spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ရှိ မိဘနေရပ်ထံ လူမှုရေးဗီဇာဖြင့်ခေတ္တပြန်လာသူ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားတစ်ဦး တရားစွဲခံနေရပြီး ဖခင်ဖြစ်သူကိုလည်း အာမခံဖြင့်လွှတ်ပေးထား

    ရေးမြို့နယ်ရှိ မိဘနေရပ်ထံ လူမှုရေးဗီဇာဖြင့်ခေတ္တပြန်လာသူ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားတစ်ဦး တရားစွဲခံနေရပြီး ဖခင်ဖြစ်သူကိုလည်း အာမခံဖြင့်လွှတ်ပေးထား

    -

    မွန်သတင်းအေဂျင်စီ (မေ ၃)

    ရေးမြို့နယ် ကလော့လေးကျေးရွာရှိ မိဘနေရပ်ထံ လူမှုရေးဗီဇာဖြင့်ခေတ္တပြန်လာသူ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားတစ်ဦး လဝကဥပဒေ ၁၃(၁) ဖြင့်တရားစွဲခံနေရပြီး ရေးမြို့မရဲစခန်း၌ ဖမ်းဆီးထိမ်းသိန်းထားသည်မှာ တစ်လကျော်ကြာမြင့်ပြီဖြစ်ကြောင်း၊ ၎င်း၏ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးပြီးအာမခံပေးထားကြောင်း ကာယကံရှင် မိသားစုဝင်များထံမှ သိရသည်။

    “လူမှုရေးဗီဇာနဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မြန်မာပြည်ရောက်လာပါတယ်၊ ကျိုက်မရောမြို့နယ် ကော့ဒွန်းကော့ပနော့က ကျမမိဘအိမ်ကိုသွားလည်တယ် ပြီးတော့ ကလော့လေးရွာမှာရှိတဲ့ ကျမယောက္မမအိမ် သွားကြတယ်၊ မတ်လ ၃၀ ညမှာ အုပ်ချုပ်ရေးမှူး၊ ရဲတို့က ကျမအမျိုးသားနဲ့ ယောက္ခမကို ကိုရိုနာရောဂါစစ်ဖို့ဆိုပြီး အိမ်ကနေ လာခေါ်တယ်၊ နောက်မှအဖမ်းခံထိမှန်း သိရတယ်၊ ကျမက မြန်မာနိုင်ငံသားပဲဖြစ်နေတော့ အဖမ်းမခံထိဘူး” ဟု ဖမ်းဆီးခံရသူ၏ဇနီးဖြစ်သူ မိကလျာစိုးက မွန်သတင်းအေဂျင်စီကို ပြောသည်။ 

    သို့ရာတွင် မိဘဆွေမျိုးထံ တရားဝင်လာရောက်နိုင်ရန် လူမှုရေးဗီဇာခွင့်ပြုချက်ရရှိထားသော်လည်း ယင်းကဲ့သို့ဖမ်းဆီးခံရသည့်ဖြစ်စဉ်အပေါ် မိမိတို့နားမလည်ဖြစ်မိကြောင်း ၎င်းက ဆက်ပြောသည်။

    ကလော့လေးဇာတိ အမေရိကန်နိုင်ငံသား လယိမာန် Layi Marn ပတ်စပို့နံပါတ် 508031122 ကိုင်ဆောင်သူအား လာမည့် မေလ ၈ ရက်နေ့အထိမြန်မာနိုင်ငံ၌ နေထိုင်ခွင့်ကို ဝါရှင်တန်ဒီစီရှိမြန်မာသံရုံးမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က A 204265 နံပါတ်ဖြင့် ဗီဇာထုတ်ပေးခဲ့ကြောင်း တွေ့ရှိရသည်။

    “အဲဒီညက ကျမမောင် လယိမာန်နဲ့အတူ အဖေကိုလည်း ရဲနဲ့လဝက ခေါ်သွားတယ်၊ အဖေ့ကို အာမခံနဲ့ပြန်လွှတ်ပေးတယ်၊ နိုင်ငံခြားသားလက်ခံတဲ့အမှုနဲ့ ဒဏ်ငွေ ၅ သိန်းချမှတ်မယ်လို့ ပြောတယ်၊ မနက်ဖန်ရုံးချိန်းထားတယ်၊ လူအများနဲ့ သွားလို့မရဘူး ၂ ယောက်ပဲသွားရမယ်လို့ဆိုတယ်” ဟု ကာယကံရှင်၏ အစ်မတော်စပ်သူ မိသီတာမိုးက ဆိုသည်။

    အဆိုပါ အမေရိကန်နိုင်ငံသား လယိမာန်အား လဝကဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုထားကြောင်း ရေးမြို့နယ် လဝကရုံး ဒုဦးစီးမှူး ဦးတင်အောင်နိုင်က ပြောသည်။ 

    ၎င်းက “ ကျနော်တို့ရဲကိုလွှဲထားပြီးတော့ တရားစွဲထားတုန်း၊ တရားရုံးကစစ်နေတုန်း၊ လဝကဥပဒေ ၁၃(၁) နဲ့ စွဲထားတယ်” ဟု ဆိုသည်။

    နိုင်ငံခြားသားများနှင့် သက်ဆိုင်သော (သို့တည်းမဟုတ်) ပြည်တွင်းတွင် နေထိုင်မည့်သူတစ်ဦး အနေဖြင့် သိရှိရမည့် ဥပဒေများ (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များ အက်ဥပဒေ ၁၃(၁) တွင်   ဤအက်ဥပဒေပါပြဌာန်းချက်များနှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်ဖြစ်စေ၊ ပြည်တွင်းဝင်ရောက် နေထိုင်ခွင့်လက်မှတ်၊ သို့တည်းမဟုတ် ပြည်ဝင်ဗီဇာတွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့် ဖြစ်စေ၊ ဆန့်ကျင်လျက်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သူသည်၊ သို့တည်းမဟုတ် ဝင်ရန်အားထုတ်သူသည်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ဝင်ရောက်ပြီးမှ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆန့်ကျင်လျက် ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေသူသည်၊ သို့တည်းမဟုတ် နေရန်အားထုတ်သူသည် (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ) စီရင်ခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။

    ထို့အတူ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ Covid လူနာအမှတ် ၄ ကို သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ နေအိမ်တွင်လက်ခံထားသဖြင့် လူနာ၏ဇနီးကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တရားရုံးက နိုင်ငံခြားသားမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၅/၁ အရ ဧပြီလ ၂၄ ရက်နေ့တွင် ဒဏ်ငွေ ၅ သိန်းချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

    ရေးမြို့၌ လဝကဥပဒေဖြင့် ဖမ်းဆီးခံရသူ အမေရိကန်နိုင်ငံသား၏ ဝင်ခွင့်ဗီဇာ( Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks