spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် အခြေခံဥပဒေနှင့်ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

    မော်လမြိုင်တွင် အခြေခံဥပဒေနှင့်ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

    -

    ဝံသမွန် (မော်လမြိုင်၊ ဇန်နဝါရီ ၂၂ )

    ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို လူငယ်များနှင့် အများပြည်သူသိရှိစေရန်ရည်ရွယ်၍ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသင်တန်းကို တိုးတက်သောမွန်လူငယ်အစည်းအရုံး၊ စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ Konhongsar နှင့် Right အဖွဲ့တို့က မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။ 

    “ပြီးခဲ့တဲ့ ၂၀၁၅ နဲ့စာရင်တော့ ၂၀၂၀ မှာ မွန်တစ်ပါတီထဲဖြစ်နေပြီပေါ့နော်၊ ဆိုတော့ မဲလည်းမကွဲတော့ဘူးပေါ့၊ ဒီတော့ မဲပေးပိုင်ခွင့်ရှိတဲ့လူတိုင်းရဲ့မဲတစ်ပြားဟာ ကျွန်တော်တို့ရဲ့ မွန်လူမျိုးကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အတွက်အရမ်းအရေးကြီးတယ်၊ ဒါကိုလူငယ်တွေရော ပြည်သူတွေရော သိရှိနားလည်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကျင်းပဖြစ်တာပါ” ဟု တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO မှ မင်းဝဏ္ဏက ပြောသည်။

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်ရရှိစေရန် ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသော်လည်း မည်ကဲ့သို့အကောင်အထည်ဖော်သွားမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

    သင်တန်းဆရာ ဝင်းညီညီဇော်က “သင်တန်း ၃ ရက်အတွင်းမှာ ကျွန်တော့်အနေနဲ့ နိုင်ငံသားအသိပညာနဲ့ပတ်သက်တဲ့အကြောင်းရယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းလေးတွေနဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို ရှင်းပြပေးတယ်”  ဟု ပြောသည်။

    အဆိုပါသင်တန်းမှ ရရှိလာသည့်အသိပညာ ဗဟုသုတများကို နီးစပ်ရာမိမိပတ်ဝန်းကျင်တွင် သွားရောက် မျှဝေပေးမည်ဖြစ်ကြောင်း သင်တန်းသူ မိဝတီဟံသာက ပြောသည်။

    သင်တန်းတွင် မွန်လူငယ် ၃၅ ဦးတက်ရောက်လေ့လာခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ၎င်းတို့၏ဒေသအသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲဆန္ဒရှင် ၁၇ သိန်း ၅ သောင်းကျော်ကောက်ခံရရှိထားပြီးဖြစ်သော်လည်း တပ်မတော်နှင့် မှီခိုသူမိသားစုဝင်များ မပါဝင်သေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှသိရသည်။ 

    Photo- အခြေခံဥပဒေနှင့်ရွေးကောက်ပွဲဆိုင်ရာ သင်တန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks