Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမွန်ရေးရာဘတ်ဂျက်ငွေ ကျပ်သိန်းတစ်ထောင် လုံလောက်ခြင်းမရှိဟုဆို

    မွန်ရေးရာဘတ်ဂျက်ငွေ ကျပ်သိန်းတစ်ထောင် လုံလောက်ခြင်းမရှိဟုဆို

    -

    ဝဏ္ဏမာန် (ဇန်နဝါရီ-၂၉)

    ပြည်နယ်အတွင်း မွန်ရေးရာကိစ္စရပ်များအတွက် မွန်ပြည်နယ်အစိုးရမှ တစ်နှစ်လျင် ဘတ်ဂျက်ငွေကျပ်သိန်း ၁၀၀၀ လျာထားသည်မှာ လုံလောက်ခြင်းမရှိသဖြင့် လာမည့်နှစ်တွင် တိုးမြှင့်တောင်းခံသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး  ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “မွန်အတွက် ဘတ်ဂျက်ငွေ သိန်း ၁၀၀၀ ကုန်သွားပြီး၊ မွန်အတွက် ငွေသုံးရမယ့်နေရာတွေက အများကြီးကျန်ပါသေးတယ် ၊ နောင်နှစ်ကျရင် ထပ်ပိုပေးဖို့ တောင်းရမယ်” ဟု ဝန်ကြီးက ဆိုသည်။

    ဘတ်ဂျက်ကာလမှာ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အတွင်းဖြစ်ပြီး ယခုပထမ ၄ လပတ်တွင် မွန်ရေးရာဘဏ္ဍာငွေ ကုန်သလောက်ဖြစ်နေပြီဟု သိရသည်။

    တိုင်းရင်းသားရေးရာကိစ္စရပ်များတွင်အသုံးပြုနိုင်ရန် တစ်နှစ်လျင် မွန်၊ ဗမာ၊ ပအိုဝ်းအတွင် ငွေကျပ်သိန်းတစ်ထောင်စီနှင့် ကရင်တိုင်းရင်းသားအတွက် ကျပ်ငွေသိန်းတစ်ထောင့်ငါးရာ (၁၅၀,၀၀၀,၀၀ဝိ) စုစုပေါင် ကျပ်သိန်းလေးထောင့်ငါးရာ(၄၅၀,၀၀၀,၀၀ဝိ) ကို ပြည်နယ်အစိုးရ သတ်မှတ်လျာထားကြောင်း သိရသည်။

    “မွန်အတွက် သိန်း (၁၀၀၀) ကျပ်ပေးထားတာ မွန်အမျိုးသားနေ့အတွက် သိန်း (၅၀၀)၊ နွေရာသီမွန်စာပေသင်တန်းဆင်းပွဲ အတွက် သိန်း (၅၀၀) ဆိုတော့ လောလောဆယ် သိန်း (၁၀၀၀) ကုန်နေပြီး၊  မွန်လူငယ်နေ့တို့၊  မွန်စာရေးဆရာ ကလောင်ရှင်လှုပ်ရှားမှုတွေမှာ သုံးဖို့က ငွေမရှိတော့ဘူ၊ ဆိုတော့ ဒီသိန်း ၁၀၀၀ ထဲကဘဲ နဲနဲဆီမျှဝေပေးနေရတယ်၊ ပြောချင်တာက သုံးစွဲဖို့ ငွေမလုံလောက်ဘူး  ပိုမိုပေးဖို့ ထပ်မံတောင်းခံသင့်တယ်” ဟု ဝန်ကြီးက ဆက်ပြောသည်။

    သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာ စာပေသင်တန်းဆင်းပွဲအတွက် ခွင့်ပြုငွေကျပ်သိန်းငါးရာ(၅၀,၀၀၀,၀၀ဝိ) ဇန်နဝါရီ ၁၆ ရက်နေ့ သွားရောက်ထုတ်ယူရာတွင် ငွေစာရင်းခေါင်းစဉ်ကွဲလွဲမှုရှိနေသဖြင့် လောလောဆယ်ထုတ်၍မရသေးပေ။

    မွန်ဒေသလုံးဆိုင်ရာ စာပေသင်တန်းဖြစ်မြောက်ရေးကော်မတီ နိုင်မွန်ရာဇာက “ အစိုးရပေါ်လစီအရ ပြပွဲပြိုင်ပွဲအခမ်းအနားတွေကို ထောက်ပံ့တာဖြစ်တယ်၊ အခုကွဲလွဲနေတဲ့ငွေစာရင်းခေါင်းစဉ်ကို အသစ်ပြင်ပြီးမှ ထုတ်လို့ရနိုင်မယ်” ဟု ဆိုသည်။

    လတ်တလောတွင် မွန်လူငယ်နေ့နှင့် မွန်ကလောင်ရှင်နေ့အခမ်းအနားကျင်းပရေးအတွက်  အဆိုပါဘဏ္ဍာငွေကျပ်သိန်းတစ်ထောင် (၁၀၀,၀၀၀,၀၀ဝိ) ထဲမှ ဖဲ့ယူတောင်းခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့ပြင် မွန်ကလောင်ရှင်နေ့နှင့် မွန်စာရေးဆရာအသင်းညီလာခံပွဲကျင်းပရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ငွေကျပ်သိန်း ၉၀ တောင်းခံထားကြောင်း သတင်းရရှိသည်။

    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မွန်ပြည်နယ်၌ အခွန် ၅ မျိုးမှ အခွန်ငွေ ၁၂၂ ဒသမ ၃ ရာခိုင်နှုန်း ကောက်ခံရရှိသဖြင့် သတ်မှတ်လျာထားချက်ထက်ပိုမိုရရှိခဲ့ကြောင်း၊ အဆိုပါဘဏ္ဍာနှစ်တွင်လည်း မွန်ပြည်နယ်ဌာန ၁၃ ခုမှ ပိုလျှံငွေ ကျပ်သန်းပေါင်း ၁၃၆၁ ကျော် ပြန်လည်အပ်နှံခဲ့သည်ဟု သတင်းမှတ်တမ်းများတွင် ရေးသားဖော်ပြသည်။

    Photo-မွန်အမျိုးသားနေ့အလံ သယ်ဆောင်ခြင်းအခမ်းအနား(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks