spot_img
Saturday, February 14, 2026
More
    spot_img
    Homeဆောင်းပါးရေနံလုပ်ငန်း၏အနာဂတ်၊ ရေနံဈေးထိုးကျမှုသည် လာမည့်ပျက်ကိန်းကြီး၏ အရိပ်နိမိတ်

    ရေနံလုပ်ငန်း၏အနာဂတ်၊ ရေနံဈေးထိုးကျမှုသည် လာမည့်ပျက်ကိန်းကြီး၏ အရိပ်နိမိတ်

    -

    မင်းစိုက်ချမ်း (ခေတ္တ-ထိုင်ဝမ်)

                ရေနံဆိုသည်မှာ ကမ္ဘာ့စီးပွားရေး၏သွေးကြောများအတွင်း တသွင်သွင်စီးဆင်းနေသောသွေးအဖြစ် ပြောစမှတ်ပြုကြသည်။ ၂၀၂၀ စီးပွားရေးသည် အနီရောင်သွေးစက်များ ယိုထွက်နေပြီ။ Covid-19 က အလုပ်သမားများကို အိမ်တွင်းထည့်သိပ်ထားပြီး လေယာဉ်ပျံများကို မြေပြင်ပေါ်အနားပေးထားခြင်းကြောင့် ရေနံဝယ်လိုအားလည်း သမိုင်းမှာမကြုံစဖူး ထူးကဲသည့်နှုန်းထားအမှတ်သို့ အရှိန်အဟုန်ဖြင့် ထိုးကျသွားခဲ့သည်။

    မတ်လအစောပိုင်းတွင် ဆော်ဒီအာရေဗျနှင့်ရုရှားအကြား သဲသဲမဲမဲထိုးသတ်ပွဲက ဈေးနှုန်းစစ်ပွဲ Price War ကို အစပျိုးလိုက်သည်။ ပြီးခဲ့သည့်မတ်လက ရေနံဈေးနှုန်း ထက်ဝက်ကျော်ကျဆင်းခဲ့သဖြင့် ဧရာမရေနံလုပ်ငန်းကြီးကို ဒယီးဒယိုင်ဖြစ်သွားစေသည်။

    ဧပြီလ ၁၂ ရက်နေ့တွင် ကမ္ဘာ့စွမ်းအင်စူပါပါဝါများ ညှိနှိုင်းတိုင်ပင်ပြီး ဈေးနှုန်းများဒေါက်ကန်ရန် သဘောတူညီမှုအသစ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ OPEC နှင့် ရုရှားအပါအဝင် ၎င်း၏မိတ်သဟာယများက မေလမှဇွန်လကုန်အထိ တစ်နေ့လျှင် စည်ပေါင်း ၉.၇ သန်းခန့် စံချိန်တင်လျှော့ချမည်ဟု သဘောတူထားပြီး နှစ်နှစ်အတွက်ထုတ်လုပ်မှုကို ကန့်သတ်ထားသည်။

    ၂၀ ရာစုတွင် အမေရိကန်အစိုးရ Uncle Sam သည် OPEC ကို လှိုက်စားတိုက်စားပြုခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် အမေရိကသည် ဆော်ဒီအာရေဗျနှင့်ရုရှားတို့ထက် အကြီးမားဆုံးရေနံထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

    သမ္မတဒေါနယ်ထရမ့် (Donald Trump) ၏ နောက်သက်တမ်း ပြန်လည်ရွေးကောက်တင်မြှောက်ခံခြင်း မခံခြင်းသည် တက္ကဆက်၊ ပင်ဆီလ်ပန်နီယာနှင့် အိုဟိုင်းယို ရေနံလုပ်ငန်းပြည်နယ်များအပေါ် မူတည်နေသည်။ သူက ရေနံလုပ်ငန်းစာချုပ်အတွက် တိုက်တွန်းပြောဆိုခဲ့ပြီး ရေနံလုပ်ငန်းသည် မျှော်မှန်းထားသည်ထက် “ပိုမိုမြန်ဆန်စွာ” ပြန်လည်ကောင်းမွန်လာမည် ဟုပြောကြားခဲ့သည်။

                အမှန်တကယ်တွင် စွမ်းအင်တင်ပို့မှုအပေါ် မှီခိုနေရသည့် ပုဂ္ဂလိကရေနံကုမ္ပဏီများ၊ နိုင်ငံပိုင်ကုမ္ပဏီများနှင့် တိုင်းနိုင်ငံများသည် နာတာရှည်ဝေဒနာကို တောင့်ထားသင့်သည်။ ဤအကျပ်အတည်းကို အသုံးချပြီး ပြန်လည်တည်ဆောက်ရေးကို စတင်သင့်သည်။ ထိုပြန်လည်တည်ဆောက်ရေးသည် ရာသီဥတုအပြောင်းအလဲကို ကမ္ဘာဂြိုဟ်မှ ကိုင်တွယ်ဖြေရှင်းရန် မကြာမီလိုအပ်လာပါတော့မည်။

                ယခုသတ္တပတ်၏ ခမ်းခမ်းနားနားဈေးညှိထားပုံက အလုပ်သိပ်မဖြစ်။ ကနဦးအဖို့ စုစုပေါင်းရလဒ် မထွက်ခဲ့။ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားသည် ပြီးခဲ့သည့် ဧပြီလအတွင်း တစ်နေ့လျှင် ၂၉ မီလျံစည် ကျဆင်းပြီး OPEC ကတိပြုခဲ့သည့်သဘောတူညီချက်အရ ဖြတ်တောက်မှုပမာဏထက် သုံးဆဖြစ်နေပါသည်။

    မိတ်သဟာယပြင်ပရှိပုဂ္ဂလိကကုမ္ပဏီများသည် ထုတ်လုပ်မှုကို လျှော့ချကြသော်လည်း မည်မျှလျှော့ချသည်ကို မသိရပါ။ မည်သည့်အချိန်လောက်မှ ဝယ်လိုအားပြန်တက်လာမည်ကို မည်သူမျှမသိနိုင်ပါ။ သိုလှောင်ရေနံများ မြင့်တက်လာပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သိုလှောင်နိုင်စွမ်း ကုန်သွားနိုင်သည်။

    မိတ်သဟာယအဖွဲ့က ခနော်နီခနော်နဲ့ဖြစ်နေပြီ။ ကမ္ဘာ့ဒုတိယအများဆုံးထုတ်လုပ်သူ ရုရှားသည် ၂၀၁၆ ခုနှစ်မှစ၍ OPECနှင့်အတူ အလုပ်တွဲလုပ်ခဲ့ဖူးသော်လည်း အမြဲတမ်းဆိုသလို သဘောတူညီချက်များကို လျစ်လျူရှုခဲ့သည်။ စွမ်းအင်အခင်းအကျင်းအသစ် New Energy Order တစ်ခုကို ဖန်တီးရန် အမေရိကသည် OPEC ၌ အမြဲတမ်းပူးပေါင်းပါဝင်လိမ့်မည် မဟုတ်ချေ။

    ယခုစာချုပ်အသစ်အရ အမေရိကတွင် ထုတ်လုပ်မှုလျှော့ချမည့်အာမခံချက်များ ပါဝင်သော်လည်း တက္ကဆက်ရေနံတူးကုမ္ပဏီများသည် ဈေးနှုန်းအချက်ပြနှင့်အမြတ်အစွန်းအတိုင်းသာ တုံ့ပြန်ကြပြီး အစိုးရခွဲတမ်းအတိုင်း မလိုက်နာပါ။

    မက္ကစီကိုက ဆော်ဒီအာရေဗျ၏စည်းကမ်းသတ်မှတ်ချက်များကို ငြင်းဆန်လိုက်သည့်အခါ အဆိုပါသဘောတူညီချက် ပျက်စီးလုနီးပါးဖြစ်သွားပြီး ၎င်းသည် တစ်နိုင်ငံလောက်ဖြင့် ထင်းတစ်စည်းလုံး ပြေသွားနိုင်သည်ကို ဖော်ပြနေပါသည်။  ထို့အပြင် ဆော်ဒီအာရေးဗီးယားသည် အာရှအတွက် ရေနံစိမ်းအပေါ် နက်ရှိုင်းသောအထူးလျှော့ဈေးများ ဆက်လက်ကမ်းလှမ်းနေဆဲဖြစ်သည်။ ၎င်းသည် ရေနံ၏အရေးအကြီးဆုံးဈေးကွက်တွင် ၎င်း၏အစွမ်းထက်သောဈေးကွက်အထိုင်ကို ကာကွယ်ရန် စိတ်အားထက်သန်နေကြောင်း အရိပ်ပြနေသည်။

                သံသယရှိစရာ နောက်ဆုံးအကြောင်းရင်းတစ်ခုမှာ Covid-19 အကျပ်အတည်းသည် ရေနံ၏ ရေရှည်ဝယ်လိုအားကို ပိုလျော့ပါးစေနိုင်သည်။ သန်းပေါင်းရာနှင့်ချီသောလူများသည် အိမ်မှအလုပ်လုပ်ခြင်း Home-Working၊ လေယာဉ်ခရီးစဉ်နည်းသွားခြင်းနှင့် မြို့ပြညစ်ညမ်းမှု Urban pollution လျော့သွားခြင်းတို့ဖြင့် နေထိုင်မှုပုံစံသစ်များနှင့် ကျင့်သားရသွားကြမည်။ ၎င်းသည် ရုပ်ကြွင်းလောင်စာများ Fossil Fuels  များအပေါ် အခြေတည်ထားသည့် စီးပွားရေးမှ ပိုမိုမြန်ဆန်စွာ စွန့်ခွာပြောင်းရွှေ့လိုခြင်းဆန္ဒဆိုင်ရာ ပြည်သူလူထု၏အမြင်ကို ပြောင်းလဲစေနိုင်သည်။

                သို့ဖြစ်လျှင် တည်ငြိမ်မှုထက် ရေနံထုတ်လုပ်သူများသည် မတည်ငြိမ် ပြောင်းနေသော ဝယ်လိုအား Volatile နှင့်ထုတ်လုပ်မှုကို ရင်ဆိုင်ကြရမည်။ အမေရိကန်၏ပိတ်ဆို့မှုကြောင့် ဖျစ်ညှစ်ခံနေရသည့် အီရန်နှင့်ဗင်နီဇွဲလားတို့သည် မငြိမ်မသက်မှုများကို ပို၍မြင်တွေ့ရလိမ့်မည်။ နိုင်ဂျီးရီးယားနှင့်အန်ဂိုလာကဲ့သို့သော ကုန်ကျစရိတ်မြင့်မားပြီး စီမံအုပ်ချုပ်မှုညံ့ဖျင်းသည့်နိုင်ငံများသည် အရင်းအနှီးယိုထွက်မှုကြီး Capital flight နှင့် ပြည်ပငွေပေးငွေယူရှင်းတမ်းလက်ကျန် Balance of payments ဆိုင်ရာအကျပ်အတည်းများနှင့် ရင်ဆိုင်ကြရမည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်ရေနံထုတ်လုပ်သူများအကြား ဒေဝါလီခံမှုများ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဤ ၂၀၂၀ နှစ်တွင် ထိုကိန်းဂဏန်းကြီး ပျံတက်သွားမည်။

    ဒီနှစ်အပြင် ပိုမိုနက်ရှိုင်းသည့်ညှိနှိုင်းမှုမျိုး စောင့်ဆိုင်းလျက်ရှိသည်။ မတည်ငြိမ်မှုက စီမံကိန်းအသစ်များအတွက် ရင်းနှီးမြှုပ်နှံသူများ၏အာသာကို လျော့ပါးစေသည်။ ရေနံကုမ္ပဏီများသည် ယခုနှစ်ငွေလုံးငွေရင်းအသုံးစရိတ်၏ ၂၅ ရာခိုင်နှုန်းခန့်ကို လျှော့ချပြီးဖြစ်သည်။ အချို့သောဈေးကြီးဆီသည် မတူးဖော်ဖြစ်တော့ပဲ မြေအောက်၌သာ ချန်ထားခဲ့ရလိမ့်မည်။ အမေရိကန်ရေနံထုတ်လုပ်ငန်း Shale ၏ ကမူးရှူးထိုးကြီးထွားမှုလည်း ရပ်စဲသွားလိမ့်မည်။ ဆော်ဒီအာရေဗျအပါအဝင် ရေနံတင်ပို့သည့်နိုင်ငံများကမူ ပြည်သူ့အသုံးစရိတ်ကိုလျှော့ချပြီး အမျိုးအမယ်စုံ ပြောင်းလဲထုတ်လုပ်ရလိမ့်မည်။

                အစိုးရများက ရာသီဥတုအပြောင်းအလဲကို ကန့်သတ်ထိန်းချုပ်ဖို့ ပြောင်းလုပ်လာသည်နှင့်အမျှ ရေနံလုပ်ငန်းသည် ဝယ်လိုအားကျဆင်းနိုင်သည့်ဖြစ်နိုင်ခြေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။ အရင်းအနှီးများခြောက်သွေ့လာပြီး ကုမ္ပဏီများက ကျုံ့စပြုလာသည့် သူတို့၏ဈေးကွက်ဝေစုအတွက်ရုန်းကန်နေရသောအခါ အစိုးရမူဝါဒသည် ရေနံထုတ်လုပ်သူများအကြား ဝရုန်းသုန်းကား ခြိမ်းခြောက်နေပါသည်။ ဝယ်လိုအားထိပ်ဆုံးရောက်ဖို့က နှစ်ပေါင်းများစွာ ကြာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ရေနံထုတ်လုပ်သူများအနေဖြင့် ဤ Covid-19 လက်ပြဲကာလကို ဖောက်ပြန်နေပြီဟူ၍ မရှုမြင်သင့်၊ သို့သော် ဖောက်ပြန်တော့မည့်အရိပ်လက္ခဏာအဖြစ် ရှုမြင်စေချင်သည်။

    ဤဆောင်းပါးကို “အနာဂတ်အတွက် ရှုထောင့် A view of the future” ခေါင်းစဉ်ဖြင့် ပုံနှိပ်စာစောင်၏ Leaders အပိုင်းတွင် ဖော်ပြခဲ့ပါသည်။

    ဝန်ခံချက်။ ဤဆောင်းပါးကို The Economist မှ “The future of the oil industry” ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်။

    ရည်ညွှန်း

    The Economist, April 18th 2020 Edition

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks