spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဂျပန်စစ်ကျန်ပစ္စည်းစမ်းသပ်တူးဖော်ခဲ့ပြီးနောက် ချန်ထားရှိသောရေကန်တွင် ၄ လောင်းပြိုင် ရေနစ်သေဆုံး

    ဂျပန်စစ်ကျန်ပစ္စည်းစမ်းသပ်တူးဖော်ခဲ့ပြီးနောက် ချန်ထားရှိသောရေကန်တွင် ၄ လောင်းပြိုင် ရေနစ်သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (ဇွန် ၁၈)

    သံဖြူဇရပ်မြို့ မိန်ဗလာတောင်၌ ကုမ္ပဏီတစ်ခုမှ ဂျပန်စစ်ကျန်ပစ္စည်းစမ်းသပ်တူးဖော်ခဲ့ပြီးနောက် မူလအတိုင်းပြန်လည်ပြင်ဆင်ခြင်းမရှိသောကြောင့် ချန်ထားရှိသောရေကန်တွင် ယမန်နေ့ညနေပိုင်းက အမျိုးသမီးနှင့် မိန်းခလေး ၄ လောင်းပြိုင် ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။ 

    အဆိုပါ မိန်ဗလာတောင်ခြေရှိ ဂရုဏာဘုန်းကြီးကျောင်း ကပ္ပိယအမျိုးသမီးကြီးတစ်ဦးနှင့် မွန်စာပေလာရောက်သင်ကြားနေသော ကျောင်းသူမိန်းခလေး ၃ ဦးတို့သည် ကျောင်းဝေရာဝစ္စဆောင်ရွက်အပြီး ခြေလက်သန့်စင်ရန် ရေကန်သို့သွားရောက်ရာမှ ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    ကပ္ပိယ ဒေါ်ခင် (၆၆) နှစ်နှင့် ၎င်း၏ဆွေမျိုးသားချင်းများဖြစ်ကြသော မိန်ဗလာတောင်အနီးရှိ ပငကျေးရွာမှ မအေးသီရိစံ (၁၂) နှစ်၊ မရွှေပန်း (၁၂)နှစ်၊ မမိုးသဇင် (၁၁) နှစ်တို့ (၄) ဦးတို့ အလောင်းများအား ရဲစခန်းမှလာရောက်ဆည်ယူ၍ သံဖြူဇရပ်မြို့နယ်ဆေးရုံကြီးသို့ ဇွန်လ ၁၇ ရက်၊ ည ၈ နာရီအချိန်တွင် ပို့ဆောင်ခဲ့ကြောင်း ရဲကြေးနန်းစာမိတ္တူအရ သိရသည်။

    မိန်ဗလာတောင်အနီး အောင်ကုသိုလ်ရပ်ကွက်နေထိုင်သူ လင်းလင်းခိုင်က “မိန်ဗလာတောင်လူသေမှုနဲ့ပတ်သက်ပြီး သံဖြူဇရပ်မြို့က ရဲစခန်း ကြေးနန်းစာကိုဖတ်လိုက်မှ ရေတွင်းပျက် ဆိုတာ ခုမှသိလိုက်ရတယ်၊ သူခိုးတွေက ရေကန်တူးသွားကြတယ်၊ ရဲ တွေက ရေတွင်းပျက်လို့ပြောတာ ဟုတ်နေတာပဲ စည်းဝါးကိုက်နေတာပဲ” ဟု ၎င်း၏ Facebook တွင် မှတ်ချက်ပြုထားသည်။

    ရဲကြေးနန်းစာဖော်ပြချက်တွင် အဆိုပါ ဘုန်းကြီးကျောင်းနှင့် ၁ ဖာလုံခန့်အကွာအဝေးရှိ မိန်ဗလာတောင်အနီး Myanmar Eagle Co;Ltd. မှ တူးဖော်ထားရှိသော ရေတွင်းပျက်အတွင်း၌ သေဆုံးလျှက်တွေ့ရှိရကြောင်း၊ ၎င်းတို့ ၄ ဦးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းဟုတ်မဟုတ် အမှုမှန်ပေါ်ပေါက်နိုင်ရေး သေမှုသေခင်းဖွင့် ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။

    Royal Eagle Myanmar Development Group Co., Ltd အား ခွင့်ပြုခဲ့သည့် ကနဦးစူးစမ်းလေ့လာခွင့်ကို ပိတ်သိမ်းရန်၊ မြေပြင်တွင် ဆောင်ရွက်ထားရှိမှုများအား မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးသွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် ၁၅ ကြိမ်မြောက်မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးက ပြောကြားခဲ့သည်။

    သို့ရာတွင် အဆိုပါကုမ္ပဏီမှ မြေသားများတူးဖော်ခဲ့ပြီးနောက် လုပ်ငန်းပိတ်သိမ်းချိန်တွင် မူလအတိုင်း လုံးဝပြန်လည်ဆောင်ရွက်ထားခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

    မိန်ဗလာတောင်၌ “မွန်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် ဒုတိယကမ္ဘာစစ် လက်ကျန်ပစ္စည်း ပဏာမလေ့လာစူးစမ်းရေးအဖွဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ်အဆောက်အဦနေရာများအား စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့် ရှေ့ပြေးစီမံကိန်း-စီမံကိန်းတာဝန်ရှိသူများမှအပ အခွင့်မရှိမဝင်ရ” ဗီနိုင်းချိတ်ဆွဲ၍လည်းကောင်း ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်တူးဖော်ခဲ့ခြင်း ဖြစ်သည်။

    ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်စခန်းဖြစ်ခဲ့သော မိန်ဗလာတောင်တွင် ဂျပန်စစ်လက်နက်များ၊ ရွှေချောင်းနှင့် အဖိုးတန် ပတ္တမြား၊ စိန်၊ ရွှေရတနာပစ္စည်းများ ဂျပန်တို့မြှပ်နှံထားသည်ဟု ယခုကာလအထိ လက်ခံယုံကြည်သူများ ရှိနေသည်။

    Photo- ဂျပန်စစ်ကျန်ပစ္စည်းစမ်းသပ်တူးဖော်ခဲ့ပြီးနောက် ကျန်ရှိခဲ့သောချိုင့်ကြီးများကို မိုးမကျမီကမြင်တွေ့ရပုံ
    ( Nyan Soe Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks