spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်စိတ်ကျန်းမာရေးဌာနတွင် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးဖြတ်သူ တစ်ထောင်နီးပါးရှိ

    မွန်ပြည်နယ်စိတ်ကျန်းမာရေးဌာနတွင် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးဖြတ်သူ တစ်ထောင်နီးပါးရှိ

    -

    စသောင်းနွန်(မတ် ၂၀)

    မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်ထားသော စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာနတွင် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးလာဖြတ်သူ တစ်ထောင်နီးပါးရှိကြောင်း သိရသည်။

    သို့ရာတွင် ယခင်နှစ်ထက် မူးယစ်ဆေးလာဖြတ်သူအရေအတွက် အလွန်ကွာခြားခြင်းမရှိကြောင်း မွန်ပြည်နယ် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာနတာဝန်ခံ ဒေါက်တာဝင်းကျော်သူက ပြောသည်။

    ”မနှစ်က ၂၀၁၈ မှာ ဆေးရုံတက်တဲ့လူရော ပြင်ပလူနာလာပြတဲ့လူရော အကြိမ်ပေါင်း ၁၀၁၄ ကြိမ် ရှိတယ်။ လူနာအသစ်လေးပုံတစ်ပုံ ၂၈၀ နီးပါးလောက်ရှိတယ်။ ၂၀၁၉ ခုနှစ်မှာ ဆေးရုံလာတက်တဲ့လူနာရော အတွင်းလူနာရော ၉၈၂ ယောက် ရှိတယ် လူနာအသစ်က ၂၃၄ ယောက် ရှိတယ်”ဟု ဒေါက်တာ ဝင်းကျော်သူက ဆိုသည်။

    အထွေထွေရောဂါကုဆေးရုံနှင့်တွဲလျက်ရှိသောကြောင့် စိတ်ကျန်းမာရေးဆေးရုံကြီးကဲ့သို့ အစားအစာနှင့် ထမင်းကျွေးစနစ်မရှိသလို လူနာများထိန်းရန် ကျွမ်းကျင်လုပ်သားများမရှိဘဲ သာမန်ဝန်ထမ်းများ၊ သာမန်သူနာပြုများသာ ရှိသည်ဟု ၎င်းကဆက်ပြောသည်။

    အဆိုပါ မူးယစ်ဆေးလာဖြတ်သူများတွင် မိန်းကလေးဦးရေ ၁ ရာခိုင်နှုန်းဝန်းကျင်သာ ရှိကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

    ”တစ်ချို့ကျတော ဆေးစွဲတယ် မူးယစ်ဆေးသုံးတယ် သူတို့ကိုယ်တိုင်က ဖြတ်ချင်တော့ လာတာရှိတယ် ၊ တစ်ချို့ကျတော့ မူးယစ်ဆေးသုံးပြီး နောက်ဆက်တွဲတွေက စိတ်ရောဂါဖြစ်နေတယ်။ တစ်ချို့တော့ စိုးရိမ်စိတ်လွန်ကဲပြီး လာတာ ဆရာတို့က သူတို့အခြေအနေပေါ်ကြည့်ပြီးတော့ ဆေးကုရတယ်။ ပြီးတော့ တအားကြီးကြမ်းတမ်းတဲ့ လူတွေလည်းရှိတယ်၊ သူ့ကိုသူ အန္တရာယ်ပြုနိုင်တာတို့ကို ဆေးရုံတင်လိုက်ရတယ်” ဟု ဒေါက်တာဝင်းကျော်သူက ပြောသည်။

    ထို့ပြင် မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ထောက်ပံ့ကြေးပါ ပေးဆောင်နေသည်ဟု သိရသည်။

    ယခုအခါ မွန်ပြည်နယ်တွင် အသက် ၁၀ နှစ်ခန့်ရှိသော ကျောင်းသားလူငယ်များအထိ မူးယစ်ဆေးဝါးသုံးစွဲမှုရှိနေပြီဖြစ်ကြောင်း လူငယ် ၄၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါး အသုံးပြုနေကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းများမှ သိရသည်။

    Photo-  မွန်ပြည်နယ် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာန (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks