spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျူးကျော်များကို မွန်ပြည်နယ်စည်ပင်မှ အရေးယူမှုအားနည်းဟု စစ်တမ်းတစ်ရပ်ကဆို

    ကျူးကျော်များကို မွန်ပြည်နယ်စည်ပင်မှ အရေးယူမှုအားနည်းဟု စစ်တမ်းတစ်ရပ်ကဆို

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ အောက်တိုဘာ ၂၄)

    မွန်ပြည်နယ်တွင် လမ်းနှင့်ပန်းခြံနယ်နိမိတ်များကို ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အအုံများကို စည်ပင်သာယာရေးအဖွဲ့မှ အရေးယူမှုအားနည်းနေကြောင်း ပြည်သူလူထုအပေါ်အခြေခံကောက်ယူထားသော စစ်တမ်းတစ်ရပ်ကပြောသည်။

    ငြိမ်းဖောင်ဒေးရှင်းနှင့် Sandhi Governance Institute တို့၏ နည်းပညာပံ့ပိုးမှုဖြင့် မွန်ပြည်နယ်လွှတ်တော်က ဦးဆောင်ပြီး လူဦးရေ ၃၀၀ ကို ကောက်ယူခဲ့သော အဆိုပါစစ်တမ်းတွင် စည်ပင်သာယာရေးအဖွဲ့၏ ကျူးကျော်များကို အရေးယူဖယ်ရှားမှု မတွေ့ရှိရကြောင်း ၆၈ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။

    “ဥပမာ အမှိုက်ပစ်သွားတယ် ဘယ်သူပစ်သွားမှန်းမသိဘူး ဒဏ်ရိုက်ရတာခက်တယ် ဒါလက်ခံတယ် ဒါပေမယ့် အဆောက်အဦးဆောက်လုပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ စည်းမဲ့ကမ်းမဲ့ အဆောက်အဦးဆောက်တာ စည်ပင်သာယာနယ်နိမိတ်ထဲမှာ သတ်မှတ်ထားတဲ့ခွင့်ပြုမိန့်ကို မယူဘဲနဲ့ အဆောက်အဦးဆောက်လုပ်တဲ့ဟာတွေလည်း ဥပဒေမလိုက်နာခြင်းတစ်မျိုးပဲ ဒီဟာတွေကို အရေးယူမှုမရှိတဲ့အခါကျတော့ ထပ်ခါထပ်ခါ ကျူးလွန်ချင်ကြတဲ့ အနေအထားတွေရှိတယ် အဲတော့ ဒါကကျတော့ ပြစ်မှုပြစ်ဒဏ်နဲ့ဆိုင်တယ် ဥပဒေအရ တရားစွဲလို့ရတယ် အရေးယူလို့ရတယ် သို့သော်တရားစွဲအရေးယူတာကို စည်ပင်သာယာရေးဌာနက လုပ်ဆောင်မှုနည်းတယ်ဆိုတာ စစ်တမ်းထဲမှာပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

    စည်ပင်သာယာဧရိယာတွင်ရှိသည့် ကျူးကျော်များကို စည်ပင်မှ နှင်ထုတ်ရမည်ဖြစ်ပြီး အချို့နေရာများတွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ယာဉ်ထိန်းရဲ စသည်တို့နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး ဌာနအချင်းချင်း ချိတ်ဆက်မှုအားနည်းနေသည်ကို တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

    မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြည်နယ်လွှတ်တော်မှပြဌာန်းခဲ့သော်လည်း အပြည့်အဝအကောင်အထည်မဖော်နိုင်သေးသည်ကို တွေ့ရကြောင်း ငြိမ်းဖောင်ဒေးရှင်း၏ အစိုးရနှင့်လွှတ်တော်ပူးပေါင်းပါဝင်မှုနှင့် ပြည်သူ့ရေးရာမူဝါဒဖော်ထုတ်သည့်လုပ်ငန်းစဥ် စီမံကိန်းမှ ဦးတက်ထွန်းနိုင်က ပြောသည်။

    “အရင်စည်ပင်ဥပဒေနဲ့ပဲ သူတို့က (ပြည်သူလူထု) ကျင့်သားရနေတဲ့အခါမှာ လုပ်ကိုင်တဲ့အခါမှာ အားနည်းနေတာတွေရှိတယ် ကျွန်တော်တို့တတ်နိုင်တဲ့အပိုင်းကနေ ဝိုင်းလုပ်ပေးမယ် ဝိုင်းပြီးအကြံပေးမယ်ဆိုရင် ပြည်သူလူထုကလည်း ဒီဥပဒေရှိတာကို ပိုသိလာမယ် ဥပဒေနဲ့ပြည်သူကြား ကင်းကွာနေတာ ပိုနီးစပ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်” ဟုပြောသည်။

    စစ်တမ်းတွင် မေးခွန်းပေါင်း ၃၇ ခုပါဝင်ပြီး လွန်ခဲ့သည့် ငါးနှစ်နှင့် နှိုင်းယှဉ်လျှင် မြို့/ရပ်ကွက်စည်ပင်သာယာရေးအခြေအနေမှာ ပိုကောင်းလာသည်ဟု ၈၆% ကဖြေဆိုထားပြီး ရေစီးရေလာအခြေအနေမှာ ယခင်ကထက် ပိုဆိုးလာကြောင်း ၃၅ ရာခိုင်နှုန်းက ဖြေဆိုထားသည်။

    မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “အထူးသဖြင့် အားသာချက်တွေကို ဆွေးနွေးတဲ့အခါ စည်ပင်သာယာဝန်ထမ်းတွေက ဝမ်းသာပီတိဖြစ်မိပါတယ် အားနည်းချက်တွေကို ကြားရတဲ့အချိန်မှာ ငါတို့ဘာတွေထပ်လုပ်ရမလဲဆိုတဲ့ အတွေးခံစားမှုလေးတွေရပြီး ဒီအားနည်းချက်တွေအပေါ်မှာ စီမံချက်နဲ့ စီမံကိန်းနဲ့ ဘက်ဂျက်ရာထားမှုတွေ စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

    စစ်တမ်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့် စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက်များဥပဒေတို့အား လက်ရှိအကောင်အထည်ဖော်နေမှု အကြံပြုဆွေးနွေးပွဲကို အောက်တိုဘာ ၂၄-၂၅ ရက်တွင်ကျင်းပခဲ့သည်။

    သို့ရာတွင် မွန်ပြည်နယ်တွင် စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်ကပြဌာန်းခဲ့သော်လည်း ဥပဒေအရ လူထုမှရွေးကောက်တင်မြှောက်မည့် စည်ပင်သာယာရေးကော်မတီကိုမူ ယနေ့ထိဖွဲ့စည်းနိုင်ခြင်းမရှိပေ။

    Photo-ငြိမ်းဖောင်ဒေးရှင်းနှင့် Sandhi Governance Institute တို့၏ ဆွေးနွေးအကြံပြုပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks