spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒပြင်ပရောက်သူများမဲပေးခွင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ပြင်ဆင်ချက်တင်သွင်း

    ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒပြင်ပရောက်သူများမဲပေးခွင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ပြင်ဆင်ချက်တင်သွင်း

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၃၁)

    ပြည်သူ့လွှတ်တော်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများအား ပြင်ဆင်ချက်တင်သွင်းမည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီ ၃၀ ရက်နေ့တွင် အမည်စာရင်းတင်သွင်းလိုက်ကြောင်း ကျင်းပလျက်ရှိသော ပြည်သူ့လွှတ်တော်အစည်းအဝေးမှ သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်ဆိုင်ရာအချက် နှင့်ပတ်သက်ပြီး ရက်ပေါင်း ၉၀ ထက်မနည်းဆိုသည့် စကားရပ်အစား မူလအတိုင်းရက်ပေါင်း ၁၈၀ ထက်မနည်းထားရှိရန် ပြည်သူ့လွှတ်တော်သို့ ပြင်ဆင်ချက်တင်သွင်းခဲ့သည်။

    မူလပြဋ္ဌာန်းချက်ပါ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒ နယ်တွင် ရွေးကောက်ခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးနိုင်ခွင့်ရရှိရေး မဲစာရင်းထည့်သွင်းခြင်းနည်းလမ်းကိုလည်း ၎င်းကတင်ပြခဲ့သည်။

    အလားတူ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP အင်ဂျန်းယန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးလမာနောအောင်ကလည်း အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်းဆိုသည့် အဆိုပြုပြဋ္ဌာန်းချက်သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်စေရေးအတွက်  အဟန့်အတားဖြစ်စေနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် အဖွဲ့ တစ်ခုခုက မိမိတို့ပါတီအနိုင်ရရှိရေးအတွက် အသုံးချနိုင်ကြောင်း အကျိုးအကြောင်းဖြင့် တင်ပြခဲ့သည်။

    တိုင်းရင်းသား လူနည်းစုများ၏ နိုင်ငံရေးရပိုင်ခွင့်များ ဆုံးရှုံးမှုဖြစ်စေနိုင်သည့်အတွက် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်းဆိုသည့် အဆိုပြုပြဋ္ဌာန်းချက်ကို “မူလအတိုင်း ရက်ပေါင်း ၁၈၀ ထက်မနည်း” ပြင်ဆင်ရန် ၎င်းက ဆက်လက်တင်ပြခဲ့သည်။

    ထို့ပြင် တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်ကလည်း မူလအတိုင်း ရက်ပေါင်း ၁၈၀  ပြင်ဆင်ရန် အဆိုပြုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နည်းဥပဒေ ပြင်ဆင်ချက်ပါ တပ်ရင်းတပ်ဖွဲ့ပြင်ပတွင် မဲရုံများထားရှိရန်အစား လုံခြုံရေးအရသင့်လျော်သောနေရာကို တပ်မှူးနှင့်  ညှိနှိုင်းသတ်မှတ်ပေးရမည်ဟု ပြင်ဆင်ပေးရန် အဆိုပြုခဲ့သည်။

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၉ အောက်တိုဘာ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် နည်းဥပဒေပြင်ဆင်ချက်များတွင် ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်သည် တရားမျှတမှုမရှိကြောင်း တိုင်းရင်းသားပါတီများက ကန့်ကွက်ထားသည်။

    Photo-ရွေးကောက်ပွဲ နည်းဥပဒေများ (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks