spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးဘုရားပွဲတော် မတ်လ ၂၁ ရက်တွင်ရပ်ဆိုင်းသော်လည်း ဘုရားဖူးများလမ်းလျှောက်၍ တက်ရောက်ဖူးမျှော်နိုင်မည်

    ကျိုက်ထီးရိုးဘုရားပွဲတော် မတ်လ ၂၁ ရက်တွင်ရပ်ဆိုင်းသော်လည်း ဘုရားဖူးများလမ်းလျှောက်၍ တက်ရောက်ဖူးမျှော်နိုင်မည်

    -

    ဗညားပိုင် (မတ်လ ၁၉)

    ကျိုက်ထီးရိုးဘုရားပွဲတော်ကို မတ်လ ၂၁ ရက်နေ့မှစ၍ ရပ်ဆိုင်းမည်ဖြစ်သော်လည်း  စေတီမြတ်ရှိရာတောင်ပေါ်သို့ မိမိတို့အစီအစဉ်ဖြင့် လမ်းလျှောက်၍ တက်ရောက်ဖူးမျှော်နိုင်ကြောင်း သိရသည်။

    “ပွဲတော်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်တဲ့အတွက် ဘုရားအပေါ်မှာရှိတဲ့ ဈေးဆိုင်တွေ ထမင်းဆိုင်တွေကို ရပ်ဆိုင်းလိုက်တယ်၊ ဘုရားဖူးချင်တယ် ဆိုရင်တော့ မိမိအစီအစဉ်နဲ့ သွားဖူးလို့ရတယ်၊ ဒါပေမယ့် တောင်တက်ယာဉ်တို့ စီစဉ်ထားမှာတော့ မဟုတ်ဘူး” ဟ မွန်ပြည်နယ်အစိုးရပြောခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ဆိုသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်သည် သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်အထိ နှစ်စဉ်နှစ်တိုင်း (၇) လတာ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ကမ္ဘာ့ကပ်ရောဂါ (COVID-19) ၏ အခြေအနေကြောင့် ပွဲတော်ကာလ တစ်လခွဲလျှော့ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စာရေးသားတောင်းဆိုချက်အရ ပြည်နယ်အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ပွဲတော်ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ခဲ့ကြောင်း သတင်းရရှိသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ နေ့စဉ် ၆ ထောင်ခန့်နှင့် နိုင်ငံခြားသား ၂ ရာခန့်၊ နှစ်စဉ်စုစုပေါင်း ဘုရားဖူး ၃ သန်းခန့် လာရောက်ဖူးမျှော်လေ့ ရှိကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါဗကအဖွဲ့ထံမှ သိရသည်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားပီးနောက် နိုင်ငံတော်သမ္မတရုံးကလည်း ဧပြီလကုန်အထိ လူစုလူဝေး ပွဲတော်များ အခမ်းအနားများ မပြုလုပ်ကြရန် မတ်လ ၁၃ ရက်ကတည်းက ထုတ်ပြန်ထားသည်။

    ကမ္ဘာ့နိုင်ငံ ၁၅၉ နိုင်ငံတွင် လူပေါင်း ၂ သိန်းကျော် COVID-19 ရောဂါကူးစက်ခံခဲ့ရပြီး လူပေါင်း ၈ ထောင် ၇ ရာကျော်သေဆုံးခဲ့ကြောင်း မတ်လ ၁၉ ရက် ယနေ့နံနက်ပိုင်းသတင်းများက ရေးသားဖော်ပြသည်။

    Photo- ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် (ပြန်ကြားရေးဝန်ကြီးဌာန)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks