Thursday, March 12, 2026
More
    spot_img
    HomeCovid 19လူ ၅ ဦးနှင့်အထက် စုဝေးခြင်းမပြုရဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမိန့်ထုတ်ပြန်

    လူ ၅ ဦးနှင့်အထက် စုဝေးခြင်းမပြုရဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမိန့်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (အေပြီ ၁၇)

    COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်နိင်ရေးအတွက် လူ ၅ ဦး ဖြစ်စေ၊ ၅ ဦးအထက် ဖြစ်စေ စုဝေးခြင်းမပြုရဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၂၀ ခုနှစ် အေပြီလ ၁၆ ရက် ညနေပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် အစိုးရအဖွဲ့များ တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှ ပြန်ခြင်း။ ကုမ္ပဏီ စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှ ပြန်ခြင်း။  ခွင့်ပြုချက် ရရှိထားသော ဈေး၊ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း။  ခွင့်ပြုချက်ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း။ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။ ခွင့်ပြုချက်နှင့်အညီ COVID-19 ကာကွယ်၊ နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။  အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း။ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း။ နာရေးကိစ္စရပ်များကို ဆောင်ရွက်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ခြွင်းချက်အဖြစ် ကင်းလွတ်ခွင့်ပြုထားသည်။

    ထို့ပြင် မည်သူမဆို လုံလောက်သောအကြောင်းပြချက်မရှိပဲ နေ့စဉ် ည ၉ နာရီမှ နံနက် ၄ နာရီအချိန်အထိ ပြင်ပသို့ လုံးဝထွက်ခွာခြင်းမပြုရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး နေ့ခင်းဘက်တွင် မဖြစ်မနေ ပြင်ပသို့သွားလာရန် ကိစ္စရှိပါက အိမ်ထောင်စုတစ်စုလျှင် လူတစ်ဦးတည်းသာထွက်ရန်၊ Mask မတပ်ပဲ အိမ်အပြင်သို့ ထွက်ခွာခြင်းလုံးဝမပြုရန် လိုက်နာရန်စည်းကမ်းချက်များ ထုတ်ပြန်လိုက်သည်။

    အလားတူ စစ်ကိုင်းတိုင်းအတွင်း ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ဧပြီ ၁၃ ရက်စွဲဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး လိုက်နာရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ကျန်မာရေး လူမူရေးကိစ္စဖြင့် သွားလာခြင်းမှအပ လုံလောက်လောက်သော အကြောင်းပြချက် မရှိဘဲ မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်း မပြုလုပ်ကြရန် အမိန့်ထုတ်ပြန်ထားသည်။

    Photo- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏အမိန့် (Copy)  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks