spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်တွင် ICE နှင့် WY မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၄ သောင်းနီးပါးတန်ဖိုး လက်ရဖမ်းဆီးမိ

    သထုံမြို့နယ်တွင် ICE နှင့် WY မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၄ သောင်းနီးပါးတန်ဖိုး လက်ရဖမ်းဆီးမိ

    -

    နေမင်း (သြဂုတ် ၁၃)

    မွန်ပြည်နယ် သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စုရှိ စားသောက်ဆိုင်ဝင်းတစ်ခုအတွင်းသို့ မော်တော်ကားဖြင့် ရောက်ရှိလာသော စိုင်းကျော်နိုင်(ခ) ကျော်ကျော်ထံမှ ICE နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါးများ စုစုပေါင်းတန်ဘိုးငွေကျပ်သိန်းပေါင်း ၄ သောင်းခန့်ကို ယနေ့(သြဂုတ် ၁၃) ည ၈ နာရီခွဲခန့်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က လက်ရဖမ်းဆီးခဲ့ကြောင်း သိရသည်။

    မူးယစ်ဆေးဝါး ကြိုတင်သတင်းအရ ပူးပေါင်းအဖွဲ့ စောင့်ဆိုင်းနေစဉ် မော်တော်ယာဉ်အမှတ် BGO 1L-3693 Honda Fit အမျိုးအစားဖြင့် TWO Lake ဆိုင်ဝင်းအတွင်းသို့ ရောက်ရှိလာသူ စိုင်းကျော်နိုင်(ခ) ကျော်ကျော် (အသက် (၂၉) နှစ်(ဘ) ဦးအိုက်ဆန်း ရှမ်းပြည်နယ် လားရှိုးမြို့) ထံမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်ရဖမ်းဆီးရမိခြင်း ဖြစ်သည်။

    အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ခရီးဆောင်အိတ် ၃ လုံးဖြင့် ထည့်ယူသယ်ဆောင်လာသည့် ICE တစ်ကီလိုဂရမ်အထုပ်(၂၂) ထုပ် အလေးချိန် (၂၂) ကီလိုဂရမ် တန်ဘိုးငွေကျပ် (၁၁၀၀၀) သိန့်ခန့်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး (၅၆၅၅၀၀) ပြား တန်ဘိုးငွေကျပ် (၂၈၂၇၅) သိန်းခန့် စုစုပေါင်းတန်ဘိုးငွေသိန်း (၃၉၂၇၅) တို့ကို သက်သေနှင့်တကွဖမ်းဆီးရမိခဲ့ပြီး သုဓမ္မဝတီမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သထုံမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

    အလားတူ သြဂုတ်လ ၁၀ ရက် ညပိုင်းတွင်လည်း ကျိုက်ထိုမြို့နယ်တွင် ငွေကျပ်သိန်း ၆၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရခဲ့သည်။

    ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ် ရှောင်လမ်းဘေးရှိ ရာဘာခြံအနီးတွင် မော်တော်ယာဉ် ၂ စီးနှင့်အတူတွေ့ရှိသူ ပင်လောင်းမြို့နယ်မှ ဒေါ်မဖြူ ၅၀ နှစ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ စိုးမြင့် ၅၄ နှစ်တို့အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ကြက်သွန်အိတ်များအတွင်း ရောနှောသိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၉၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၄၅၀၀ ) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

    ထိုနောက် ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ် ဆေးပြားများအားသယ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၉ ရပ်ကွက်နေ ဇေယျာထွန်း ၄၃ နှစ်အား လည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်နေ ရဲထွဋ်ဦး(ခ)ဝမ်ချူး(ခ)ဂျွန်ဝိုင်း ၂၈ နှစ်အားလည်းကောင်း ပြီးခဲ့သည့် သြဂုတ် ၁၁ ရက် ညပိုင်းအချိန် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် သိမ်ဇရပ်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC Myanmar မှ သတင်းရရှိသည်။

    Photo-  စိုင်းကျော်နိုင်(ခ) ကျော်ကျော်နှင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks