spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းသထုံမြို့ပေါ်တွင် သောက်သုံးရေ ရှားပါးနေပြီး စေတနာရှင်များကိုသာ အားကိုယ်းနေရ

    သထုံမြို့ပေါ်တွင် သောက်သုံးရေ ရှားပါးနေပြီး စေတနာရှင်များကိုသာ အားကိုယ်းနေရ

    -

    ရန်လင်းအောင် (သထုံ၊ ဧပြီ ၉)

    မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့တွင် သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်နေပြီး စေတနာရှင်များက လာရောက်လှူဒါန်းနေမှုကိုသာ အားကိုယ်းနေရသည်ဟု ဒေသခံများက ဆိုသည်။

    သထုံမြို့ အောက်ကျင်းရပ်ကွက်မှ မအေးကြွယ်က “ရေရှားတာတော့ တစ်လလောက်ရှိပြီ သောက်ရေရော သုံးရေရောပေါ့ လာလှူရင်တော့ ခတ်နိုင်သလောက်သုံးရတာပေါ့ လာလှူတာရှိတော့ နည်းနည်းအဆင်ပြေတာပေါ့ ဒီလိုပဲ လှောင်ပြီးတော့ သုံးရတာပေါ့ လာလှူရင်တော့ နည်းနည်းချွေတာပြီးတော့သုံးပေါ့ ဒီလိုပဲ အားကိုယ်းနေရတယ် ခါတိုင်းဘုန်းကြီးကျောင်းက ရေပိုက်ကိုအားကိုနေတာ ခုဘုန်းကြီးကျောင်းက ရေမလွှတ်တော့” ဟု ပြောသည်။

     တပေါင်းလမှစပြီး ရေရှားကာ သောက်သုံးရေကို အဓိကထားပြီး လာရောက်လှူဒါန်းတာ ဖြစ်သည်ဟု ဒေါ်စံပယ်က ဆိုသည်။

    “စက်ဆီလည်းဈေးပေါနေတော့ အဒေါ်တို့သက်သက် ရေလှူချင်တော့ အလုပ်တွေနားပြီးရေလာလှူတာ ရေရရင် ရသလိုလှူပေးတယ် ဒီမှာက သူတို့ပိုက်က ရေမလာတော့ဘူးလို့တော့ပြောတယ် ပေးတော့ပေးတယ်ပေါ့နော် သောက်ရေတွေဘာတွေမရဘူး သုံးလို့ပဲရတယ် အဒေါ်တို့က အဓိက သောက်ရေလာလှူတာ” ဟု ဒေါ်စံပယ်က ဆိုသည်။

    လက်ရှိမှာ ရေလှောင်ကန်တွေရှိသော်လည်း ရေမရှိဘဲ သောက်သုံးရေများ လိုအပ်နေသည်ဟု အောက်ကျင်းရပ်ကွက် ကန်ညီနောင် ရာအိမ်မှူး ဦးမောင်ပုက ဆိုသည်။

    “သင်္ကြန်နီးလောက်ဆို ရေကတော်တော်ရှားပါးပြီး ဘူတာကန်က ဒီနှစ်မှတူးပြီးတော့ ရေလွှတ်ပေးတယ် စက်နဲ့ မီးသေသွားရင် ရေမလာတော့ဘူး ဝါးပါးဆည်ကလည်းရေလွှတ်ပေးနေတယ် အဲ့ဒီရေက ကုန်သွားရင် အဆင်မပြေတော့ဘူး အဲ့ရေကို မသောက်ကြဘူး သုံးကြတယ် သောက်ရေပဲလိုအပ်နေတယ်  ကန်တွေရှိတယ် ရေမရှိတော့တာ သောက်ရေပဲလိုအပ်တာ ရေရှားရင် လေးလလောက်ရှားမယ်” ဟု ဦးမောင်ပုက ဆိုသည်။

    သထုံမြို့တွင် မြို့ပေါ် ၅ ရပ်ကွက်ရှိပြီး အခြေခံလူတန်းစားများ အနေများသည့် နေရာများတွင် သောက်သုံးရေရှားပါး မှုများ အဓိက ဖြစ်ပေါ်သည်ဟု ဒေသခံတွေ ထံမှသိရသည်။

    အလားတူ မွန်ပြည်နယ် တောင်တိုင်းဒေသဖြစ်သော မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်ရှိ အချို့ကျေးရွာများတွင် နွေရာသီ ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရပြီဟု သတင်းရရှိသည်။

    Photo- သထုံမြို့တွင် ရေလှူဒါန်းနေစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks