Tuesday, March 10, 2026
More
    spot_img
    HomeCovid 19ထိုင်းနိုင်ငံ ဆောင်ခလာခရိုင်တွင် တရားမဝင် အလုပ်သမားများအတွက် ကိုဗစ် ၁၉ ရောဂါကုသရေးဌာန ဖွင့်လှစ်

    ထိုင်းနိုင်ငံ ဆောင်ခလာခရိုင်တွင် တရားမဝင် အလုပ်သမားများအတွက် ကိုဗစ် ၁၉ ရောဂါကုသရေးဌာန ဖွင့်လှစ်

    -

    မွန်သတင်းအေဂျင်စီ (မေလ ၁ ရက်)

    ထိုင်းအစိုးရ ကျန်းမာရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ ဝင်များသည် ယမန်နေ့ ဧပြီလ (၃၀) ရက်နေ့ တွင် နိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင်သို့ သွားရောက်ကာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ်လုပ်နေပြီး ကိုဗစ် ၁၉ ဗိုင်းရပ်ကူးစက်ခံရသူ ပြည်ပအလုပ်သမား (၄၂) ဦးအား ထားရှိသည့် ယာယီရောဂါ ကုသရေးဌာနသို့ သွားရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံ အမှတ် (၃) ရုပ်မြင်သံကြား ညပိုင်းသတင်းတွင် ဖော်ပြထားသည်။

    ထိုင်းနှင့် မလေးရှားနယ်စပ် ဆောင်ခလာခရိုင်အတွင်းရှိ မလေးရှားနိုင်ငံအတွက် ထိုင်းနိုင်ငံ၏ လူဝင်ကြီးကြပ်ရေးဌာနကို ကိုဗစ် (၁၉) ရောဂါကုသရေးဌာနအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

    ထိုင်းကျန်းမာရေးဝန်ကြီးက "ဒီနိုင်ငံအတွင်းကို ရောက်လာတဲ့ မည်သူမဆို လူသားစာနာမှုအနေနဲ့ ကြည့်ရှူစောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ လူနာက (၄၂) ဦး ဆိုတော့ အခြားဆေးရုံတွေကို ရွေ့ ပြောင်းသွားဖို့ ဆိုတာကလဲ မလွယ်ကူလှဖူး။ ဒါကြောင့် ဒီနေရာကို ကိုဗစ် ၁၉ ကုသရေးဆေးရုံအနေနဲ့ ပြောင်းလဲလိုက်တာပါ” ဟု ပြောသည်။

    ထိုင်းနိုင်ငံအတွင်း ချမှတ်ထားသည့် ကျန်းမာရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အတူ လူသားစာနာမှုအနေဖြင့် လိုအပ်သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို ပေးပို့ကာ လိုအပ်သေည့် ဆေးဝါးနှင့် စားစရာများကိုလည်း ဖြည့်ဆည်းထားမည် ဖြစ်သည်။

    ဆေးရုံအုပ်" ဒေါက်တာသုဝမ် ဝိရိဖုန်သုကာန်" က "ဒီမှာ ဆေးရုံတရုံလိုပဲ ကျနော်တို့ စီစဉ်ထားတာပါ၊ ပစ္စည်းတွေလည်း အပြည့်အဝရှိတယ်။ နောက်ပြီး ဒီဆေးရုံမှာ ကိုဗစ် ၁၉ ရောဂါရသွားတဲ့ ပြည်ပအလုပ်သမားတွေကို ကုသနိုင်တဲ့ ပတ်ဝန်းကျင်အတွက်လဲ လုံခြုံပါတယ်" ဟု ဆိုသည်။

    ထိုကိုဗစ် (၁၉) ကူးစက်သူများ (၄၂) ဦးထဲတွင် မြန်မာနိုင်ငံသားအလုပ်သမားမှာ အများဆုံးဖြစ်ပြီး ကမ်ပူချားနိုင်ငံသား၊ အိန္ဒိယနိုင်ငံသားတို့ ပါဝင်သည်ဟု ထိုင်းအမှတ် (၃) သတင်းဌာနတွင် ဖော်ပြထားသည်။

    လွန်ခဲ့သည့် မတ်လဆန်းမှ စပြီး ထိုင်းနိုင်ငံ မလေးရှားနိုင်ငံတို့ တွင် ကိုဗစ် (၁၉) ကပ်ရောဂါ ကျရောက်သည့် အတွက် ထိုနိုင်ငံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ မိမိနေရပ်သို့ ပြန်ရန် ကြိုးစားရာမှ အဖမ်းအဆီးခံရသည့်အပြင် ကိုဗစ် (၁၉) ရောဂါလည်း ကူးစက်ခံနေရသူများ ဖြစ်သည်။

    ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃,၀၀၀ ဝန်းကျင်ရှိပြီး ထိုင်းကျန်းမာရေးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား ၅၁ ဦးပါဝင်ကြောင်း သိရသည်။

    Photo- လူဝင်ကြီးကြပ်ရေးရုံးမှ ဆေးရုံအဖြစ် ပြောင်းလဲလိုက်သည့်နေရာ(Online)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks