spot_img
Monday, February 2, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း ၅၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

    ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း ၅၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

    -

    မွန်သတင်းအေဂျင်စီ(ဇူလိုင် ၂၅)

    ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း ၅၈ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဗဟိုကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ အတည်ပြုထားသော စာရင်းအရ သိရသည်။

    သို့ရာတွင် ယနေ့ကျင်းပသည့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်ချပြီးမှသာ အတည်ဖြစ်မည်ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း သထုံနှင့် ဘီးလင်း ၂ မြို့နယ်မှလွဲ၍ ကျန် ၈ မြို့နယ်၌ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၈ နေရာနှင့် ပြည်နယ်လွှတ်တော် ၁၆ နေရာတို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၄ ဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

    ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ ဘားအံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၄ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၅ နေရာအတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၁ ဦးပါဝင်ယှဉ်ပြိုင်သွားမည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်နှင့် ရေဖြူမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၃ နေရာအတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၆ ဦး ပါဝင်သည်။

    ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံ၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ ရွှေပြည်သာနှင့် ထန်းတစ်ပင်မြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၆ နေရာတို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    အဆိုပါ မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း ၅၈ ဦးကို ယနေ့ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပြီးပါက နာမည်စာရင်းနှင့်တကွ MUP က သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


    Photo- ကိုယ်စားလှယ်လောင်းအတည်ပြုသည့် MUP-EC အစည်းအဝေး ကျင်းပစဉ် (မိသုမန်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks