spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ဆောင်းဘောက်စ်ဖွင့်လှစ်သူများ အစိုးရညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နေခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်ဝေဖန်

    မွန်ပြည်နယ်အတွင်း ဆောင်းဘောက်စ်ဖွင့်လှစ်သူများ အစိုးရညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်နေခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်ဝေဖန်

    -

    မင်းအတွဒ် (မော်လမြိုင်၊ ဖေဖော်ဝါရီလ ၁၂)

    မွန်ပြည်နယ်အတွင်း ဆောင်းဘောက်စ်ဖွင့်လှစ်သည့်လုပ်ငန်းများအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များ ညွှန်ကြားချက်များအပေါ်  လက်တွေ့တွင် လိုက်နာဆောင်ရွက်ခြင်းမရှိဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောကြားသည်။

    ဖော်ဖော်ဝါရီလ ၁၁ နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် မွန်ပြည်နယ် အတွင်းရှိ ဆောင်းဘောက်စ်တွဲကား များနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

    “ဟွန်းတစ်လုံးမှာ ယူနစ် ၄၅၀ ဝပ်ပါတဲ့အတွက် ဟွန်း၄လုံးကို ယူနစ် ၁၈၀၀ ဝပ်ရှိပါတယ် ၊ ဒီလိုတပ်ဆင်ထားခြင်းရဲ့ ထွက်လာတဲ့အသံလှိုင်းရိုက်ခတ်မှုက ယခင်အတိုင်းပဲ ဖြစ်ပါတယ်” ဒေါ်ခင်မျိုးမြင့်က ဆိုသည်။

    ယင်းသို့ ယခင်အတိုင်း လုပ်ဆောင်နေသည့် အတွက် ကျန်းမာရေး ချို့တဲ့ နေသူနှင့် သက်ကြီးရွယ်အိုများတို့ကို ဂရုမမူဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ်ခင်မျိုးမြင့် ဆက်ပြောသည်။

    ဆောင်းဘောက်စ်များ ဆူညံစွာဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး လူကိုထိခိုက်စေနိုင်သည့် အသံနှုန်းမြင့်ဖွင့်မှု မရှိစေရေးအတွက် အသိပညာပေးမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊  ညွှန်ကြားချက် မလိုက်နာသူများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆိုသည်။

    “ခုနကလို မထင်မဲ့မြင် ပုံစံမျိုးနဲ့ လုပ်တယ် ဆိုလိုရှိရင် တိကျသေချာတဲ့ သက်သေ သာဓကကို ယူပြီးတော့မှ မိမိရဲ့ အားနဲ့ ဆောင်ရွက်လို့ မရရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပေါင်းပြီးတော့မှ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့၊ မဆောင်ရွက်တဲ့ ဝန်ထမ်းများကိုလည်း အရေးယူဖို့အတွက်ကို ဆောင်ရွက်လို့ရပါတယ် ” ဟု ဝန်ကြီးက ပြောသည်။

    ပွင့်လင်းရာသီကာလ အလှူပွဲ ဘုရားပွဲမျာအတွက်  ဖွင့်လှစ်မည့် ဆောင်းဘောက်စ်သံများ ထိန်းချုပ်ရန်ကိစ္စကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဆင့်ထိ ဆောင်းဘောက်စ်လုပ်ငန်းရှင်များကို ပညာပေး ရှင်းပြထားရန် နှင့် သတ်မှတ်ထားသည့် အသံနှုန်းထက်မြင့်သော ဆောင်းဘောက်စ်များကို အရေးယူရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလက မွန်ပြည်နယ်အစိုးရမှ တရားဝင်စာထုတ် ညွှန်ကြားထားသည်။

    ဆောင်းဘောက်စ်/အသံချဲ့စက်ခွင့်ပြုမိန့်ရယူမည်ဆိုလျှင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွင် သုံးရက်ကြို၍ ခွင့် ပြုချက်တောင်းခံရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများ လိုက်နာမှုမရှိပါက ရပ်/ကျေးဥပဒေဖြင့် ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ် (သို့မဟုတ်) ငွေဒဏ်ဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက် မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက အမိန့်ချမှတ်နိုင်ကြောင်း  ပြဋ္ဌာန်းထားသည်။

    Photo-မွန်ပြည်နယ်မှ ဆောင်းဘောက်စ်တွဲကား(စံတော်ချိန်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks