spot_img
Monday, February 23, 2026
More
    spot_img
    HomeCovid 19ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်မရသဖြင့်အခက်အခဲကြုံ

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်မရသဖြင့်အခက်အခဲကြုံ

    -

    မွန်သတင်းအေဂျင်စီ (မေ ၆)

    Covid-19 ကြောင့် လုပ်ငန်းအသီးသီးကို ရပ်ဆိုင်းထားရသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ လတ်တလောနေရပ်ပြန်မရသဖြင့် အခက်အခဲကြုံများစွာ ကြုံတွေ့နေရကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ဘန်ကောက်မြို့အနီး အလုပ်ရုံတစ်ခုမှ ထွက်ခွာလာခဲ့ပြီး လမ်းတစ်ဝက်၌ သောင်တင်နေသူ စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြန်မည့် ကိုမောင်က “ဒီကလူတွေပြန်မယ်ဆိုတဲ့အခါကျတော့ ကျနော်စက်ရုံကထွက်လာပြီး ဒီကျတော့ လမ်းတွေပိတ်ထားတယ် ပြန်မရဘူးဆိုတဲ့အခါကျတော့ ကျနော်ဒီမှာသောင်တင်နေရတယ်၊ စက်ရုံကလည်း ကျနော့်ကို ပြန်လက်မခံ ဖြစ်နေတယ်၊ ကိုယ့်နေရာမဟုတ်တော့ ဒီမှာနေထိုင်ရတာအခက်အခဲရှိပါတယ်၊ လိုင်းပေါ်မှာ လေယာဉ်တွေနဲ့ လာခေါ်မယ်လို့ကြားတယ်၊ ကားတွေနဲ့လည်း ပြန်မယ်လို့ကြားရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လို့ရတဲ့အချိန် ပြန်မယ်လို့ ကျနော်မှန်းထားတယ်ခင်ဗျ၊ ရတဲ့ဟာနဲ့ပြန်မယ်” ဟု ဆိုသည်။ 

    ယင်းသို့မြန်မာပြည်ပြန်နိုင်ရန် အလုပ်သမားသံအရာရှိရုံး၏ Website တွင် လိုအပ်သောဖောင်ဖြည့်စွက်ထားပြီး လက်ခံရရှိပြီးကြောင်း Massage အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    အလားတူ ဖူးကက်မြို့တွင် အလုပ်လုပ်ကိုင်နေသူ ကိုဇော်ဇော်က “ကျနော်တို့ပြန်မှာက မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ပါခင်ဗျ၊ ကျနော်လုပ်တဲ့လုပ်ငန်းက ကမ်းခြေမှာစားသောက်ဆိုင်လုပ်ငန်း၊ အခုပိတ်ထားတယ်၊ ၁၀ လပိုင်း ၁၁ လပိုင်းအထိ ပိတ်ထားမယ်လို့ သူဌေးက ပြောထားတယ်၊ လောလောဆယ် ဗမာပြည်ပြန်ချင်တာပေါ့ဗျာ၊ ဆိုင်ပိတ်ထားတော့ ဒီမှာအခက်အခဲကြုံတာပေါ့” ဟု ဆိုသည်။ 

    သို့ရာတွင် ယခုအခါနေရပ်ပြန်သည့်အခါ လမ်းမှာအခက်အခဲအမျိုးမျိုးကြုံရနိုင်သလို မြန်မာပြည်ရောက်လျင်လည်း Quarantine ဝင်ရမှာဖြစ်ပြီး နောက်ပိုင်းထိုင်းနိုင်ငံသို့ပြန်ဝင်ရန် အခက်အခဲဖြစ်မည်ကို စိုးရိမ်သည့်အတွက် လောလောဆယ်မြန်မာပြည်ပြန်ရန် မဖြစ်သေးကြောင်း ဖူးကက်ကမ်းခြေ၌ အိမ်အလှပန်းဆိုင်းလုပ်ငန်းလုပ်ကိုင်နေသူ သံဖြူဇရပ်မြို့နယ် ပငကျေးရွာသူ မယမင်းအိက ပြောသည်။

    “အခုလောလောဆယ်တော့ ဘယ်သူမှမပြန်ဘူး၊ ပြန်လို့မရသေးဘူး၊ ဒီကပြန်သွားရင် လမ်းခရီးမှာအခက်အခဲဖြစ်မှာစိုးရိမ်တယ်၊ လမ်းခရီးမှာ Covid-19 ရောဂါကူးမှာကြောက်လို့ရယ်၊ ပြီးတော့ ပြန်ရင် တစ်ခါတည်းအိမ်ပြန်မရောက်ဘူးလေ၊ Quarantine ၂၁ ရက်နေရမယ်၊ အိမ်မှာ ၇ ရက် စုစုပေါင်း၂၈ ရက်နေရမယ်၊ နောက်ပြီးတော့ ဒီကိုပြန်ဝင်လာရင်လည်း အခက်အခဲဖြစ်မှာကြောက်တယ်၊ အဲဒါကြောင့် လောလောဆယ်မပြန်ချင်သေးဘူး” ဟု ၎င်းက ဆိုသည်။ 

    အကယ်၍ အရေးကြီးသည့်ကိစ္စများ၊ အခက်အခဲများမကြုံတွေ့ရပါက မြန်မာအလုပ်သမားများအနေဖြင့် မိမိရောက်ရှိရာဒေသ၊ တိုင်းပြည်တစ်ခုမှာ မိမိလုပ်ငန်းခွင်၌ စနစ်တကျလုပ်ကိုင်စေလိုကြောင်း၊ မလိုအပ်ဘဲ အလုအယက်အလုံးအရင်းဖြင့် မြန်မာပြည်ပြန်သွားပါက လုံလောက်မှုမရှိသော ကျန်းမာရေးဝန်ထမ်းနှင့် အစိုးရဝန်ထမ်းများကို အနှောက်အယှက်ပြုရာမရောက်စေလိုကြောင်း ၊ လက်ရှိထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေကိုလေးစားလိုက်နာပြီး မြန်မာသံရုံးမှကြေငြာချက်ထုတ်ပြန်မှသာ မြန်မာပြည်ပြန်စေလိုကြောင်း ထိုင်းမြန်မာအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဥက္ကဌ ကိုအောင်ကျော်က ဆိုသည်။

    “ကျနော်တို့မြန်မာနိုင်ငံသားတွေဟာ မိခင်နေရပ်ကိုပြန်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဘန်ကောက်နဲ့ အခြားနယ်မြေအသီးသီးကနေ နာရီပေါင်းများစွာနဲ့ တစ်ညလုံးကားတွေစီးပြီး ပြန်ရမှာဖြစ်ပါတယ်ခင်ဗျ၊ ကာဖျူးအမိန့်ကလည်း ဒီမေလကုန်ထိ ရှိနေတဲ့အခါမှာ ကျနော်တို့မိခင်နိုင်ငံအစိုးရက မေလ ၁ ရက်နေ့ကစပြီးမှ ကိုယ့်ရဲ့နိုင်ငံသူ အသွေးအသားတွေအားလုံးကို လှိုက်လှဲပျူငှာစွာကြိုဆိုဖို့ ပြင်ဆင်ထားသော်လည်း တစ်ဖက်နိုင်ငံရဲ့ တည်ဆဲဥပဒေကို ကျနော်တို့ ကျော်လွှားနိုင်ခြင်း မရှိလို့ အဲလိုအဟန့်အတား ဖြစ်နေပါတယ်ခင်ဗျ”ဟု ပြောသည်။  

    ထိုင်းနိုင်ငံ၌ တရားဝင်ရော တရားမဝင်ပါအလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃ သန်းဝန်းကျင်ရှိသည်ဟု အလုပ်သမားအရေးလှုပ်ရှားနေသူများ ခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့်သင်္ကြန်မတိုင်ခင်တွင် မဲဆောက်-မြဝတီလမ်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ သောင်းနီးပါးခန့် ပြန်လာခဲ့ရာတွင် ကိုရိုနာရောပိုးတွေ့ရှိသူ ၃ ယောက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။

    Photo-ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း(Global South)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks