Thursday, March 12, 2026
More
    spot_img
    HomeCovid 19Covid 19 ရောဂါတာဆီးကာကွယ်ရေးအတွက် မွန်ပြည်နယ်မှ လူငယ့်စေတနာဝန်ထမ်း ၉၀ ကျော်ရှိ

    Covid 19 ရောဂါတာဆီးကာကွယ်ရေးအတွက် မွန်ပြည်နယ်မှ လူငယ့်စေတနာဝန်ထမ်း ၉၀ ကျော်ရှိ

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဧပြီ ၁၁)

    မွန်ပြည်နယ်အတွင်း Covid 19 ရောဂါတာဆီးကာကွယ်ရေးလုပ်ငန်းအတွက် မွန်ပြည်နယ်လူငယ့်ရေးရာကော်မတီ Mon State Youth Affairs Committee မှ စာရင်းကောက်ယူနေပြီး လက်ရှိတွင် လူငယ့်စေတနာ့ဝန်ထမ်း ၉၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီ အတွင်းရေးမှူး ကိုကြည်ဇော်လွင်က ပြောသည်။

    “လူငယ်တွေကို ပစ်မှတ်ထားတယ် အသက်၂၀ နဲ့ ၃၅ ပေါ့နော် အသက် ၂၀ အောက်ပါလို့မရဘူးလားဆိုတော့ တကယ့်တော့ ကို့စိတ်ဆန္ဒပါရင်တော့ လက်ခံတယ်ပေါ့ ကျွန်တော်တို့မှာ အခု အသက် ၁၇ နှစ် လူငယ်တွေလည်း အများကြီး ပါလာတယ်ပေါ့ အသက် ၃၅ နှစ် အရွယ်တွေလည်းပါတယ်” ဟု ကိုကြည်ဇော်လွင်က ဆိုသည်။

    လက်ရှိကောက်ယူရထားသည့် စာရင်းများကို နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ထားပြီး စာရင်းကျလာပါက လုပ်ငန်းများ စတင်အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်သည်ဟု ၎င်းကဆိုသည်။

    “အဓိကက ပညာပေးလုပ်ငန်းတစ်ခုရယ် နောက်တစ်ခုက ကွာလတင်းဌာနတွေ အတွင်းထဲမှာ လိုအပ်တဲ့ ဌာနတွေ ကျန်းမာရေး စစ်မှုတွေ စတဲ့ လိုအပ်မှုတွေ လုပ်ဖို့ ကျွန်တော်တို့ တိုင်ပင်တယ် နောက်တစ်ခုက နှစ်သိမ့် အကြံပြုတာပေါ့နော် အဓိကဖြင့် သူတို့ ဒီကိုရောက်လာတာက လူမှုအသိုင်းအဝိုင်းကပေါ့နော် သူတို့ပေါ်မှာ သက်ရောက်မှု တစ်ခုခု ပြောနေဆိုနေတာက ရှိတော့ သူတို့အတွက် နှစ်သိမ့်ပညာပေး သုံးခုကို လုပ်ဖို့ သဘောတူခဲ့တယ်” ဟု ကိုကြည်ဇော်လွင်က ဆိုသည်။

    ထို့သို့လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံ လူငယ့်ရေးရာကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ လမ်းညွှန်ချက်ဖြင့် မွန်ပြည်နယ် လူငယ့်ရေးရာကော်မတီမှ လုပ်ဆောင်သွားမှာလည်းဖြစ်သည်။

    သို့ရာတွင် လက်ရှိမှာ စေတနာ့ဝန်ထမ်းများ အနေဖြင့် လာရောက်လုပ်ဆောင်သူများရှိသော်လည်း ကျန်းမာရေးကဏ္ဍအရေအတွက် အားနည်းနေသေးသည်ဟု မွန်ပြည်နယ် ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာထွန်းအောင်ကြည်က ဆိုသည်။

    “ကျန်မာရေး Volunteer က နည်းနေသေးတယ်  Volunteer က အမျိုးမျိုးရှိတာပေါ့နော် ကျန်းမာရေး HA တို့ဘာတို့ပေါ့နော်  သူနာပြုတို့ ကျန်းမာရေးမှူးတို့ in Service မဟုတ်တဲ့ သူတွေ ကတော့ လာတော့လာတယ် နည်းတယ်ပေါ့နော် ကျန်တဲ့ ကျန်းမာရေးနဲ့ နားမလည်တဲ့သူတွေလည်း လာလုပ်လို့ရပါတယ် ခုလည်းလုပ်နေကြတာပဲ” ဟု ၎င်းကဆိုသည်။

    စေတနာ့ဝန်ထမ်း လုပ်ဆောင်ရာတွင် မိဘများ၏ ခွင့်ပြုချက်လိုအပ်မှာဖြစ်ပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင်မည့်အပိုင်းအလိုက် သင်ကြားရေးအစီအစဉ်များ လုပ်ဆောင်ပေးသွားမည်ဟု ကိုကြည်ဇော်လွင်က ဆိုသည်။

    မွန်ပြည်နယ်တွင် ဧပြီလ ၁၀ ရက်နေ့အထိ သံသယစောင့်ကြည့်လူနာ (PUI)နှင့် Hospital  Quarantine စောင့်ကြပ်စစ်ဆေးသူ စုစုပေါင်း ၉၀ကျော် ရှိနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

    Photo- မွန်ပြည်နယ်လူငယ့်ရေးရာကော်မတီ၏ နှိုးဆော်ချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks