spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် လူငယ် ၄၀ ရာခိုင်နှုန်းကျော်ခန့် မူးယစ်ဆေး အသုံးပြုနေဟု မော်လမြိုင်ယူနီဖိုင်းအဖွဲ့ဆို

    မွန်ပြည်နယ်တွင် လူငယ် ၄၀ ရာခိုင်နှုန်းကျော်ခန့် မူးယစ်ဆေး အသုံးပြုနေဟု မော်လမြိုင်ယူနီဖိုင်းအဖွဲ့ဆို

    -

    ကြယ်နီ (မွန်မြေ/)( ဒီဇင်ဘာ ၅)

    မွန်ပြည်နယ်အတွင်းရှိ အသက် ၁၂ အထက်မှ စ၍ ၂၀ ကျော်ဝန်းကျင်ကလေးနှင့် လူငယ် ၄၀ ရာခိုင်နှုန်းကျော်မှာ မူးယစ်ဆေးဝါ အသုံးပြုနေကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မွန်ပြည်နယ်) ဥက္ကဌ ဦးဇော်မိုးအောင်က ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်သည့် “Youth Against Drugs Forum” တွင် ပြောဆိုခဲ့သည်။

    “ဆေးစွဲသူတွေရဲ့ အခြေအနေက တော်တော်ဆိုးဝါးနေတယ်လို့ ကျနော်မြင်ပါတယ်၊ ဘာလို့လည်းဆိုတော့ ကလေးတွေကအစာ အသက် ၁၀ အစွန်း ၁၂ ကနေပြီးတော့ အပေါ်ပိုင်းအထိ လူငယ်တော်တော်များများက မူးယစ်ဆေးစွဲနေတာကို တွေ့ရပါတယ်၊ မွန်ပြည်နယ်မှာတော့ ၄၀ ရာခိုင်နှုန်းကျော်လောက် ရှိပါတယ်” ဟု ဦးဇော်မိုးအောင်က ပြောသည်။

    သို့ရာတွင် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသည့်ပမာဏကို သက်ဆိုင်ရာမှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မတွေ့ရပေ။။

    အဓိက အသက် ၁၀ နှစ်ကျော် ကလေးငယ်များ အသုံးပြုနေခြင်းမှာ ပညာရေး တစ်ပိုင်းတစ်စဖြစ် ကျောင်းထွက်လိုက်သည့် ကလေးငယ်များ၊ တစ်နေ့လုပ်တစ်နေ့စား လူငယ်များနှင့် မိသားစု အခက်အခဲဖြစ်နေသည့် ကလေးငယ်အချို့မှာ နေ့လည်ပိုင်း ဝမ်းစားအတွက် ကော်ရှု့၍ ထမင်းတစ်နပ်ကို လျော့၍ မိသားစုကို ထောက်ပံ့နေသည့် ကလေးငယ်များလည်းရှိကြောင်း၎င်းက ဆက်ပြောသည်။

     “အချို့ကျောင်းသားတွေဆိုလည်း စာကျက်နိုင်အောင် ဆေးတစ်မျိုးကို သုံးတယ်၊ အဲဒီဆေးမသုံးရင် သူတို့က စာမလုပ်နိုင်တော့ဘူး၊ ဒါကို မိဘတွေကလည်း သတိမထားမိဘူး၊ ကျွန်တော်တို့ အတွေ့အကြုံအရ ၁၀ တန်းကလေးဆိုရင် တစ်နှစ် ကျောင်းအောက်လိုက်ရတယ်၊ ပြီးခဲ့တဲ့နှစ်ကမှ ပြန်ဖြေလို့ ၁၀ တန်းအောင်သွားတဲ့ အဖြစ်တွေ ရှိခဲ့တယ်” ဟု ဦးဇော်မိုးအောင်က ပြောသည်။

    မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းမှ အမှန်တကယ်ဆေးစွဲနေသူများ ဆေးဖြတ်လိုပါက မိမိတို့ အသင်းနှင့် ဆက်သွယ်၍ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မူးယစ်ဆေး ပြန်လည် ထူထောင်ရေးစခန်းသို့ အပ်နှံပေးခြင်း၊ ကုသပေးခြင်းနှင့် ကျောင်းများ၊ ရပ်ကျေးများတွင် ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ လက်ရှိတွင်လည်း လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ ပညာပေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးနေကြောင်း ထိုအသင်းမှ သိရသည်။

    လူငယ်များ မူးယစ်ဆေးစွဲရသည့် အဓိက အကြောင်းအရင်းနှင့်ပတ်သက်၍ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးဖြစ်သည့် မစီစီမိုးက “လူငယ်ဆိုတော့ အသစ်အဆန်းတွေဆိုရင်စမ်းချင်ကြတယ် အစားအသာက် အသစ်ဆိုလည်း စမ်းချင်တယ်၊ စမ်းရင်း စမ်းရင်းနဲ့ စွဲသွားတဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ပဲ မြင်တယ်” ဟု ဆိုသည်။

    မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ ယခုနောက်ပိုင်းတွင် အမျိုးသားလူငယ်များအပြင် အမျိုးသမီးများလည်း သုံးစွဲလာကြောင်း၊ ဆေးသုံးစွဲမှုများမှာ ကျေးလက်ဒေသမှ လူငယ်မျာ အသုံးပြုမှုများကြောင်း၊ မြို့ပေါ်တွင် ပညာပေးမှုများ အစဉ်မပြတ် ပြုလုပ်နေသော်လည်း ကျေးလက်ဒေသများတွင် ထိုကဲ့သို့ ပညာပေးမှုများ ပြုလုပ်မှု အားနည်းသည့်အတွက်ကြောင့် သုံးစွဲမှု ပိုများကြောင်း ဦးဇော်မိုးအောင်က ပြောသည်။

    မော်လမြိုင် ယူနီဖိုင်းအဖွဲ့မှ ပြုလုပ်သည့် ဒေသခံလူမှုအသိုက်အဝန်းအပေါ် သက်ရောက်မှုတွေရှိနေသည့် မူးယစ်ဆေးပြဿနာနှင့် ပတ်သက်၍ ဒေသခံလူငယ်များနှင့် အတူ မူးယစ်ဆေးအကြောင်း အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ဆရာဝန်များခန်းမတွင် ပြုလုပ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားနှင့် လူငယ်များ စုစုပေါင်း ၆၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

    Photo: Youth Against Drugs Forum တွင် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်၍
    ရှင်းလင်းပြောကြားစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks