ သောင်းကျော် ရှိသည်ဟု ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ဆိုသည်။

    Photo- ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲ စံ ၅ ချက် (UEC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks