spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးစေတီတောင် ဘုရားဖူးပိတ်ရန် စီစဉ်

    ကျိုက်ထီးရိုးစေတီတောင် ဘုရားဖူးပိတ်ရန် စီစဉ်

    -

    အဂ္ဂနွန် (မော်လမြိုင်၊ မတ် ၁၇)

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတောင် ဘုရားဖူးပိတ်ရန် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

    ကမ္ဘာ့နိုင်ငံအနှံ့အပြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေသည့်ကာလ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်သည့်အနေဖြင့် ပိတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့ ဒီနေ့အစည်းအဝေးလုပ်တော့ ကျိုက်ထီးရိုးတောင်ပိတ်ဖို့အတွက်ကတော့ ကျွန်တော်တို့ပိတ်မှာပေ့ါလေ၊ ကျိုက်ထီးရိုးတောင်ကို ပိတ်ဖို့စီစဉ်ဆောင်ရွက်နေတယ်၊ အဲ့လောက်တော့ ပြောလို့ရတယ်”ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

    ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောရေးဆိုခွင့်ရှိသူမဟုတ်သော်လည်း ၎င်းပါဝင်ဆောင်ရွက်နေသည့်အပိုင်းကို ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ကျိုက်ထီးရိုးတောင်ပိတ်မည့် ရက်အတိအကျကို မကြာမီတွင် ပြည်နယ်အစိုးရ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့သို့ ကျိုက်ထီးရိုးတောင်ပေါ်တွင် ဆိုင်ခန်းပေါင်းတစ်ထောင်ကျော်ရှိသည့်အတွလက မှီခိုလုပ်ကိုင်စားသောက်သူ လူဦးရေတစ်သောင်းကျော်ရှိကြောင်း၊ ထိုသို့ ကျိုက်ထီးရိုးတောင်ပိတ်ရန်အတွက် တောင်ပေါ်၌ လုံခြုံးရေးကိစ္စရပ်များ စီမံဆောင်ရွက်ရမည့်အပိုင်းကို အစီအစဉ်ရေးဆွဲပြီး  ထုတ်ပြန်ကြေငြာသွားမည်ဟု ၎င်းက ရှင်းပြသည်။ 

    ယမန်နေ့ကျင်းပသော ပြည်နယ်လွှတ်တော် လပတ်အစည်းအဝေးဆုံးဖြတ်ချက်အရ ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်များကို အမြန်ဆုံးရပ်ဆိုင်းထားရန် မွန်ပြည်အစိုးရအဖွဲ့ထံ ပြည်နယ်လွှတ်တော်က အကြောင်းကြားစာ ပေးပို့ထားကြောင်း ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “ကျိုက်ထီးရိုးစေတီဘုရားဖူးကိစ္စကို ယားယီဆိုင်းငံ့ထားဖို့သင့်တယ်လို့ ကျွန်တော်တို့က ဆန္ဒဖြစ်တယ်ပေါ့နော်၊ အဲ့ဒါကို ပြည်နယ်အစိုးရအဖွဲ့ကလည်း ဒီနေ့ ညှိုနှိုင်းအစည်းအဝေးတွေလုပ်ကြတယ်လို့ ကျွန်တော်တို့ ကြားတယ်၊ ကျွန်တော်တို့ ပေးပို့လိုက်တဲ့ စာအပေါ်မှာ အလေးအနက် ထားလိုက်မယ်လို့ ယုံကြည်တယ်၊ ယုံကြည်တဲ့အလျှောက်လည်း အမြန်ဆုံး ပိတ်မယ့်အစီအစဉ်ကို ထုတ်ပြန်ဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပခရီးသွား ၆ ထောင်နီးပါး နေ့စဉ်လာရောက်ပြီး ပြည်ပခရီးသွား ၂ ရာ နီးပါး ခန့်ပါဝင်နေသည်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရက်စ် COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေငြာထားသလို နိုင်ငံတော်သမ္မတရုံးကလည်း ဧပြီလကုန်အထိ လူစုလူဝေးပွဲလမ်းသဘင် အခမ်းအနားများ မလုပ်ကြရန် မတ်လ ၁၃ ရက်က ထုတ်ပြန်ထားသည်။

    Photo- ကျိုက်ထီးရိုးဘုရားဖူများ (Aung Kyaw Thu)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks