spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုး ဘုရားဖူးခြင်းကို ပြည်နယ်အစိုးရမှခွင့်ပြုထားသည့်အပေါ် ပြန်လည်စိစစ်ရန် မွန်ပြည်နယ်လွှတ်တော်က တောင်းဆို

    ကျိုက်ထီးရိုး ဘုရားဖူးခြင်းကို ပြည်နယ်အစိုးရမှခွင့်ပြုထားသည့်အပေါ် ပြန်လည်စိစစ်ရန် မွန်ပြည်နယ်လွှတ်တော်က တောင်းဆို

    -

    ရန်လင်းအောင် (မော်လမြိုင်၊မတ် ၁၆)

    ကမ္ဘာအနှံ့အပြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေသည့်ကာလ၌ ကျိုက်ထီးရိုးဘုရားဖူးခြင်းကို မွန်ပြည်နယ်အစိုးရမှ ခွင့်ပြုထားသည့်အပေါ် ပြန်လည်စိစစ်ပေးရန် မွန်ပြည်နယ်လွှတ်တော် မှ စာပေးပို့သွားမည်ဖြစ်ဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

    မတ်လ ၁၆ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ လပတ်ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

    “အစိုးရက ခွင့်ပြုထားတဲ့ ကျိုက်ထီးရိုးကို ပြန်လည်စဉ်းစားပြီးတော့ အတိုင်းအတာတစ်ခုအထိ နိုင်ငံတော် သမ္မတက ထုတ်ပြန်ထားတဲ့ စာအတိုင်း လိုက်နာကျင့်သုံးဖို့သင့်တယ်လို့ အစိုးရအဖွဲ့ကို စာပို့သွားမှာဖြစ်ပြီး အစိုးရအဖွဲ့က ချက်ချင်းဆုံးဖြတ်ပြီး လုပ်ပေးနိုင်ဖို့လည်း ထည့်သွင်းရေးသားသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပခရီးသွား ၆ ထောင်နီးပါး နေစဉ်လာရောက်နေပြီး ပြည်ပခရီးသွား ၂ ရာနီးပါးပါဝင်နေသည်။

    လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရက်စ် Covid19 နှင့် ပတ်သက်ပြီး ကျိုက်ထီးရိုးစေတီတော်ကို ပိတ်မည်မဟုတ်ကြောင်း မတ်လ ၁၄ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

    ကျိုက်ထီးရိုးစေတီတော်က ဘုရားဖူးအရောက်များသည် ဖြစ်သောကြာင့် မွန်ပြည်နယ်အစိုးရအနေဖြင့် သတ္တိကောင်းဖို့မလိုကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

    ၎င်းက “အမေရိကန်တို့ အီတလီတို့လိုမှာတောင် ရောဂါကို ထိန်းသိမ်းလို့မနိုင်သေးတဲ့ အခြေအနေမှာ ကျွန်တော်တို့မှာ ကျန်းမာရေး အသုံးစရိတ်တွေဘယ်လောက်ရှိနေလဲ ဝန်ဆောင်မှုတွေ ဘယ်လောက်ကောင်းနေလဲ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ ခုလိုမျိုးပေါ့နော် ကျိုက်ထီးရိုးမှာ လူတွေကြိတ်ကြိတ်ထိုးစည်ကားနေတာဟာ ရောဂါကိုဖိတ်ခေါ်နေသလိုမျိူးဖြစ်နေပါတယ် ပြည်နယ်အစိုးရအဖွဲ့နဲ့ သတ္တိအရမ်းမကောင်းစေချင်ပါဘူး”ဟု ဆိုသည်။

    ကျိုက်ထီးရိုးဘုရားဖူးခွင့်ပြုထားမှုကို ရပ်ဆိုင်းပေးရန် မွန်ပြည်နယ် အစိုးရကိုစာပေးပို့သွားမှာဖြစ်ပြီး ရပ်ဆိုင်းခြင်းမရှိပါက အရေးပေါ်အစည်းအဝေးခေါ်ယူကာ အဆိုတင်သွင်းရန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အများစုက ဆုံးဖြတ်ထားသည်။

    အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရက်စ် Covid 19 ကို ကမ္ဘာ့ကျန်းမာရေးရေးအဖွဲ့ WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာထားပြီး နိုင်ငံတော်သမ္မတရုံးက ဧပြီလကုန်အထိ လူစုလူဝေးပွဲသဘင် အခမ်းအနားများမလုပ်ကြရန် မတ်လ ၁၃ ရက်က ထုတ်ပြန်ထားသည်။

    Photo- မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းစဉ်(Aung Kyaw Thu)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks