Tuesday, March 10, 2026
More
    spot_img
    Homeသတင်း၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုဝင်ရောက်လာ

    ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုဝင်ရောက်လာ

    -

    အဂ္ဂနွန် (ဒီဇင်ဘာ၊ ၁၉)

    မွန်ပြည်နယ်အတွင်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်၊ စက်မှုလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ စသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု ဝင်ရောက်လုပ်ကိုင်လာကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ သိရသည်။

    “သူတို့အတွက် ကိုက်မယ်ဆိုရင်၊ သူတို့က လာလုပ်တာပဲ၊ မွန်ပြည်နယ်မှာ ရာဘာစိုက်သူက အများဆုံးလေ၊ ဒီတော့  မွန်ပြည်နယ်မှာ ဒီစက်ရုံတွေလာတာ ဒါ မထူးဆန်းဘူး၊ လမ်းခင်းကျောက်တွေထွက်တယ်  လမ်းခင်းကျောက်ထုတ်တဲ့လူတွေ လာတယ်၊ မထူးဆန်းပါဘူး”ဟု ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ဦးဝဏ္ဏကျော်က ပြောသည်။

    အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခုအနက် ပြည်နယ်ရင်းနှီးမြှုပ်နှံမကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုတွင် ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာ ၆ သန်းကျော် ရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှုလုပ်ငန်း ၁၀ ခု ရင်းနှီးမြှုပ်နှံမှု ပမာဏတန်ဖိုး ငွေကျပ်သန်း ၃၅,၄၃၆ ဿဒမ ၄၀၈ ကျပ် ရှိကြောင်း သိရသည်။

    ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော်ရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်မှုလုပ်ငန်း ၂ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ၈၇,၆၉၇ ဿဒမ ၃၆၂ သန်း ရှိသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၇၅ သန်းအထိ ဝင်ရောက်ခဲ့ရာတွင် Myanmar Korea Cement Group Co,Ltd မှ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ MOSB Ltd မှ ကမ်းလွန် ရေနံဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဖြန့်ဖြူးခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၁၈ ဒဿမ ၅၃၈ သန်း အပါအဝင် ကုမ္ပဏီ ၇ ခုတို့ လာရောက်မြှုပ်နှံခဲ့ကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနရုံး စာရင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

    ရင်းနှီးမြှုပ်နှံမှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းအထက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ထံ လုပ်ငန်းခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်းအောက်ကို ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တိုက်ရိုက်ခွင့်ပြုပေးခြင်း ဖြစ်သည်။

    မွန်ပြည်နယ်အတွင်း အဓိကလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ ထောက်ပို့ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦတည်ဆောက်ခြင်း စသည့်ကဏ္ဍ (၆) ခုအတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

    Photo-မွန်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဝန်ကြီးချုပ်လေ့လာစဉ် (The Farmer) 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks