spot_img
Monday, February 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးKNU/KNLA-PC ဥက္ကဌ ဈာပနအခမ်းအနားသို့ မွန်ပြည်သစ်ပါတီတက်ရောက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

    KNU/KNLA-PC ဥက္ကဌ ဈာပနအခမ်းအနားသို့ မွန်ပြည်သစ်ပါတီတက်ရောက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

    -

    မွန်သတင်းအေဂျင်စီ(မေ ၆)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုးသည့် KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး စောဌေးမောင် (အသက် ၉၃ နှစ်) ဈာပနအခမ်းအနားသို့ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များတက်ရောက်၍ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ 

    “ဗိုလ်ချုပ်ကြီး စောဌေးမောင်သည် ၂၀၁၀ ကာလများတွင် နိုင်ငံရေးအကြပ်အတည်းအမျိုးစုံကို ကြံ့ကြံ့ခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် ခိုင်မာသောငြိမ်းချမ်းရေးသံဓိဌာန်ဖြင့်ရပ်တည်ခဲ့သူဖြစ်ကြောင်း မွန်ပြည်သစ်ပါတီသဝဏ်လွှာတွင် ဖော်ပြသည်။

    ဈာပနအခမ်းအနားကို မေ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးဌာနချုပ်ရှိ ထို့ကော်ကိုး(ဝေနော်တယာ)ဘုရားကျောင်းမှ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်ပြီး အာဇာနည်ဗိမာန်သို့ ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်ခြင်းဖြင့် ကျင်းပခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများအပါအဝင် ရင်းနှီးချစ်ခင်သူမိသားစုဝင်များ၏ လွမ်းသူ့ပန်းခွေများနှင့်အတူ  ဆုတောင်းပွဲ အခမ်းအနားတွင် ဝမ်းနည်းကြောင်း သဝဏ်လွှာများနှင့် ဗိုလ်ချုပ်ကြီး စောဌေးမောင်၏ ကရင့်တော်လှန်ရေးဘဝဖြတ်သန်းမှုများကို မှတ်တမ်းတင်ဂုဏ်ပြုဖတ်ကြားခဲ့သည်။

    ဗိုလ်ချုပ်ကြီးစောထိန်မောင်သည် အင်္ဂလိပ်စစ်တပ်လက်အောက်ရှိ ကရင့်သေနတ်ကိုင်တပ်ရင်း(၁) တွင် လူငယ်ဘဝမှစတင်ဝင်ရောက်ခဲ့ပြီး ၁၉၄၉ ခုနှစ် ကရင်သေနတ်ကိုင်တပ်ရင်းများ တောခိုရာမှ ကရင့်တော်လှန်ရေးထဲပါဝင်ပြီး လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ တပ်မဟာမှူး၊ ထိုနောက် KNLA စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။  

    KNLA တပ်မဟာ ၇ တပ်ဖွဲ့တချို့ကို ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်၍ ၂၀၀၇ နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော့ကိုးရွာ၌ အစိုးရစစ်တပ်နှင့် ငြိမ်ချမ်းရေးရယူပြီး KNU/KNLA – PC ငြိမ်းချမ်းရေးကောင်စီ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။

    ထို့ကော်ကိုး(ဝေနော်တယာ) နေအိမ်၌ ကြီးရောဂါဖြင့် မေလ ၃ ရက် ညနေ ၆ နာရီက ဗိုလ်ချုပ်ကြီး စောဌေးမောင် ကွယ်လွန်ချိန်တွင် ဇနီး ဖီးဖီးနော်မရိုင်ယာ၊ သား သင်းအုပ်ဆရာစောလယ်ထူး၊ သမီး လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဆရာမ နော်ကပေါ်ထူး၊ သြစတြေးလျနိုင်ငံတွင် နေထိုင်နေထိုင်သည့် သမီးနော်အဲ့စေးရာနှင့် နော်ဆဘုဂေတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

    Photo- ဗိုလ်ချုပ်ကြီးစောဌေးမောင် ကျန်ရစ်သူမိသားစုနှင့် ဈာပနအခမ်းအနားတက်ရောက်သူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ မှတ်တမ်းဓါတ်ပုံ(မွန်ပြည်သစ်သတင်းစဉ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks