spot_img
Monday, April 28, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဥက္ကဌအဖြစ် နိုင်ဟံသာ ရွေးချယ်ခံရပြီး ခေါင်းဆောင်နေရာများပြောင်းလဲမှုရှိ

    မွန်ပြည်သစ်ပါတီဥက္ကဌအဖြစ် နိုင်ဟံသာ ရွေးချယ်ခံရပြီး ခေါင်းဆောင်နေရာများပြောင်းလဲမှုရှိ

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၆)

    ကျင်းပဆဲ ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံက ထိပ်ပိုင်းခေါင်းဆောင်များ အသစ်ပြန်လည်ရွေးချယ်ရာတွင် နိုင်ဟံသာ ဥက္ကဌဖြစ်လာပြီး အထွေထွေအတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်နေရာ ပြောင်းလဲမှုရှိကြောင်း တွေ့ရှိရသည်။

    ယမန်နေ့(ဇန်နဝါရီ ၅ ရက်) က လှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် နိုင်ဟံသာ ဥက္ကဌ၊ နိုင်အောင်မင်း ဒုတိယ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး နိင်ကျော်ယဲ့၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ စစ်ဘက်ရေးရာကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်ဗညားမဲ့စန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်လယီကောင်း၊ နိုင်အေးမွန်၊ နိုင်ဗညားလယ်နှင့် နိုင်အောင်မငေးတို့ ရွေးချယ်ခံရသည်။

    သို့ရာတွင် ကျန်းမာရေးအရ ဥက္ကဌနိုင်ထောမွန် အနားယူလိုက်သဖြင့် ခေါင်းဆောင်အပြောင်းအလဲရှိသည်ဆိုသော်လည်း အစဉ်အလာအတိုင်း လူဟောင်းများသာ ရာထူးတဆင့်တိုးသွားခြင်းသာဖြစ်သည့်အတွက် မွန်ပြည်သစ်၏ မူဝါဒပိုင်းဆိုရာများတွင် ထူးထူးခြားခြားပြောင်းလဲဖြစ်ပေါ်မှုရှိလိမ့်မည်မထင်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

    ထို့အတူ ဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရန်ကော်မတီဝင် ၅ ဦးတွင် လူသစ် ၈ ဦး ပါဝင်ရွေးချယ်ခံရပြီး  အမျိုးသမီးဗဟိုကော်မတီဝင် ၂ ဦးရှိလာသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ဗဟိုဌာနချုပ်၌ စတင်ကျင်းပသည့် မွန်ပြည်သစ်ပါတီဗဟိုညီလာခံတွင် ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် CEC ဗဟိုကော်မတီဝင် CC များအပြင် ခရိုင်ကောမတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များကို လှို့ဝှက်မဲပေးစနစ်ဖြင့် အသစ်ပြန်လည်ရွေးချယ်ခဲ့သည်။

    မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဥက္ကဌနိုင်ရွှေကျင် စတင်ဖွဲ့စည်းခဲ့၍ ဗဟိုဦးစီးညီလာခံစနစ်ဖြင့်ကျင့်သုံးခဲ့ပြီး ၁၉၈၉ ခုနှစ်မှစတင်၍ ၄ တစ်ကြိမ်ညီလာခံကျင်းပခဲ့ရာ နိုင်ဟံသာမှာ ၅ ဦးမြောက် ဥက္ကဌဖြစ်လာသည်။

    ၁၉၄၈ ခုနှစ် သြဂုတ်လက မွန်လူငယ်များစတင်ဖွဲ့စည်းခဲ့သော မွန်ပြည်သူ့တပ်ဦး ၁၉၅၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုအစိုးရထံ လက်နက်နှင့် ဒီမိုကရေစီလက်လှဲခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီ ထပ်မံပေါ်ပေါက်လာရကြောင်း မွန်ခေါင်းဆောင်များ သုံးသပ်ပြောဆိုကြသည်။

    Photo- လက်ရှိ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး(NMSP)

    Photo- လက်ရှိ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး(NMSP)
    ၁၀ ကြိမ်မြောက်ညီလာခံမှရွေးချယ်ခသော မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,200SubscribersSubscribe
    spot_img

    Latest posts