Sunday, March 8, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီနှင့် ပြည်သူ့ပါတီတို့ မော်လမြိုင်တွင် တွေ့ဆုံဆွေးနွေး

    မွန်ညီညွတ်ရေးပါတီနှင့် ပြည်သူ့ပါတီတို့ မော်လမြိုင်တွင် တွေ့ဆုံဆွေးနွေး

    -

    စိုင်းဦး (ဇွန် ၂၆)

    မွန်ညီညွတ်ရေးပါတီ-MUP နှင့် ပြည်သူ့ပါတီ-PP တို့ ဇွန် ၂၅ ရက်နေ့က မော်လမြိုင်မြို့ မွန်ညီညွတ်ရေးပါတီ ဗဟိုဌာနချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြည်သူ့ပါတီ ဒု ဥက္ကဌ မင်းဇေယျာ က ပြောသည်။

    ပြည်သူ့ပါတီ (PP)၏ မဟာမိတ်ပေါ်လစီအရ တိုင်းရင်းသားပါတီတွေနှင့် ပြည်သူ့ပါတီကြား မဟာမိတ်ဆက်ဆံရေး ထူထောင်နိုင်ဖို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မဟာမိတ်ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားပါတီတွေနဲ့ ပြည်သူ့ပါတီတွေကြားထဲမှာ မဟာမိတ်ဆက်ဆံရေးကို ထူထောင်ဖို့ပေါ့နော် အထူးသဖြင့်ရွေးကောက်ပွဲနီးလာတဲ့အခါကျတော့ ဒီရွေးကောက်ပွဲဆိုင်ရာနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ အမြင်သဘောထားတွေကို ဖလှယ်တဲ့ အကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်ပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ပြည်သူ့ပါတီအနေဖြင့် မည်သည့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို အတိအကျ မပြောနိုင်သေးသော်လည်း ဇူလိုင်လကုန်ပိုင်းလောက်တွင် စာရင်းထွက်နိုင်အောင် ပြင်ဆင်ထားသည်ဟု မင်းဇေယျာက ဆက်ပြောသည်။

    အလားတူ မွန်ညီညွတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်ကလည်း ယခုတွေ့ဆုံပွဲမှာ အမြင်ခြင်း ဖလှယ်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးတိုင်ပင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

    “အဓိက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဟာရယ် သူတို့ပါတီရဲ့ လမ်းစဉ်ရယ်၊ သူတို့ပါတီနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားအပေါ် သဘောထားရယ် ကျွန်တော်တို့ ပါတီရဲ့ မူဝါဒလမ်းစဉ်ရယ် ဆွေးနွေးဖလှယ်ကြပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးတာတော့ ရှိတယ် ဘာသဘောတူညီမှ မယူခဲ့ပါဘူး” ဟု ဆိုသည်။

    အဆိုပါဆွေးနွေးပွဲတွင် မွန်ညီညွတ်ရေးပါတီမှ ဥက္ကဌနိုင်တင်အောင်၊ ဒုဥက္ကဌ နိုင်ငွေသိန်း၊ နိုင်စံတင် တို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ပြည်သူ့ပါတီမှ ဒုဥက္ကဌ မင်းဇေယျာဉီးဆောင်ပြီး ဦးကျော်လေး၊ ဦးဖေသက်၊ ဦးမောင်လှိုင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ပြည်သူ့ပါတီအနေဖြင့် မွန်ပြည်နယ် ၅ မြို့နယ်တွင် ရုံးများ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော်လည်း ကိုဗစ်အခြေနေကြောင့်  သထုံ၊ ပေါင်မြို့နှင့် ကျိုက္မရောမြို့များသာ ရုံးခန်းများဖွင့်လှစ်နိုင်သေးသည်ဟု ဆိုသည်။

    Photo-မွန်ညီညွတ်ရေးပါတီဥက္ကဌသို့ ပြည်သူ့ပါတီမှ အမှတ်တရပစ္စည်းပေးအပ်စဉ် (MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks