spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဥက္ကဌအဖြစ် နိုင်ဟံသာ ရွေးချယ်ခံရပြီး ခေါင်းဆောင်နေရာများပြောင်းလဲမှုရှိ

    မွန်ပြည်သစ်ပါတီဥက္ကဌအဖြစ် နိုင်ဟံသာ ရွေးချယ်ခံရပြီး ခေါင်းဆောင်နေရာများပြောင်းလဲမှုရှိ

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၆)

    ကျင်းပဆဲ ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံက ထိပ်ပိုင်းခေါင်းဆောင်များ အသစ်ပြန်လည်ရွေးချယ်ရာတွင် နိုင်ဟံသာ ဥက္ကဌဖြစ်လာပြီး အထွေထွေအတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်နေရာ ပြောင်းလဲမှုရှိကြောင်း တွေ့ရှိရသည်။

    ယမန်နေ့(ဇန်နဝါရီ ၅ ရက်) က လှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် နိုင်ဟံသာ ဥက္ကဌ၊ နိုင်အောင်မင်း ဒုတိယ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး နိင်ကျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ စစ်ဘက်ရေးရာကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်ဗညားမဲ့စန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်လယီကောင်း၊ နိုင်အေးမွန်၊ နိုင်ဗညားလယ်နှင့် နိုင်အောင်မငေးတို့ ရွေးချယ်ခံရသည်။

    သို့ရာတွင် ကျန်းမာရေးအရ ဥက္ကဌနိုင်ထောမွန် အနားယူလိုက်သဖြင့် ခေါင်းဆောင်အပြောင်းအလဲရှိသည်ဆိုသော်လည်း အစဉ်အလာအတိုင်း လူဟောင်းများသာ ရာထူးတဆင့်တိုးသွားခြင်းသာဖြစ်သည့်အတွက် မွန်ပြည်သစ်၏ မူဝါဒပိုင်းဆိုရာများတွင် ထူးထူးခြားခြားပြောင်းလဲဖြစ်ပေါ်မှုရှိလိမ့်မည်မထင်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

    ထို့အတူ ဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရန်ကော်မတီဝင် ၅ ဦးတွင် လူသစ် ၈ ဦး ပါဝင်ရွေးချယ်ခံရပြီး  အမျိုးသမီးဗဟိုကော်မတီဝင် ၂ ဦးရှိလာသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ဗဟိုဌာနချုပ်၌ စတင်ကျင်းပသည့် မွန်ပြည်သစ်ပါတီဗဟိုညီလာခံတွင် ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် CEC ဗဟိုကော်မတီဝင် CC များအပြင် ခရိုင်ကောမတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များကို လှို့ဝှက်မဲပေးစနစ်ဖြင့် အသစ်ပြန်လည်ရွေးချယ်ခဲ့သည်။

    မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဥက္ကဌနိုင်ရွှေကျင် စတင်ဖွဲ့စည်းခဲ့၍ ဗဟိုဦးစီးညီလာခံစနစ်ဖြင့်ကျင့်သုံးခဲ့ပြီး ၁၉၈၉ ခုနှစ်မှစတင်၍ ၄ တစ်ကြိမ်ညီလာခံကျင်းပခဲ့ရာ နိုင်ဟံသာမှာ ၅ ဦးမြောက် ဥက္ကဌဖြစ်လာသည်။

    ၁၉၄၈ ခုနှစ် သြဂုတ်လက မွန်လူငယ်များစတင်ဖွဲ့စည်းခဲ့သော မွန်ပြည်သူ့တပ်ဦး ၁၉၅၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုအစိုးရထံ လက်နက်နှင့် ဒီမိုကရေစီလက်လှဲခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီ ထပ်မံပေါ်ပေါက်လာရကြောင်း မွန်ခေါင်းဆောင်များ သုံးသပ်ပြောဆိုကြသည်။

    Photo- လက်ရှိ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး(NMSP)

    Photo- လက်ရှိ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး(NMSP)
    ၁၀ ကြိမ်မြောက်ညီလာခံမှရွေးချယ်ခသော မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks