spot_img
Thursday, February 12, 2026
More
    spot_img
    HomeCovid 19ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ပြည်တော်ပြန်မွန်ပြည်နယ်သား ၄ ဦးကို မော်လမြိုင်ဆေးရုံသို့ ပြောင်းရွှေ့

    ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ပြည်တော်ပြန်မွန်ပြည်နယ်သား ၄ ဦးကို မော်လမြိုင်ဆေးရုံသို့ ပြောင်းရွှေ့

    -

    ရန်လင်းအောင် ( မော်လမြိုင်၊ ဇွန်၁၉)

    ထိုင်းနယ်စပ်မှပြန်လည်ဝင်ရောက်လာသော ပြည်တော်ပြန်များခေတ္တထားရှိရာ ကရင်ပြည်နယ် ဘားအံ Quarantine စခန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသည့် မွန်ပြည်နယ်သား ၄ ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ယနေ့မွန်းလွဲပိုင်းတွင် ပြောင်းရွှေ့ကုသလျက်ရှိကြောင်း ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မြင့်က ပြောကြားသည်။

    “ကရင်ပြည်နယ် Quarantine မှာလေ ပြည်နယ် ဦးစီးမှူး အစီအစဉ်နဲ့ပဲ ပြည်နယ် ဦးစီးမှူး ရဲတပ်ဖွဲ့နဲ့ လူမှုရေးအဖွဲ့တို့ သွားခေါ်တယ် လူနာတွေအတွက်ကတော့ ကျနော်တို့ ပုံမှန်ပြင်ဆင်ထားပြီးသားပဲ အမြဲတမ်း Duty ချထားတာပေါ့ လိုအပ်တဲ့ သူတို့ စောက်ရှောက်မှုအတွက် လိုအပ်တဲ့ Facility ရယ် လိုအပ်တဲ့ ဆေးဝါးရယ်” ဟု ဒေါက်တာကျော်မြင့်က ဆိုသည်။

    မော်လမြိုင်ဆေးရုံကြီးမှလူနာတင်ယာဉ်(၁)စီး၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ COVID-19 သီးသန့်လူနာတင်ယာဉ်(၁)စီး၊ ကြည့်ကြပ်ဆရာဝန်၊ ဆရာမများလိုက်ပါသည့် ယာဉ်(၁)စီး ရှေ့ပြေးလုံခြုံရေးယာဉ်(၁)စီးဖြင့် ဘားအံ Quarantine မှ မော်လမြိုင်ဆေးရုံကြီး COVID-19ရောဂါ သီးသန့်အထူးကြပ်မတ်ကုသဆောင်သို့ မွန်းလွဲ ၂ နာရီကျော်ခန့် အချိန်တွင် ရောဂါပိုးတွေ့ရှိသူ ၄ ဦးတို့ ကောင်းမွန်စွာရောက်ရှိလာကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

    ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ထိုင်း နှင့် မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် နေရပ်ပြန်များကို အသွားအလာကန့်သတ်ထားသည့် သူများထဲမှ ၂၃ ဦးကို Covid 19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့်ဟု ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါလူနာသစ် ၂၃ ဦးတွင် နေရပ်ပြန်ကြမည့် ရခိုင်ပြည်နယ်သား ၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးသား ၇ ဦး၊ မွန်ပြည်နယ်သား ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးသား ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးသား ၁ ဦး၊ ကရင်ပြည်နယ်သား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးသား ၁ ဦးနှင့် မန္တလေးတိုင်းဒေသကြီးသား ၁ ဦးတို့ပါဝင်ကြောင်း သိရသည်။

    အဆိုပါရောဂါပိုးတွေ့ရှိသူထဲမှ လူနာ အမှတ် ၂၇၃၊၂၇၄၊၂၇၅၊၂၇၆  တို့သည် ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံနှင့် သထုံမြို့နယ်မှဖြစ်ပြီး ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ  ပြန်ရောက်လာသူများဟု ဖော်ပြထားသည်။

    ထို့ပြင် ကျန်ရှိသောလူနာများကို ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံသို့ ယနေ့တွင် လွှဲပြောင်းပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

    သို့ရာတွင် မွန်ပြည်နယ်သား ၄ ဦးတို့မှာ နာမကျန်းဖြစ်သည့်လက္ခဏာမတွေ့ရဘဲ ပကတိအတိုင်း ပုံမှန်နေထိုင်သွားလာနိုင်သူများဖြစ်ကြောင်း သိရသည်။

    Covid 19 အတည်ပြု လူနာအမှတ် ၂၇ သည် မွန်ပြည်နယ်တွင် ပထမဆုံးဖြစ်ပြီး ယခု အတည်ပြုလူုနာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ မွန်ပြည်နယ်သား ၅ ဦး ရှိပြီဖြစ်သည်။

    ဓါတ်ပုံ-ကိုရိုနာရောဂါပိုးတွေ့ရှိသူ ၄ ဦးအား မော်လမြိုင်ဆေးရုံကြီးအထူးကြပ်မတ်ဆောင်သို့ ရွှေ့ပြောင်းလာစဉ်
    (Bo Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks