spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ချက်က တိုင်းရင်းသားလက်နက်ကိုင်များအတွက် အကြီးမားဆုံးအခက်အခဲဖြစ်

    တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ချက်က တိုင်းရင်းသားလက်နက်ကိုင်များအတွက် အကြီးမားဆုံးအခက်အခဲဖြစ်

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၂၉)

    လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်များအတွက် အကြီးမားဆုံးအခက်အခဲမှာ မြန်မာ့တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ချက်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက ပြောသည်။

    “အကြီးမားဆုံးအခက်အခဲက တပ်မတော်ရပ်တည်ချက်ပါပဲ၊ ပြီးခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အခမ်းအနားမှာ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတဲ့အထဲမှာ ပြီးခဲ့တဲ့ အတိတ်သင်ခန်းစာအရပ်ရပ်ကို ထောက်ရှုပြီး တပ်မတော်အနေနဲ့ သူတို့သဘောထား မူ ၆ ချက်အတိုင်း ရပ်တည်ထားလျက်ပါပဲ၊ အဲဒီမူ ၆ ချက်ကို ဆုပ်ကိုင်ထားဆဲပဲ၊ ဒါက ကျနော်တို့တိုင်းရင်းသားတွေအတွက် အကြီးမားဆုံးအခက်အခဲပါပဲ” ဟု နိုင်ဟံသာက ဆိုသည်။ 

    တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆)ချက်မှာ ၁-ငြိမ်ချမ်းရေရယူရန် ဆန္ဒအမှန် ရှိရမည်။ ၂-သဘောတူစာချုပ်ကတိကဝတ်များကို မဖောက်ဖျက်ရ။၊ ၃-ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်။ ၄-ဒေသခံတွေ အပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်။ ၅ -တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်။ ၆- ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းနေမှုမှာ လိုက်ပါလုပ်ဆောင်ရန် တို့ဖြစ်သည်။

    နိုင်ဟံသာက “တပ်မတော်ရပ်တည်ချက်က အပြောင်းအလဲမရှိဘူး၊ တပ်မတော်အနေနဲ့ ဒီ ၆ ချက်ကိုပဲ ဆက်ပြီးတင်းခံနေမယ်ဆိုရင် တစ်ဆို့မှုတွေ ဆက်ပြီးရှိနေဦးမှာပါ” ဟု ဆိုသည်။

    အလားတူ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး အရပ်သားအစိုးရလက်အောက်တွင် ရှိရေးဆိုသည့် အချက်နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်သော လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများမှရယူရန် (သို့မဟုတ်) ဒီမိုကရေစီ အခြေခံမူများအောက်မှ ရယူရန် ကြိုးစားနေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၏ အင်တာဗျူးကို NCA-SEAO Facebook Page တွင် ဖော်ပြသည်။

    ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက“ဒီမိုကရေစီစနစ်အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရလက်အောက်မှာ လုံခြုံရေးတပ်ဖွဲ့အားလုံးရှိရမယ်ဆိုတဲ့ အခြေခံမူမရဘဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှစ် ၇၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးလုပ်ငန်းကို ကျွန်တော်တို့ ဆက်လုပ်လို့ရမှာမဟုတ်ဘူး” ဟု ဆိုသည်။

    ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီက ပြင်ဆင်ရေးမူကြမ်း နှစ်ရပ်ကို  ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၂၇ ရက်နေ့က တင်သွင်းရာတွင် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်ဆိုသည့် ပုဒ်မ (၂၀) ပုဒ်မခွဲ  (ဂ) ကို ပယ်ဖျက်ထားကြောင်း သတင်းရရှိသည်။

    အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သည့် အစိုးရကိုယ်စားလှယ်များနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ (NCA-S EAO) တို့၏ နောက်ဆုံးကျင်းပခဲ့သည့် ၈ ကြိမ်မြောက် NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိုနှိုင်းအစည်းအဝေး JICM သဘောတူညီချက် ၈ ချက်တွင် လာမည့်ဧပြီလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(စတုတ္တအစည်းအဝေး) ကျင်းပရန် ပါဝင်ကြောင်း သိရသည်။

    Photo- အစိုးရကိုယ်စားလှယ်များနှင့် NCA-S EAO တို့၏ JICM အကြိုညှိနှိုင်းအစည်းအဝေး(NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks