spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် စည်ပင်ရွေးကောက်ပွဲအတွက် ဘတ်ဂျတ်လျာထားသည်ဆိုခြင်းမှာ လွှတ်တော်တွင် ဝန်ကြီးလိမ်ညာဖြေကြားသည်ဟု လွှတ်တော်ကိုယ်စားလှယ်ထောက်ပြ

    မွန်ပြည်နယ် စည်ပင်ရွေးကောက်ပွဲအတွက် ဘတ်ဂျတ်လျာထားသည်ဆိုခြင်းမှာ လွှတ်တော်တွင် ဝန်ကြီးလိမ်ညာဖြေကြားသည်ဟု လွှတ်တော်ကိုယ်စားလှယ်ထောက်ပြ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မေ ၂၁)

    ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကျင်းပရန် ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးလျာထားချက်တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးရှင်းလင်းပြောကြားသည့်အပေါ် လိမ်ညာဖြေကြားခြင်းသာဖြစ်သည်ဟု  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ထောက်ပြသည်။

    “ပွင့်ပွင့်လင်းလင်းပြောရင် ညာတာပေါ့၊ ဒီအတိုင်းပဲလေ လွယ်လွယ်ပြောတာပေါ့၊ ဒီလို လွယ်လွယ်ပြောလို့လည်း ပြသနာတွေ ဖြစ်နေရတာ” ဟု ဦးမင်းထင်အောင်ဟန်က ဆိုသည်။

    ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ယခု အစိုးရ သက်တမ်း မကုန်ဆုံးခင် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကျင်းပရန် အစဉ်အစီ ရှိ၊မရှိ မေးခွန်းအပေါ် ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက  ဦးမင်းကျော်လွင်က “ ၂၀-၂၁ လာမည့် နှစ်အတွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့များ၏ အရအသုံး မှန်းခြေငွေစာရင်းတွင် စည်ပင်သာယာရေး ရွေးကောက်ပွဲ ကျင်းပရန် အသုံးစရိတ်များကို လျာထားပြီး ဖြစ်သည်” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် မွန်ပြည်နယ်၏ ၂၀၂၀ – ၂၀၂၁  ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လျာထားချက်ကို အတည်ပြုနိုင်ရန် မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ရာတွင် အဆိုပါ လျာထားချက်မပါရှိခဲ့ပေ။

    ယင်းကဲ့သို့ ဘတ်ဂျတ်လျာထားချက် ကွဲလွဲနေရခြင်းမှာ အစိုးရအဖွဲ့အတွင်း ကွဲလွဲနေခြင်းသာ ဖြစ်သည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက သုံးသပ်သည်။

    “ပြီးခဲ့သည့် ရက်ပိုင်းမှာ လျာထားဘတ်ဂျတ် အကြို ညွှန်နှိုင်းဆွေးနွေးပွဲလုပ်တယ် ဦးမင်းထင်အောင်ဟန်က ဒီကိစ္စရပ်ကို ထည့်သွင်းလျာထားဖို့ ပြောတဲ့ အပေါ်မှာ ညွှန်မှူးနဲ့ ဝန်ကြီးကိုယ်တိုင်က ထည့်သွင်းလျာထားမှု မရှိဘူးလို့ ပြောသွားတာ၊ ဒီနေ့ကျတော့ စည်ပင်ဝန်ကြီးက ထည့်သွင်းလျာထားတယ် ဆိုတော့ သူတို့ အစိုးရအဖွဲ့အချင်းချင်းမှာကိုက ကွဲလွဲနေလို့သာ မြင်ပါတယ်” ဟု ဦးအောင်ကျော်သူက ဆိုသည်။

    မွန်ပြည်နယ် စည်ပင်သာယာရေး ဆိုင်ရာ ဥပဒေကို ၂၀၁၇ ခုနှစ် က မွန်ပြည်နယ် လွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်သော်လည်း ပြည်နယ်အစိုးရအကောင်အထည်မဖော်သဖြင့် ဒီမိုကရေစီစံနစ်ဖြင့် စည်ပင်သာယာရေးကော်မတီ ရွေးချယ် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

    Photo- စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks