spot_img
Monday, February 2, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်တွင် COVID 19 ဓါတ်ခွဲစစ်ဆေးစစ်ဆေးမှု ဆောင်ရွက်နိုင်ပြီ

    မော်လမြိုင်တွင် COVID 19 ဓါတ်ခွဲစစ်ဆေးစစ်ဆေးမှု ဆောင်ရွက်နိုင်ပြီ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇွန် ၂)

    မွန်ပြည်နယ် ၊မော်လမြိုင်မြို့တွင် COVID 19 ပိုးဓါတ်ခွဲစစ်ဆေးမှု စတင်ဆောင်ရွက်ရန်အဆင်သင့်ဖြစ်နေပြီး  တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်ကိုလူ ၂၈၀ နှုန်းဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောကြားသည်။

    “အင်္ဂါ၊ကြာသပတေး၊စနေ အပတ်စဉ် သုံးရက် စစ်ဆေးသွားမယ် ခန့်မှန်းချေက စစချင်း ၉၀ ကနေ စသွားမယ် နောက်ကျရင် တစ်ရက်ကို ၂၈၀ လောက် စစ်ဆေးနိုင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

    အဆိုပါ ဓါတ်ခွဲစစ်ဆေးမှုကို မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက်  စစ်ဆေးသွားမှာဖြစ်ပြီး ယခုအပတ်မှစတင် စစ်ဆေးသွားမည်ဟု ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

    လက်ရှိမှာ ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရမည့် ဆရာဝန် ၂ ဦးနှင့် ဓါတ်ခွဲကျွမ်းကျင် ၂ ဦးသာ ရှိနေသည့်အတွက်  စေတနာ့ဝန်ထမ်းမျာကို အကူအညီတောင်းခံထားရသည်ဟု ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဌာန (မော်လမြိုင်) တာဝန်ခံ ဒေါက်တာနီနီဟန်က ပြောသည်။

    “ကျွန်မတို့ Volunteer ခေါ်ထားပါတယ် ရန်ကုန်က NHL ဓါတ်ခွဲခန်းက ဓါတ်ခွဲကျွမ်းကျင် (၂) ၂ ယောက်လာဖို့ရှိပါတယ် လာပြီးတော့ကူညီမယ်ပေါ့ နောက်ပြီးတော့ မွန်ပြည်နယ် က ဓါတ်ခွဲကျွမ်းကျင်(၄) ၃ ယောက်ပေါ့ Volunteer လာဖို့ရှိပါတယ် နောက်ပြီး Data အတွက် အထွေထွေအုပ်ချုုပ်ရေး ဦးစီးဌာနက ၄ ယောက် လာကူပါမယ် NGO ကလည်း ၂ ယောက် လာကူပါမယ် သန့်ရှင်းရေး ဝန်ထမ်းအတွက်ကို စည်ပင်က ၄ ယောက်ကို အကူအညီတောင်းထားပါတယ်” ဟု ၎င်းကဆိုသည်။

    ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် မေလက ရန်ကုန် NHL မှပေးသည့် သင်တန်းနှင့် မန္တလေးတွင် တရုတ်နိုင်ငံ ယူနန် အဖွဲ့မှ သင်ကြားပေးသည့် သင်တန်းများကိုလည်း တက်ရောက်ထားသူများ ဖြစ်သည်။

    ဇွန်လ ၁ ရက်နေ့အထိ မွန်ပြည်နယ်မှ ၁၁၄၆ ဦးကို NHL တွင် ဓါတ်ခွဲ နမူနာ စစ်ဆေးမှုများ ပြုလုပ်ထားပြီး ထိုထဲမှာ Case 27 တစ်ဦးကိုသာ Covid 19 ပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း ၃ ကြိမ်ပြန်လည်စစ်ဆေးသည့်အခါ ရောဂါပိုးမတွေ့ရှိရကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံတွင် Covid 19 ရောဂါပိုးစစ်ဆေးသည့်နေရာများကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီးအပြင် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့များ၌ တိုးချဲ့ထားရှိလာကြောင်း သတင်းရရှိသည်။

    Photo- မော်လမြိုင် COVID 19 ဓါတ်ခွဲခန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks