spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးမူဝါဒဆွေးနွေးပွဲ မော်လမြိုင်တွင် ကျင်းပ

    မူးယစ်ဆေးဝါးမူဝါဒဆွေးနွေးပွဲ မော်လမြိုင်တွင် ကျင်းပ

    -

    ဘရန်စိုင်း(မော်လမြိုင် ၆)

    မွန်ပြည်နယ်ရှိ လူငယ်ထုများအကြား မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာသည့်အပေါ် လျော့ကျပပျောက်နိုင်ရေး ရည်ရွယ်သည့် မူးယစ်ဆေးဝါးမူဝါဒဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာလ (၄-၅) ရက်နေ့က မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ကျင်းပခဲ့သည်။

     အဆိုပါ ဆွေးနွေးပွဲကို TNI- Transnational Institute အဖွဲ့မှ ဦးစီးပြီး မွန်ပြည်နယ်အခြေစိုက် မွန်အမျိုးသမီးအဖွဲ့ (Mon Woman Oganization)၊ တိုးတက်သောမွန်လူငယ်အစည်းအရုံး (Mon Youth Progressive Organization) တို့နှင့်ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

    တိုးတက်သောမွန်လူငယ်အစည်းအရုံးမှ မိကောင်းစံပယ်က “မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပက်သတ်ပြီး မူဝါဒ Drug Policy တစ်ခု ကောင်းကောင်းထွက်လာဖို့၊ သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပြီးနောက် သူတို့ အတွက်လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတဲ့နည်းလမ်းကို ရှာဖို့အတွက် ဒီပွဲကို ကျင်းပတာဖြစ်တယ်”  ဟု ပြောသည်။

    မူးယစ်ဆေးဝါးစွဲသည့် လူငယ်တွေကို ဥပဒေဖြင့် ဖမ်းဆီးပြစ်ဒဏ်ချမှတ်မည့်အစား အခြားသော ကူညီပေးဖြေရှင်းသည့် နည်းလမ်းဖြင့် ဆောင်ရွက်ပေးရန် ဆွေးနွေးအဖြေရှာခဲ့ကြသည်ဟုလည်း မိကောင်းစံပယ်က ဆက်ပြောသည်။

    ဆွေးနွေးပွဲကို တက်ရောက်လာသည့် မွန်လူငယ် မင်းစသောင်းဉာဏ်က “အဓိကဆွေးနွေးဖြစ်ခဲ့ကြတာကတော့  မူးယစ်ဆေးဝါးလျှော့ချစေဖို့ ဖြေရှင်းဆောင်ရွက်သင့်တာတွေ၊ အများအားဖြင့်ဖမ်းဆီးဆာင်ရွက်နေတာရှိပါတယ်။ သို့ပေမယ့် သုံးစွဲသူတွေ လူကောင်းပြန်ဖြစ်လာဖို့ လူရာပြန်ဝင်နိုင်အတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ ဆောင်ရွက်ပေးရင် ပိုပြီးလျှောကျလာနိုင်မယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

    အဆိုပါ (၂) ရက်တာကျင်းပသည့် မူးယစ်ဆေးဝါးမူဝါဒဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ မြို့နယ်အသီးသီးက လူငယ်ကိုယ်စားလှယ် (၄၀) ဦးခန့် တက်ရောက်ခဲ့သည်။

    အလားတူ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မွန်ပြည်နယ်) ဥက္ကဌ ဦးဇော်မိုးအောင်က ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်သည့် “Youth Agains  Drugs Forum” တွင် မွန်ပြည်နယ်အတွင်းရှိ အသက် ၁၂ အထက်မှ စ၍ ၂၀ ကျော်ဝန်းကျင်ကလေးနှင့် လူငယ် ၄၀ ရာခိုင်နှုန်းကျော်မှာ မူးယစ်ဆေးဝါး အသုံးပြုနေကြောင်း ပြောဆိုခဲ့သော်လည်း သက်ဆိုင်ရာမှတရားဝင်ထုတ်ပြန်ခဲ့ခြင်း မတွေ့ရပေ။

    Photo- မူးယစ်ဆေးဝါးမူဝါဒဆွေးနွေးပွဲ(MWO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks