spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး(၇၃) ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တပ်ချုပ် သဝဏ်လွှာပေးပို့

    (၇၃) ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တပ်ချုပ် သဝဏ်လွှာပေးပို့

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ ၂ )

    တပို့တွဲလပြည့်ကျော်(၁) ရက် (ဖေဖော်ဝါရီ ၉) နေ့တွင် ကျရောက်သော (၇၃) ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သဝဏ်လွှာများပေးပို့ခဲ့ကြသည်။

    “နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် မူလဇာစ်ဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ညှိနှိုင်းဖြေရှင်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုအလေးပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်”ဟု ဒေါ်အောင်ဆန်းစုကြည် ပေးပို့သောသဝဏ်လွှာအား မွန်အမျိုးသားနေ့ဗဟိုအခမ်းအနား၌ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်က ဖတ်ကြားခဲ့သည်။

    ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အိပ်မက်ဖြစ်သည့် ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးတို့ အမှန်တကယ်အကောင်အထည်ပေါ်လာမည်ဟုလည်း အခိုင်အမာယုံကြည် ထားပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

    အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် “မွန်သူရဲကောင်းလဂွမ်းအိန်ကဲ့သို့သော စိတ်သဘောထားမြင့်မြတ်ကာ သစ္စတရားကြီးမားသည့် မွန်သူရဲကောင်းများအကြောင်းကိုလည်း ယခုအထိ အနာဂတ်လူငယ်များ အတုယူနိုင်အောင် စာပေဆိုင်ရာပြဌာန်းစာအုပ်များတွင် ထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်” ဟု ဖော်ပြသည်။

    မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးသမိုင်းတစ်လျှောက်တွင်လည်း မွန်တိုင်းရင်းသားခေါင်းဆောင်များသည် နယ်ချဲ့တို့အားတော်လှန်ရာတွင် အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပါဝင်ဆင်နွဲခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

    ထို့အတူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ ဒီနေ့အခမ်းအနားကတော့ မွန်အမျိုးသားတွေရဲ့ ဇာတိသွေးဇာတိမာန်များ ရှင်သန်နိုးကြားရန်နှင့် မွန်စာပေမွန်ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်” ဟု အခမ်းအနားတွင် မိန့်ခွန်းတက်ရောက်ပြောကြားသည်။

    မွန်တိုင်းရင်းသားများဟာ မြန်မာနိုင်ငံကို အစောဆုံးဝင်ရောက်လာခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် မြို့ပြတည်ထောင် မင်းလုပ်အုပ်ချုပ်လာသူများ၍ သမိုင်းအစဉ်အလာကြီးမားသည့် လူမျိုးဖြစ်ကြောင်း ဝန်ကြီးချုပ်က ဂုဏ်ပြုပြောကြားခဲ့သည်။

    ယခုနှစ်မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်ရုံးအနီး၌ ဖေဖော်ဝါရီ ၉ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာတွင် အထင်ကရ မွန်ရဟန်းသံဃာတော်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ခေါင်းဆောင်များ၊ ဒေသအသီးသီးမှ မွန်တိုင်းရင်းသားများ၊ လူငယ်ဘင်ခရာအဖွဲ့များ စုစုပေါင်းအင်အား တစ်သောင်းနီးပါးခန့်က မွန်အမျိုးသားအလံတော်အား ချီတက်အလေးပြုခဲ့ကြသည်။ 

    သမလနှင့် ဝိမလ မွန်ညီနောင်နှစ်ပါး သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် ဟံသာဝတီနေပြည်တော်(ပဲခူးမြို့) စတင်တည်ထောင်ခဲ့သောနေ့ရက်ကို အစွဲပြု၍ ပငကျေးရွာ၌ ၁၉၄၆ ခုနှစ်ကကျင်းပသည့် မွန်အမျိုးသားညီလာခံက မွန်အမျိုးသားနေ့ကို သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။ 

    (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားဖွင့်ပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks