spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအပြစ်မဲ့ပြည်သူများ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲသည့်ကိစ္စရပ်ကို ပြင်းပြင်းထန်ထန်ရှုပ်ချကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဆို

    အပြစ်မဲ့ပြည်သူများ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲသည့်ကိစ္စရပ်ကို ပြင်းပြင်းထန်ထန်ရှုပ်ချကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဆို

    -

    ၁၇၊ အဂ္ဂနွန်(မော်လမြိုင်၊ မတ် ၁၇)

    တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲ သည့်ကိစ္စရပ်ကို မည်သူလက်ချက်ဖြစ်သည်ကို အတိအကျမပြောနိုင်သော်လည်း ယင်းလုပ်ရပ်ကို  ပြင်းပြင်းထန်ထန်ရှုပ်ချကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ဒေါက်တာအောင်နိုင်ဦးက“ဘယ်လိုဘဲဖြစ်ဖြစ်ဘယ်အဖွဲ့ဘဲလုပ်လုပ် ကျွန်တော်တို့က ပြင်းပြင်းထန်ထန်ကို ရှုပ်ချတယ်၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စမျိုးမလုပ်စေချင်ဘူး၊ မလုပ်ဖို့လည်းတိုက်တွန်းချင်ပါတယ်၊ အဖြေလည်း ရှာစေချင်ပါတယ်၊ နိုင်ငံရေးပြသနာဆိုရင် နိုင်ငံရေးစနစ်နဲ့ အဖြေရှာ၊ လက်နက်ကိုင်ကိစ္စဆိုရင် လက်နက်ကိုင်အချင်းချင်းဝိုင်းဝန်း အဖြေရှာပေ့ါ၊ ဒါမှမဟုတ်ရင် နယ်မြေ ကိစ္စဆိုရင်လည်း အပြေန်အလန်ဆွေးနွေးပြီး အဖြေရှာစေချင်တယ် ပေါ့နော်၊ အေးအေးဆေးဆေး  ပြီးမြောက်စေချင်တယ်။”ဟု ပြောသည်။

    ရေဖြူမြို့နယ် မျောက်ချောရွာနေ နိုင်ဗိုင်က ကလယ်(ဒေသအခေါ်အဝေါ်)အနီး မိမိခြံအဝင်ဝတွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နံနက်ပိုင်း၌ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ပြီးနောက် နံနက် ၉ နာရီခန့်တွင် နိုင်ဝင်းလှိုင်းက အိုင်ရှည်ရွာအနီးရှိလမ်းမပေါ် နောက်ထပ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိခဲ့ကြောင်း သတင်းရရှိသည်။

    မြေမြှုပ်မိုင်းနင်းမိသူ နိုင်ဗိုင် ညာဘက်ခြေထောက်တစ်ဖက်၊ နိုင်ဝင်းလှိုင်းက ဘယ်ဘက်ခြေထောက်ဖြတ်တောက်ခံလိုက်ရကြောင်း၊ အဆိုပါ မြေမြှုပ်မိုင်းနင်းမိသူ နှစ်ဦးစလုံး ဒူးခေါင်းအောက် ခြေထောက်ဖြတ်တောက်ရခြင်းဖြစ်ပြီး ရေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း တွေ့ရှိရသည်။

    ထို့အတူ သက်ဆိုင်ရာနိုင်ငံရေးပါတီများ စုပေါင်းပြီး ပြည်သူလူထုနှင့် လက်တွဲကာ လက်သည်မပေါ် မြမြှုပ်မိုင်းကိစ္စရပ်ကို ဝိုင်းဝန်အဖြေရှာရန် လိုအပ်ကြောင်း မွန်အရှင်ဥက္ကံသက(နိုင်ငံရေးအကျဉ်းသားဟောင်း)က မိန့်ကြားသည်။

    မွန်အရှင်ဥက္ကံသက “မိုင်းကတော့ ပိုင်ရှင်မဲ့မိုင်းမဟုတ်ဘူး၊ ပိုင်ရှင်မဲ့မိုင်းမဟုတ်တဲ့အတွက် ပိုင်ရှင်ပေါ်အောင် ပြည်သူနဲ့အစိုးရရော နောက်လက်နက်ကိုင်ပါတီတွေ မွန်ပြည်သစ်ပါတီရှိမယ်၊ KNU တို့ ရှိမယ် မွန်ပြည်နယ်နဲ့ တနင်္သရီတိုင်းမှာ နိုင်ငံရေးပါတီတွေရှိပါတယ်၊ နိုင်ငံရေးပါတီတွေအားလုံးစုပေါင်းပြီး ပြည်သူနဲ့တွဲပြီးတော့ ဒီမိုင်းက ဘယ်သူ့မိုင်းလဲ ဘယ်သူထောင်တဲ့ မိုင်းဖြစ်ဖြစ် ပိုင်ရှင်ပေါ်အော် ဖော်ထုတ်မဲ့တာဝန်ကတော့ အားလုံးရဲ့တာဝန်ဖြစ်တယ်”ဟု ဆိုသည်။

    မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့် ကိစ္စရပ်များ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာအာဏာပိုင်များ မဖြေရှင်းနိုင်ပါက အလားတူဖြစ်စဉ်မျိုး နောက်ထပ် ဖြစ်လာနိုင်ကြောင်း မွန်အရှင်ဥက္ကံသက ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး လှုပ်ရှားဒေသဖြစ်သည့် ရေဖြူမြို့နယ်တွင် ၂၀၁၇ ခုနှစ်မှစတင်၍ လက်သည်မပေါ်မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဒေသခံခြံသမားများ  နင်းမိပေါက်ကွဲသဖြင့် ခြေထောက်ဖြတ်တောက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks