spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်း၃ လနေထိုင်သောရွှေ့ပြောင်းလုပ်သားများအား မဲပေးခွင့်ပြုပါက တိုင်းရင်းသားပါတီများ နစ်နာမှုရှိဟုဆို

    ၃ လနေထိုင်သောရွှေ့ပြောင်းလုပ်သားများအား မဲပေးခွင့်ပြုပါက တိုင်းရင်းသားပါတီများ နစ်နာမှုရှိဟုဆို

    -

    အဂ္ဂနန်(နိုဝင်ဘာ၊ ၅)

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၃ လအတွင်းပြောင်းရွှေ့နေထိုင်သော ရွှေ့ပြောင်းလုပ်သားများအား မဲပေးခွင့်ပြုပါက ဒေသခံတိုင်းရင်းသားပါတီများအတွက် နစ်နာမှုရှိကြောင်း မွန်ညီညွှန်ရေးပါတီ(MUP)က ဝေဖန်ပြောဆို လိုက်သည်။

    “ကျွန်တော်တို့ တိုင်းရင်းသားဒေသအတွက် တကယ်လို့ ၃ လလို့ သတ်မှတ်လိုက်ရင် ပိုဆိုးသွားမယ်။ အဲဒီအချိန်ကျမှ ရွှေ့ပြောင်းလုပ်သားတွေက ပြုံဆင်းလာရင် တိုင်းရင်းသားပါတီတွေ နစ်နာတယ်။ ကျနော်တို့ဒေသမှာ အနစ်နာဆုံးက ကျွန်တော်တို့မွန်နဲ့ ကရင်တွေပေါ့”ဟု မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

    ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြဌာန်းခဲ့သည့်နည်းဥပဒေပုဒ်မ ၃(က)အရ ရက်ပေါင်း ၁၈၀ နေထိုင်ခဲ့သည့် ရွှေ့ပြောင်းလုပ်သားများအား မဲပေးခွင့်ပြုခဲ့ပြီး ယခုအခါ ရက်ပေါင်း ၉၀ ပြောင်းလဲရန် လွှတ်တော်သို့ ကော်မရှင်က တင်သွင်းထားကြောင်း သိရသည်။

     “၃ လလို့ သတ်မှတ်တယ်။ အဲ့ဒီ ၃ လ နေ၊ မနေ ဘယ်သူက စစ်ဆေးမှာလဲ၊ အရင်တုန်းက ဧည့်စာရင်းတိုင်ကြတာရှိတယ်။ ရွှေ့ပြောင်းအလုပ်သားတွေ ရောက်လာရင် ဘယ်ရွာရဲ့ ဧရိယာမှာ နေမယ်၊ အဲ့ရွာရဲ့ အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ရတယ်။ အခုတော့ ဧည့်စာရင်းတိုင်တာမရှိတော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

    ယင်းကဲ့သို့ပြောင်းလဲသတ်မှတ်ပါက တိုင်းရင်းသားပါတီသာမက အခြားပါတီငယ်များအပေါ် ရိုက်ခတ်မှုရှိနိုင်ကြောင်း မွန်ပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။

    “သူတို့ကရွှေ့ပြောင်းလုပ်သားဖြစ်တဲ့အတွက် ဒီနယ်မြေကိုယ်စားပြု ကိုယ်စားလှယ်နဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုက မရှိဘူး။ ဒီနယ်မြေမှာမဲပေးမယ်ဆိုရင် တခြားပါတီငယ်နဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ နစ်နာစရာရှိနိုင်တယ်။” ဟု ဦးဝင်းမော်ဦးက ဆိုသည်။

    ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် အချို့နိုင်ငံရေးပါတီက ရွှေ့ပြောင်းလုပ်သားများအား အနီးဆုံးမဲဆန္ဒနယ်မြေ၌ ကိစ္စရပ်ကြောင့် နစ်နာသည်ဆိုပြီး တိုင်းရင်းသားပါတီဘက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။ 

    နိုင်ငံခြားရောက်ရွှေ့ပြောင်းလုပ်သားများကဲ့သို့အလားတူ မွန်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့၏မူရင်းဒေသကိုယ်စားလှယ်များကိုသာ မဲပေးခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မွန်ညီညွတ်ရေးပါတီ MUP က ဇူလိုင် ၈ ရက်နေ့တွေ့ဆုံပွဲတွင် အဆိုပြုခဲ့သည်။

    မွန်ပြည်နယ်တွင် အခြေခံမဲစာရင်းပြုစုရေး စီမံချက်အရ ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ မဲစာရင်း ၁၇ သိန်း ၂ သောင်းကျော် ကောက်ခံရရှိထားပြီး တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ မပါဝင်သေးကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံမှ သိရသည်။

    ၂၀၁၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်း ၆ ထောင်ကျော်ရှိခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိလာသည့်အတွက် ၅ နှစ်ကာလအတွင်း မဲပေးပိုင်ခွင့်ရှိသူ ၅ သိန်းကျော် ၅၀% ရာခိုင်နှုန်းတိုးလာကြောင်း၊ အများစုမှာ မွန်ပြည်နယ်အတွင်းသို့ ရွေ့ပြောင်းဝင်ရောက်လာသူ အခြားတိုင်းရင်းသားများသာဖြစ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks