Monday, March 16, 2026
More
    spot_img
    HomeCovid 19ထိုင်းနိုင်ငံညမထွက်ရအချိန် စံခလပူရီမြို့လယ်ရှိ ဈေးကြီးမီးလောင်

    ထိုင်းနိုင်ငံညမထွက်ရအချိန် စံခလပူရီမြို့လယ်ရှိ ဈေးကြီးမီးလောင်

    -

    မွန်သတင်းအေဂျင်စီ (မေ ၂၆)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ တစ်ဖက်နိုင်ငံရှိ စံခလပူရီ Sangkhlaburi မြို့လယ် စည်ပင်သာယာရေးဈေးကြီး၌ ယနေ့နံနက် ၁ နာရီခွဲခန့်အချိန်တွင် မီးစတင်လောင်ကျွမ်းသဖြင့် ဘတ်သန်း ၅၀ ကျော်ဆုံးရှုံခဲ့ကြောင်း ခန့်မှန်းပြောဆိုကြသည်။

    Covid-19 ရောဂါထိန်းချုပ်နေသည့်ကာလ ထိုင်းနိုင်ငံတွင် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရကာဖျူးအမိန့်ထုတ်ပြန်ထားသဖြင့် လူအသွားအလာမရှိသည့်အချိန်၌ အခြေခံမြန်မာစားသောက်ကုန်များရောင်းချနေကြသည့် မွန်မြန်မာ၊ မူဆလင်ဆိုင်တန်းနေရာများအားလုံး အချိန်တစ်နာရီခွဲအကြာခန့်အတွင်း မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။  

    အဆိုပါ ဈေးကြီး၏အနီးတဝိုက်တွင် စံခလပူရီ မြို့ပိုင်ရုံး၊ ရဲစခန်း၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ ဘဏ်များ၊  စာတိုက်အပြင် ကုန်စုံဆိုင်နှင့် စတိုးဆိုင်များရှိသဖြင့် အချက်အချာကျသည့်နေရာဖြစ်သည်။

    မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရာကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

    မွန်ဆရာတော် ဦးဥတ္တမတံတားဆောက်လုပ်ခဲ့သည့် ထိုင်းနိုင်ငံ၏အရှည်ဆုံးသစ်တားတံတား Mon Bridge နှင့် လှပသောသဘာဝရှုခင်းများကို ထိုင်းခရီးသွားဧည်သည်များ လာရောက်လည်ပတ်ကြသဖြင့် Sangkhlaburi သည် လူသိများသောနယ်စပ်မြို့တစ်မြို့ဖြစ်သည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks