spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19ထိုင်းနိုင်ငံသို့ ဝင်ရောက်သူမြန်မာရွှေ့ပြောင်း ၃၅ ဦး စံခလပူရီမြို့တွင်ဖမ်းဆီးမိ

    ထိုင်းနိုင်ငံသို့ ဝင်ရောက်သူမြန်မာရွှေ့ပြောင်း ၃၅ ဦး စံခလပူရီမြို့တွင်ဖမ်းဆီးမိ

    -

    မွန်သတင်းအေဂျင်စီ (မေ ၂၇)

    နယ်စပ်တောလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃၅ ဦးကို ဘုရားသုံးဆူမြို့အနီးရှိ စံခလပူရီမြို့ Sangkhlaburi ၌ မေလ ၂၆ ရက်နေ့ ညပိုင်းက ထိုင်းအာဏာပိုင်များ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

    မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနယ်မြေ စံခလယ်ရွာ-ဖားချောင်းရွာ Huai Kob သို့ တောလမ်းမှတဆင့်ဝင်ရောက်လာပြီး စံခလပူရီမြို့သို့ မော်တော်ကား ၃ စီးဖြင့် သွားရောက်စဉ် ဝင်းကရွာ Wonka အဝင် လမ်းသုံးခွရဲဂိတ်ရှေ့၌ ဖမ်းဆီးရမိကြောင်း Kanchanaburi ဒေသတွင်းသတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။

    ၎င်းတို့သည် စံခလပူရီမှတဆင့် ပဲ့ချိတ်စက်လှေများဖြင့် ကွေးမြစ် Kwai river လမ်းကြောင်းအတိုင်း Thong Pha Phum မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း ကန်ချနပူရီနှင့် ပရာချွတ်ခီရီခန်ပြည်နယ်များသို့ သွားရောက်ကြမည်ဟု ရဲစခန်း၌ ထွက်ဆိုထားသည်။

    ဖမ်းဆီးရမိသူများတွင် မြန်မာအလုပ်သမားပတ်စပို့ကိုင်ဆောင်ထားသူ ၃၀ ဦးနှင့် စာရွက်စာတမ်းအထောက်အထားလုံးဝမရှိသူ ၅ ဦးပါဝင်ပြီး ၎င်းတို့အားလုံးကို စံခလပူရီခရိုင် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်။

    လက်ရှိ Covid-19 ရောဂါထိန်းချုပ်စဉ်ကာလအတွင်း ထိုင်းနိုင်ငံက ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင်၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည့်  ကန်ချပူရီပြည်နယ်၏ ကူးစက်ရောဂါကော်မတီအမိန့်အရ မော်တော်ယာဉ်မောင်းအပါအဝင် အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။ 

    ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမား ၅ သိန်းခန့် ယခုအခါအလုပ်လက်မဲ့ဖြစ်နေပြီး ဘန်ကောက်ရှိမြန်မာသံရုံးစီအစဉ်မှုဖြင့်  မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြား အကန့်အသတ်ဖြင့် နေရပ်ပြန်နေသည့်အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

    Photo- ဖမ်းဆီးသူထိုင်းအာဏာပိုင်များနှင့် ဖမ်းဆီးခံရသူမြန်မာရွှေ့ပြောင်းများ ဓါတ်ပုံမှတ်တမ်း
    (ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks