spot_img
Monday, February 23, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်သို့ ဒုတိယအသုတ် ပြန်လည်ဝင်ရောက်လာသည့်အလုပ်သမား ဆယ်ဂဏန်းမျှသာရှိ

    မွန်ပြည်နယ်သို့ ဒုတိယအသုတ် ပြန်လည်ဝင်ရောက်လာသည့်အလုပ်သမား ဆယ်ဂဏန်းမျှသာရှိ

    -

    အဂ္ဂနွန် (မော်လမြိုင်၊ မေ ၆)

    မြဝတီ-မဲဆောက်နယ်စပ်ဂိတ်မှ တစ်ဆင့် ဒုတိယအသုတ်ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား မွန်ပြည်နယ်သို့ ဆယ်ဂဏန်းမျှသာ ရောက်ရှိကြောင်း၊ ပြန်လည်ဝင်ရောက်ရန် ရှစ်ထောင်ကျော် စာရင်းရထားသော်လည်း မေ ၄ ရက်နေထိ မွန်ပြည်နယ်သို့  ၁၈ ဦးသာရောက်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က “လူဦးရေတွေက ကိန်းဂဏန်းကမငြိမ်သေးဘူး၊ ခန့်မှန်ခြေဘဲပြောလို့ရမယ်၊ အစက အများကြီးဝင်လိုလိုနဲ့ အခုချိန်ထိ ဘာမှမဝင်သေးဘူး၊ အခုချိန်ထိ အသစ်က ၁၈ ယောက်ဘဲရှိသေးတယ်၊ ဒုတိယအသုတ် အစက ၈၀၀၀ ကျော်ဝင်မယ်လို့ ပြောတယ် ဒါပေမယ့်အခုလောလောဆယ် ဒါဘဲရှိသေးတယ်။”ဟု ပြောသည်။

    ပြည်ပပြန် မြန်မာအလုပ်သမားများကို Quarantine ထားရှိနိုင်ရန် မော်လမြိုင်းမြို့တွင် (၇) နေရာ ပြင်ဆင်ထားပြီး ကျန်သည့် မြို့နယ်အသီးသီးတွင်လည်း ပြင်ဆင်ထားရှိကြောင်း ၎င်းက ဆိုသည်။

    ထိုင်း-မြန်မာနယ်စပ် မြဝတီလမ်းကြောင်းမှတစ်ဆင့် ယခုနှစ် မတ် ၂၉ ရက်နေ့ မှ မေ ၄ ရက်နေ့အထိ မွန်ပြည်နယ်သို့ ပြန်လည် ဝင်ရောက်လာသည့် ပြည်ပပြန်အလုပ်သမား ၁၀,၄၆၆ ဦး ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောကြားသည်။

    ကမ္ဘာတစ်လွှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်လာပြီးနောက် နိုင်ငံတိုင်းလိုလို စည်းကမ်းတင်းကြပ်ကာ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်နေသောကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများ မိမိရပ်ရွာသို့ပြန်လာခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း အခက်အခဲရှိကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “ပြန်လာနိုင်ခြေနည်းမယ်လို့ ကျွန်တော်ယူဆတယ် အခုချိန်ထိ ထိုင်းနိုင်ငံက အသွားအလာလှုပ်ရှားမှုက ကျွန်တော်တို့ နိုင်ငံထက်စာရင်း ပိုပြီးတော့တင်းကြပ်ထားတယ် ပိုပြီးတော့လည်း ကန့်သတ်ထားတယ်၊ ဒါကြောင့်မို့ တစ်နယ်နဲ့တစ်နယ် ရွှေ့ပြောင်းသွားလာမယ့်ကိစ္စကတော့ မလိုလားအပ်ဘဲနဲ့ လွယ်လွယ်ကူကူဖြေလျော့တာမျိုးမရှိသေးဘူး။”ဟု ၎င်းက ပြောသည်။

    ထို့ပြင် ထိုင်းငံနိုင်းရှိ စီးပွားရေးလုပ်ငန်းအတော်များများသည် မြန်မာအလုပ်သမားများကို အားကိုး လုပ်ကိုင်နေရပြီး အဆိုပါ အလုပ်သမားများကို ပြန်ခွင့်ပြုမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါ ကာလပြီးပါက လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိတာကြောင့် နေရပ်ပြန်ဖို့အရေး ထိုင်းနိုင်ငံအစိုးရက အားပေးမည်ဟုမထင်ကြောင်း ၎င်းက ယူဆပြောဆိုသည်။

    Photo- မော်လမြိုင်ဆယ်မြို့နယ်ဆောင် CBFQသို့ ထိုင်းနိင်ငံမှ မေ ၄ ရက်နေ့က နေရပ်ပြန်(၆)ဦး ရောက်ရှိ(Bo Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks