spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်း၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် ဇွန် ၂၆ ရက်တွင် နိုင်ငံရေးပါတီများ လက်မှတ်ရေးထိုးကြမည်

    ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် ဇွန် ၂၆ ရက်တွင် နိုင်ငံရေးပါတီများ လက်မှတ်ရေးထိုးကြမည်

    -

    စိုင်းဦး (ရန်ကုန်-ဇွန် ၂၄)

    နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များကို နိုင်ငံရေး ပါတီများက ဇွန်လ ၂၆ ရက် နေ့တွင် ရန်ကုန်မြို့၌ သဘောတူလက်မှတ်ရေးထိုးကြမည်ဟု မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် နိုင်ရဲဇော်က ပြောသည်။

    နိုင်ရဲဇော်က “ရွေးကောက်ပွဲဝင်တိုင်း ကျင့်ဝတ်ဆိုင်ရာ စာအုပ်ထုတ်တယ်လေ ကျင့်ဝတ်နဲ့ စည်းမျဉ်းများစာအုပ်လေ၊ အဲဒီ စာအုပ်ကို ရေးဆွဲခဲ့တာ ကြာပီ၊ ပြီးခဲ့တဲ့ လလောက်က သူတို့ အပြီးသတ်တာပေါ့ အဲတာကို ပါတီတွေ အားလုံးက လက်ခံတဲ့အကြောင်းကို လက်မှတ်ရေးထိုးရမယ် ၂၆ ရက်နေ့ကြရင်”ဟု ဆိုသည်။

    နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းကော်မတီ၏ ( ၇ ) ကြိမ်မြောက်အစည်းအဝေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆွစ်ဇာလန်သံရုံးတို့ ကြီးမှူး၍ ရန်ကုန်မြို့ Novotel Hotel ၌ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့သည်။

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ စိုင်းညွန့်လွင်က “Code of Conduct ပေါ့လေ ၂၆ ရက်နေ့ ထိုးမှာ၊ နယ်ကပါတီတွေလည်း ခေါ်ထားတယ်ဗျ” ဟု ပြောသည်။

    နိုင်ငံရေးပါတီများ၏ ဆန္ဒတောင်းခံမှုများကြောင့် အဆိုပါကျင့်ဝတ်ဆိုင်ရာ ရေးဆွဲခဲ့သဖြင့် မလိုက်နာနိုင်စရာ ကြောင်းမရှိသော်လည်း ရွေးကောက်ပွဲဝင်သည့် အချိန်တွင် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကျင့်ဝတ်မလိုက်နာမှုများ တွေ့ရှိခဲ့ရသည်ဟု နိုင်ရဲဇော်က ဆက်ပြောသည်။

    “ကျန်တဲ့အဆင့်တွေက သူတို့လုပ်ခဲ့တာ တော်တော်ကြာပီလေ ကျနော်တို့လည်း သွားတက်ခဲ့လို့လေ ဒီဟာကို ရေးဆွဲတဲ့ ကော်မတီလည်း ဖွဲ့တယ် ပြီးတော့ နိုင်ငံရေးပါတီတွေကို ပို့လိုက်တယ် ဘာတွေထပ်ဖြည့်စွက်မလဲဆိုပြီး ဆန္ဒတောင်းခံတာတွေလည်း ရှိခဲ့တယ်။ ဒီ code of conduct တော့ သူရေးကိုယ်ရေးဆိုတော့ မလိုက်နာနိုင်စရာအကြောင်းတော့ မရှိပါဘူး သို့သော် တကယ်တမ်း လိုက်နာလား မနာလားဆိုတာ ရှိတာပေါ့လေ အဲမှာပါတဲ့အချက်တွေက အများကြည့်ကို ရွေးကောက်ပွဲဝင်တဲ့အချိန် ကိုယ်စားလှယ်တွေဟာ မလိုက်နာတာတွေလည်း အများကြီးတွေ့ခဲ့ရတာပေါ့နော်” ဟု ပြောသည်။ 

    ယခုပြင်ဆင်ရေးဆွဲထားသည့် ရွေး ကောက်ပွဲဆိုင်ရာကျင့်ဝတ်တွင် ယခင်ဖော်ပြခဲ့ခြင်းမရှိသော အွန်လိုင်းအသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များပါဝင်လာပြီး အငြင်းပွားမှုဖြေရှင်းရေးကော်မတီများ၏ လုပ်ပိုင်ခွင့်ကိုလည်း တိုးမြှင့်ပေးထားကြောင်း သိရသည်။ 

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်(Code of Conduct) မူများတွင် အခန်း ၈ ခန်း ပါဝင်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အောင်မြင်စေရေးအတွက် အထောက် အကူပြုစေရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် စဉ်ဆက်မပြတ်ရှိစေရေး၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်သူများကြား ယုံကြည်မှု တည်ဆောက်ရေး၊ သည်းခံမှုဖြင့် အပြုသဘောဆောင်သော အခြေအနေတရပ် ဖြစ်ပေါ်လာစေရေး၊ ပွင့်လင်းလွတ်လပ်၍ တရားမျှတသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာစေရေးတို့ကို ဦးတည်ထားသည်။

    အဆိုပါရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို လက်ခံကြောင်း လက်မှတ်ရေးထိုးပြီးနောက်တစ်နေ့ ဇွန်လ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတွေ့ဆုံပွဲများ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

    Photo- ကျင့်ဝတ် ပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၏ ( ၇ ) ကြိမ်မြောက်အစည်းအဝေး (UEC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks