spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို UNA အဖွဲ့ဝင်အဖြစ်လက်ခံ

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို UNA အဖွဲ့ဝင်အဖြစ်လက်ခံ

    -

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ကို UNA အဖွဲ့ဝင်အဖြစ်လက်ခံ

    စိုင်းဦး( ရန်ကုန်- ဇွန် ၂၇)

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ United Nationalities Democracy Party –UNDP ကို စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုထားကြောင်း ဇွန်လ ၂၆ ရက်နေ့စွဲဖြင့် စာပေးပို့ခဲ့သည်ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်ထံမှ သိရသည်။

    “ဒီနေ့ကတော့ အစည်းအဝေးတက်ရောက်လာတဲ့ အဖွဲ့ဝင်အကုန်လုံးကတော့ UNDP ဝင်တာကို သူတို့ထောက်ခံတယ်လေ အတည်ပြုတယ် အဲတာကြောင့်မို့ ကျွန်တော်တို့ကတော့ အတည်ပြုကြောင့်အနေဖြင့် ဒီနေ့ကြေညာပေးလိုက်တာ ဖြစ်ပါတယ်၊ ဝင်ဖို့လျှောက်ထားတာက ၆ လရှိပြီ၊ ”ဟု ဦးမျိုးကျော်က ပြောသည်။

    UNA အနေဖြင့် မိမိတို့၏ မူကိုလက်ခံ သဘောကျသည့် မည်သည့် တိုင်းရင်းသားမဆို အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်း လက်ခံပါက အတည်ပြုပေးရသည်ဟု ဦးမျိုးကျော်က ပြောသည်။

    ဦးမျိုးကျော်က “ကျွန်တော်တို့ မဟာမိတ် UNA ထဲကို ဝင်မယ်ဆို ကျွန်တော်တို့ရဲ့ မူဝါဒကို လက်ခံဖို့လိုတယ် အဲလိုလက်ခံတဲ့ ဘယ်တိုင်းရင်းသားမဆို ကျွန်တော်တို့ UNA မှာ ရှိတဲ့ ပါတီတွေရဲ့ သုံးပုံနှစ်ပုံပေါဗျာ ၇၅% လက်ခံတယ်ဆိုရင် ကျွန်တော်တို့က အတည်ပြုပေးရလေ့ရှိတယ် ဒီနေ့ UNDP ဝင်ခွင့်လျှောက်တာကို ဒီနေ့တက်ရောက်လာတဲ့ ပါတီအကုန်လုံးက လက်ခံသဘောတူတဲ့အတွက် အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    ထို့အတူ UNA အနေဖြင့် အခြားအဖွဲ့အစည်းများနှင့်လည်း မိတ်ဖက်ဖြစ်ပြီး မိမိတို့၏ ရည်ရွယ်ချက်တူညီသောကြောင့် ဝင်ခွင့်လျှောက်ခဲ့သည်ဟု UNDP အထွေထွေအတွင်းရေးမှူး နော်အုန်းလှက ပြောသည်။

    နော်အုန်းလှက “ကျွန်မတို့က နဂိုကတည်းက UNDP က တခြားအဖွဲ့အစည်းမှာလည်း မိတ်ဖက်ဖြစ်တယ် UNA က ဟိုအရင်ကတည်းကလည်း အတူတူ လုပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အခါကျတော့လည်း ကျွန်မတို့ ပါတီထောင်တဲ့အခါကျတော့ UNA ရဲ့ မူတွေနဲ့ ကျွန်မတို့ရဲ့ မူတွေက တူတူဖြစ်တဲ့အတွက် ကျွန်မတို့ ဒီမိုကရက်တစ်အင်အားစုကို တူတူဆောင်ရွက်မယ်ဆိုပြီး ကျွန်မတို့ လျှောက်ခဲ့ခြင်းဖြစ်တယ် အဲတာကြောင့်မို့လည်း သူတို့လက်ခံတာ ရရှိခဲ့တာပေါ့နော့” ဟု ပြောသည်။

    UNDP ပါတီအနေဖြင့် အဖွဲ့ဝင်ဖြစ်လာသည့် အတွက် UNA ၏ တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲဝင်ရောက်စရာမလိုဘဲ ပြည်မရှိ ပါတီအချို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည်ဟု UNDP အထွေထွေအတွင်းရေးမှူး နော်အုန်းလှက ပြောသည်။

    “ကျွန်မတို့ UNA မှာ ပါဝင်တဲ့အတွက် UNA မှာ ရှေ့သွားမဲ့ အနာဂတ်မှာ တိုင်းရင်းသားတွေနဲ့ အတူသွားမယ် ကျွန်တို့လိုချင်တဲ့ နိုင်ငံကို ကျွန်တို့ အတူပုံဖော်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ လက်တွဲဆောင်ရွက်မယ် ဆိုပြီး ဆုံးဖြတ်ထားရှိတဲ့တွက် ရွေးကောက်ပွဲကို ကျွန်မတို့ အတူ ဖြတ်သန်းကြမှာ အောင်မြင်အောင်လည်း ကြိုးစားကြမှာပေါ့” ဟု နော်အုန်းလှက ဆိုသည်။

    စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီအပြင် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၇၀ ခန့်ရှိသည်။

    Photo-UNA အဖွဲ့ဝင်များ အစည်းအဝေး (UNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks