spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၃၀ ကျော်၊ ၂ ဦးသေဆုံး

    မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၃၀ ကျော်၊ ၂ ဦးသေဆုံး

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၄)

    မွန်ပြည်နယ်တွင် မေလ ၃၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၃၄ ဦးနှင့် သေဆုံးသူ ၂ ဦးရှိခဲ့ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောကြားသည်။

    သို့ရာတွင် ပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိထားကြသော်လည်း လိုက်နာဆောင်ရွက်မှု အားနည်းနေသေးသည်ဟု ပြည်နယ်ကျန်းမာရေးမှူးက ဆိုသည်။

    “သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိတာတော့ သိနေကြပါပြီ၊  မလိုက်နာကြတာပဲရှိတယ် သွေးလွန်တုပ်ကွေးက ရေကြည်ရေသန့်မှာ ပေါက်ဖွားလာတဲ့ ခြင်ကျားကိုက်လို့ ဖြစ်တယ်ဆိုတာ အကုန်လုံးသိပါတယ် ခြင်ကျားက ပေါက်တာဆိုတော့ မပေါက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း သိပြီးသားပါ မလိုက်နာကြတာပဲရှိတယ် ပြည်သူလူထုက လိုက်နာကြဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

    လွန်ခဲ့သည့်မေလမှစတင်ပြီး သွေးလွန်တုပ်ကွေး အဖြစ်များသည့် ရပ်ကွက်/ ကျေးရွာ အနည်းဆုံး ၅ နေရာမှစပြီး ပိုးလောက်လန်း နှိမ်နှင်းခြင်းလုပ်ငန်းမျာကို လုပ်ဆောင်ခဲ့သည့်အပြင် Abate ဆေးခပ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည်ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

    “ကျန်းမာရေးဌာနက အဘိတ် ခပ်တာတို့က လိုက်ခပ်ပေးလို့ရတယ် လူမှုကူညီရေးအဖွဲ့တွေ အုပ်ချုုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဘုရားသောက်တော်ရေတို့ ဘုရားညောင်ရေအိုးတို့ အဲ့ကြားမှာ ခြင်တွေ ပေါက်နိုင်တဲ့ အတွက် ပြည်သူတွေက နေ့ လုပ်ဆောင်ပေးဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

    ယခုအခါ မော်လမြိုင်မြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များနေပြီး ပေါင်မြို့နယ်မှာ ၁၀ လအရွယ်နှင့် ၈ နှစ်အရွယ် ကလေး ၂ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလအထိ ရောဂါ ဖြစ်ပွားသူ ၂၈၂ ဦးနှင့် ၂ ဦးသေဆုံးနှင့် ၂၀၁၈ ခုနှစ် မေလအထိရောဂါ ဖြစ်ပွားသူ ၂၆၈ ဦးနှင့် ၁ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၉ ခုနှစ်ဇွန်လ ပထမပတ်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၁၀၀ ကျော်ရှိခဲ့သည့်အနက် သေဆုံးသူ ၁၂ ဦးအထိရှိခဲ့ကြောင်း၊ ရန်ကုန်၊ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေးအများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ သေဆုံးသူ ၈ ဦးအထိရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာန သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက ဘီဘီစီကိုပြောခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks