spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မှ အဂတိလိုက်စားမှုတိုင်ကြားစာ ၃၉၈ စောင်အနက် ၈ စောင်သာ စုံစမ်းစစ်ဆေးနိုင်ခဲ့

    မွန်ပြည်နယ်မှ အဂတိလိုက်စားမှုတိုင်ကြားစာ ၃၉၈ စောင်အနက် ၈ စောင်သာ စုံစမ်းစစ်ဆေးနိုင်ခဲ့

    -

    အဂ္ဂနွန် (ဒီဇင်ဘာ၊ ၉)

    မွန်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ အဂတိလိုက်စားမှုတိုင်ကြားစာ ၃၉၈ စောင်ရှိသည့်အနက် ၈ စောင်သာ စုံစမ်းစစ်ဆေးနိုင်ခဲ့ကြောင်း ပြည်နယ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီအဖွဲ့မှ သိရသည်။

    မွန်ပြည်နယ်မှ ရောက်ရှိလာသည့် တိုင်ကြားစာများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် ဦးမျိုးမြင့်က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ယနေ့ (ဒီဇင်ဘာ ၉ ရက်နေ့) ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။ “၂၀၁၉ ခုနှစ်မှတော့ တိုင်ကြားစာပေါင်း ၃၉၈ စောင် စုံစမ်းစစ်ဆေးခြင်း ၈ စောင်၊ ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၄၁ စောင် ဖြစ်တယ်”ဟု ဦးမျိုးမြင့်က ပြောသည်။

    အလားတူ ၂၀၁၈ ခုနှစ်က တိုင်ကြားစာပေါင်း ၄၈၂ စောင်အနက် တစ်စောင်သာ စုံစမ်းစစ်ဆေးနိုင်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ထံ ၄၃ စောင် လွှဲပြောင်းပေးပို့ခဲ့ကြောင်း ၄င်ကဆက်ပြောသည်။

    သို့ရာတွင် အဂတိလိုက်စားမှုဖြစ်ပြီးမှ အရေးယူခြင်းထက် ကြိုတင်ကာကွယ်မှုအပိုင်းကို လုပ်ဆောင်ရန် ပိုပြီးအရေးကြီးသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ဒေါက်တာအောင်နိုင်ဦးက “ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ခုတော့ မဖြစ်လာနိုင်သေးတဲ့အနေအထားဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်၊ အဓိက အဂတိလိုက်မှုဖြစ်နေသ၍တော့ အစိုးရအဖွဲ့ရော အုပ်ချုပ်ရေးယန္တရားအဖွဲ့ရော ဘယ်တော့မှ ကောင်းလာနိုင်တဲ့ အနေအထားမျိုးဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်” ပြောသည်။

    အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပိုမိုအားကောင်းလာရန် လုပ်ဆောင်သင့်ပြီး ပြည်နယ်အစိုးရကလည်း စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ပါက အဂတိလိုက်စားမှု တဖြေးဖြေးချင်လျော့နည်းလာနိုင်သည်ဟု ၎င်းက လက်ပြောသည်။

    ယင်းအခမ်းအနားကို မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ ကျောင်းသူ ကျောင်းသားများ၊ ပြည်သူများ စုစုပေါင်း လူဦးရေး ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

    နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အမြစ်တွယ်နေသည့် အဂတိလိုက်စားမှု ပြဿနာသည် နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးခရီးလမ်းတွင် အဓိကကျသည့် ခလုတ်ကန်သင်းဖြစ်နေကြောင်း ထည့်သွင်းပြောဆိုထားသည်။

    Photo- မွန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks