spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးတည်ဆောက်နိုင်မှ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ အကောင်အထည်ဖော်နိုင်လိမ့်မည်

    ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ အကောင်အထည်ဖော်နိုင်လိမ့်မည်

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၂၂ )

    ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှသာလျင် ပြည်သူလူထုဘဝပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မည်ဟုယူဆကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့် မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲတစ်ခုတွင် မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

    “ပြည်သူလူထုရဲ့ပြန်လည်ထူထောင်ရေးကိစ္စ ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးကိစ္စတွေကတော့ လက်ရှိအနေအထားမှာ အထူးတလည်ဘာအပြောင်းအလဲမှ သိပ်မရှိပါဘူး၊ စစ်မှန်တဲ့အပြောင်းအလဲတွေဖြစ်ပေါ်ဖို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက အဓိကကျတဲ့နိုင်ငံရေးပြဿနာကို အဖြေရှာပြီး ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှသာလျင် ဖြစ်လာနိုင်လိမ့်မယ်” ဟု နိုင်လယိတမက ပြောသည်။

    ဒီမိုကရက်တစ်အင်အားစုနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ပါတီတို့ မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အပေါ် သုံးသပ်ဆွေးနွေးပွဲကို ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ၂ ရက်ကြာကျင်းပပြီး ယမန်နေ့ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

    ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဦးလှစောက “အခုတော့ ၈ ရက်နေ့က JICM အစည်းအဝေးလုပ်တယ် နောက်တော့ UPDJC ခေါ်မယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်မယ်ဆိုတော့ ကျနော်တို့ပြင်ဆင်ရမှာပေါ့၊ အဲဒီလိုပြင်ဆင်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာတွေအားနည်းချက်ရှိသလဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ဘယ်လိုလဲ၊ ဖက်ဒရယ်နိုင်ငံတည်ထောင်မယ်ဆိုရင် ဖက်ဒရယ်အတွက် Vision ကို ဘယ်လိုတဖြည်းဖြည်းနဲ့သွားမလဲဆိုတာ အားနည်းချက်တွေကို ကျနော်တို့ပြန်စုစည်းပြီးတော့ ကျနော်တို့ဖြစ်စေချင်တဲ့ ဆန္ဒစွဲမဟုတ်ဘူး တကယ်လက်တွေ့ကျပြီး လုပ်ဆောင်နိုင်တဲ့လုပ်ငန်းလေးတွေကို ညှိကြတာပေါ့၊ ဆုံးဖြတ်ချက်ရယ်လို့ အခိုင်အမာတော့မဟုတ်ဘူး ဒါပေမယ့် သဘောတူတာလေးတွေ ကျနော်တို့ Brainstorming လုပ်တာ” ဟု သုံးသပ်ဆွေးနွေးပွဲကျင်းပရသည့်ကိစ္စကို သတင်းမီဒီယာများအား ရှင်းပြသည်။ 

    ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) အပြီး ၂၀၁၈-၁၉ ခုနှစ်အတွင်း ငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ်ကျင်းပရန် ကတိကဝတ်ထားရှိခဲ့သော်လည်း ကျင်းပနိုင်ခြင်းမရှိခဲ့သည်ကို စိတ်ပျက်နေ၍မသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

    “ငြိမ်းချမ်းရေးကို တည်ကိုတည်ဆောက်ရမယ်၊ ပြည်တွင်းစစ်လုံးဝချုပ်ငြိမ်းသွားအောင် ငြိမ်းချမ်းရေးကိုတည်ဆောက်ရမယ်၊ ကျနော်တို့က ငြိမ်းချမ်းရေးကိုအကောင်းမြင်တယ်၊ ဒါပေမယ့် စိတ်တိုင်းတော့မကျဘူး အခက်အခဲတော့ရှိတာပေါ့ ဥပမာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဆိုရင် ရပ်တန့်လုနီးပါးဖြစ်နေတယ်” ဟု ဆိုသည်။ 

    အလားတူ ဒီမိုကရက်တစ်အင်အားစုနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများတွေ့ဆုံပွဲများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလက ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် နိုဝင်ဘာလက မန္တလေးမြို့တို့တွင် ၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

    အဆိုပါဆွေးနွေးပွဲများမှ ရရှိလာသောရလဒ်များကို စုစည်း၍ အစိုးရ၊ တပ်မတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ EAOs ထံ အကြံပြုချက်များပေးပို့ရန် တွေ့ဆုံပွဲများကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

    Photo-ဒီမိုကရက်တစ်အင်အားစုနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများတွေ့ဆုံပွဲ(သံလွင်ခက်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks