spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ကျန်းမာရေးဝန်ထမ်းများအားလုံး H1N1 ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးမည်

    မွန်ပြည်နယ် ကျန်းမာရေးဝန်ထမ်းများအားလုံး H1N1 ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးမည်

    -

    အဂ္ဂနွန် (မော်လမြိုင်၊ မေ ၂၅)

    မွန်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းအားလုံး H1N1 ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောကြားသည်။

    ဒေါက်တာထွန်းအောင်ကြည်က “ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူတွေနဲ့ထိပ်တိုက်တွေ့နေရလို့ ကူးစက်နိုင်ခြေအရှိဆုံးပေါ့နော် ကျန်းမာရေးဝန်ထမ်းက ရှောင်လို့မရဘူး သူက လူနာကိုဘဲကုရတယ်၊ ဥပမာ သာမာန်လူတစ်ယောက်က သူဖျားနေတယ် တုပ်ကွေးဖြစ်နေတဲ့ လူတစ်ယောက်နဲ့တွေ့တယ်ဆိုရင် ရှောင်သွားလို့ရတယ်လေ ကျန်းမာရေးဝန်ထမ်းက ရှောင်လို့မရဘူး ထိပ်တိုက်တွေ့ရတယ် အဲ့ဒါကြောင့်မို့လို့ သူတို့က ကာကွယ်ထားရမှာပေါ့နော်”ဟု ပြောသည်။

    သို့ရာတွင် ပြည်သူလူထုများကို H1N1 ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးပေးနိုင်ခြင်းမရှိသေးသော်လည်း အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပြည်သူလူထုများကို ကျန်းမာရေး အသိပညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က “ကျန်းမာရေးဝန်ထမ်းကတော့ သူတို့ ရောဂါရှိသူတွေ့နဲ့ ထိတွေ့နေရတယ်ဆိုတော့ H1N1 ကာကွယ်ဆေးထိုးပေးတာတော့ ကောင်းတာပေါ့နော်” ပြောသည်။

    မွန်ပြည်နယ်အတွင်း H1N1 ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသူ မည်မျှရှိမည်ကို မွန်သတင်းအေဂျင်စီက မေးမြန်းသော်လည်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြန်လည်ဖြေကြားခြင်း မရှိပေ။

    H1N1 ဗိုင်းရပ်စ် ရာသီတုပ်ကွေးရောဂါသည် မိုးရာသီသို့ အကူးအပြောင်းကာလမှာ ဖြစ်ပွားလေ့ရှိရာ  ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း ခေါင်းကိုက်ခြင်း၊ ကိုက်လက်ကိုက်ခဲခြင်း စသည့်လက္ခဏာများ ခံစားရပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများမှာ ပိုမိုကူးစက်နိုင်ခြေရှိသည်။

    အဆိုပါ ရာသီတုပ်ကွေးရောဂါ ကာကွယ်ရန် Mask တပ်ခြင်း၊ လက်ကို ဆပ်ပြာနှင့် မကြာမကြာဆေးကြောခြင်း၊ လူစုလူဝေးရှောင်ကြည်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်ဟု ဆိုသည်။

    Photo-ရာသီတုပ်ကွေးရောဂါကာကွယ်ရေး ပညာပေး (ကျန်းမာရေးဝန်ကြီးဌာန)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks