spot_img
Thursday, March 5, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဓါတ်ပုံပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

    သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဓါတ်ပုံပြပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ ၁၄)

    သဘာဝပတ်ဝန်းကျင်နှင့် ဓလေ့ထုံးဓမ်းများ ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ဖော်ပြထားသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အကြောင်း ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ လာမည့်ဖေဖေါ်ဝါရီ ၁၉ နှင့် မတ်လ ၁၄ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    သံလွင်ငြိမ်းချမ်းရေးဥယာဉ်၏ Campaign Coordinator စောသာဖိုးက “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူထုကို ကျနော်တို့ပထမဆုံးချပြတဲ့ ဓါတ်ပုံပြပွဲပေ့ါဗျာ၊ ဓါတ်ပုံတွေကတော့ ဗီနိုင်းဆိုဒ်တွေရှိတယ်၊ သံလွင်ငြိမ်းချမ်းရေးဥယာဉ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ဓါတ်ပုံတွေ၊ သုတေသနပြုခဲ့တာ ဥပမာ တောရိုင်းတိရိစ္ဆာန်နဲ့ပတ်သက်တာရှိတယ်၊ ပြီးတော့ သစ်ခွပန်းတွေ အဲဒါနဲ့ပတ်သက်တဲ့ အစီရင်ခံတွေ ဖြန့်ဝေပေးဖို့ရှိတယ်” ဟု ဆိုသည်။

    ရာသီဥတုပြောင်းလဲခြင်းနှင့် မျိုးစိတ်များမျိုးသုဉ်းပျောက်ကွယ်ခြင်းတို့ကို ရင်ဆိုင်နေရသည့် ကျနုပ်တို့၏ ကမ္ဘာမြေကြီးအတွက်တော့ အဖိုးမဖြတ်နိုင်သည့် မျိုးစုံမျိုးကွဲ ဓလေ့ထုံးဓမ်းအမွေအနှစ်ဆိုင်ရာ နေရာတစ်ခုဟု ၎င်းက ဆိုသည်။

    “Public ကို ချပြလိုတဲ့ရည်ရွယ်ချက်ကတော့ သံလွင်ငြိမ်းချမ်းရေးဥယာဉ်ဟာ  မြန်မာနိုင်ငံမှာ ပထမဆုံး တည်ထောင်ခဲ့တဲ့ Decentralize ကို အခြေခံပြီးတော့မှ ဇီဝရော စံနစ်တွေရော ဘယ်လိုထူထောင်ထားသလဲဆိုတာ ချပြချင်တယ်၊ ဒါပေမယ့် ကျနော်တို့ဘက်မှာ စိန်ခေါ်မှုတွေအများကြီးရှိတယ်၊ တပ်မတော်ဘက်က စီမံကိန်းတွေလုပ်တာ လမ်းဖောက်တာဟာ သံလွင်ငြိမ်းချမ်းရေးဥယာဉ်တဝိုက်မှာ ရှိနေတဲ့ လူထုတွေရဲ့စားဝတ်နေရေးကို ခြိမ်းခြောက်နေတယ်” ဟု စောသာဖိုးက ဆက်ပြောသည်။ 

    ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ မုထရောဒေသဟုခေါ်သော ဖာပွန်ခရိုင် ဖာပွန်မြို့နယ်အတွင်း သံလွင်မြစ်၏ အနောက်ဘက်ကမ်း အကျယ်အဝန်းမြေဧက (၁,၃၅၅,၅၈ဝ) ရှိ  သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အနီးတဝိုက်တွင်  တပ်မတော်စစ်စခန်းများနှင့် KNU တပ်ဖွဲ့များရှိကြပြီး နှစ်ဘက်စလုံးက မြေမြုပ်မိုင်းများ ဖြန့်ကျက်ထားသည်ဟု သိရသည်။

    KNU စခန်းနေရာတချို့ကို တပ်မတော်က ဒရုန်းပျံသန်းပြီး ထောက်လှမ်းမှုများပြုလုပ်ခဲ့ကြောင်း၊  မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်မှတပ်ရင်းမှူးတစ်ဦးကျဆုံးခဲ့ရပြီး နှစ်ဖက်အကြားတင်းမာမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက KNU  ထိန်းချုပ်နယ်မြေထဲသို့ တပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟုဆိုကာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးထံ KNU က ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ 

    KNU နှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းလုပ်ငန်းစဉ် စတင်လာခဲ့သည့် ၂ဝ၁၂ ခုနှစ်ကတည်း ငြိမ်းချမ်းရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ရေရှည်ရပ်တည်ရေးနှင့် ဓလေ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းနိုင်ရေးစသည့် မျှော်မှန်းချက်သုံးရပ်ဖြင့် ကြိုးပမ်းလုပ်ဆောင်လာခဲ့သည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ အခြေခံဥပဒေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

    Photo-သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အကြောင်း ဓါတ်ပုံပြပွဲပိုစတာ(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks