Tuesday, March 10, 2026
More
    spot_img
    HomeCovid 19Covid 19 ရောဂါပိုး ပြန်လည်မတွေ့ရှိသည့် လူနာ ၅ ဦးကို ဆေးရုံဆင်းခွင့်ပြုတော့မည်

    Covid 19 ရောဂါပိုး ပြန်လည်မတွေ့ရှိသည့် လူနာ ၅ ဦးကို ဆေးရုံဆင်းခွင့်ပြုတော့မည်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၈)

    မွန်ပြည်နယ်ရှိ Covid 19 လူနာ ၅ ဦးတွင် ရောဂါပိုး ပြန်လည်မတွေ့ရှိတော့သဖြင့် ဆေးရုံဆင်းခွင့် ပြုတော့မည် ဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။

    “သူတို့ ၅ ယောက်စလုံး အခြေအနေ ကောင်းပါတယ်၊ သူတို့က နှစ်ခါ ဆက်တိုက် Negative ထွက်ပြီးပြီ ဆေးရုံဆင်းဖို့က ပထမ ၄ ယောက်ကို ၉ ရက်နေ့ ပေးဆင်းပါမယ် ဆင်းပြီးရင်တော့ ကျွန်တော်တို့ CBFQ ထားမယ် ပြီးရင် Home Quarantine ၇ ရက်ထားမယ် ဆက်ထားမယ်ပေါ့နော် ဆေးရုံရဲ့ ကုသမှုတော့ ပြီးသွားပြီ နောက် အမျိုးသမီး တစ်ယောက်ကတော့ ၁၀ ရက်နေ့ ပေးဆင်းပါမယ်” ဟု ၎င်းကဆိုသည်။

    အဆိုပါ လူနာ ၅ ဦးစလုံးကို ဇူလိုင်လ ၂ ရက်နေ့ တတိယအကြိမ် စစ်ဆေးမှုများ အရ ရောဂါပိုး မတွေ့ရှိကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က “ဆေးရုံတင်ပြီး ၁၄ ရက်ပြည့်မှာ Negative ဖြစ်ရင် ဆင်းပေးလို့တော့ရတယ် ဒါပေမယ့် CBFQ ထဲပြန်နေရမယ် အိမ်တော့ ပြန်လို့မရဘူး  CBFQ ထဲ ၂၁ ရက်ပြည့်အောင်နေရမယ် နေပြီးရင် သက်ဆိုင်ရာအိမ်မှာ Home Quarantine ၁ ပတ် ထပ်နေရမယ်” ဟု ဆိုသည်။

    ယင်း လူနာ ၅ ဦးတွင် ထိုင်းနိုင်ငံမှ ၃ ဦးနှင့် မလေးရှားနိုင်ငံမှ ပြန်ရောက်လာသူ ၂ ဦးဖြစ်ပြီး ရေး ၊သံဖြူဇရပ် ၊ချောင်းဆုံ၊ သထုံနှင့် ပေါင်မြို့နယ်မှ ဖြစ်ကြသည်။ 

    Covid-19 ကာလအတွင်း မွန်ပြည်နယ်တွင် ရောဂါပိုးစတင်တွေ့ရှိခဲ့သူ လူနာ Case 19 အပြင် ယခု Case 273, 274,275, 276, 287  စုစုပေါင်း ၆ ဦးရှိခဲ့သော်လည်း ရောဂါလက္ခဏာမပြသလို နောက်ပိုင်းပြန်လည်စမ်းသပ်သည့်အခါ ရောဂါပိုးပြန်လည်မတွေ့ရှိတော့ကြောင်း သတင်းရရှိသည်။

    Photo- Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာ ၅ ဦးအား မော်လမြိုင်ဆေးရုံသို့ လွှဲပြောင်းခဲ့စဉ်(Bo Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks